ရှမ်းပြည်နယ်သတင်းများ


ကွန်ဟိန်း ဇူလိုင် - ၁

146



အစရ(ရှမ်း)

(Unicode)++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများဖွင့်လှစ်

ကွန်ဟိန်း ဇူလိုင် - ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည် တစ်ခွင် အထိမ်းအမှတ် (Township Sport Development Program) အရ ကျင်းပသည့် ဘော်လုံး/ ပိုက်ကျော်ခြင်း/ ဘိလိယက်/ စနူကာ/ မီနီမာရသွန် အားကစား ပြိုင်ပွဲ များဖွင့်ပွဲကို ဇွန် ၃၀ ရက်နေ့က ကွန်ဟိန်းမြို့အားကစားကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့် တာဝန်ရှိသူတို့မှ ဖွင့်လှစ်ပေး ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကိုကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးမှ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ပြီး၊ အဆိုပါပြိုင်ပွဲသို့ ရပ်ကွက်/ ကျေးရွာများမှ အားကစားသမားများနှင့် ကျောင်းသား/ ကျောင်းသူ (၄၈၇)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

 

အစရ(ရှမ်း)


ညောင်ရွှေ ဇွန်   −   ၂၈

145




09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++

ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာတွင် ရွေ့လျားဝန်ဆောင်မှု ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

ညောင်ရွှေ ဇွန်   −   ၂၈

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင် ညောင်ရွှေမြို့နယ် မိုင်းပျိုးကျေးရွာဘုန်းတော်ကြီးကျောင်း၌ ဇွန်(၂၈)ရက် မွန်းလွဲ(၁)နာရီက ဒေသခံပြည်သူများအတွက် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေခြင်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများလိုက်ပါလျက် ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ရွေ့လျားဝန်ဆောင်မှုတွင်ပြုလုပ် ပြီးသောနိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ လယ်ယာမြေပုံစံခွန်များ၊ အိမ်ထောင်စုဇယားများတို့ကို ကျေးရွာရှိဒေသခံပြည်သူ များအားပေးအပ်ပြီး၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံရာ မိုင်းပျိုးကျေးရွာဒေသခံများမှ ရွာအဝင်လမ်းတံတားပြုပြင်ပေးရန်၊ စာသင်ကျောင်းများ၊ ဆရာဆရာမများ၊ လမ်းပန်းဆက်သွယ်ရေးကိစ္စရပ်များ၊ လျှပ်စစ်မီးလင်းရေးကိစ္စရပ်များ၊ ဘေးမဲ့တောကိစ္စ ရပ်များကိုတင်ပြကြပြီး၊ ဒေသခံပြည်သူများ၏တင်ပြချက်များကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက အသီးသီးပြန်လည်ဖြေကြားကြကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ် မှနိဂုံးချုပ် အမှာစကားပြောကြားရာ ယခုလိုဒေသခံပြည်သူများနှင့်တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်းနှင့် ဒေသ၏လိုအပ်ချက်များ ကိုပွင့်ပွင့်လင်းလင်းသိရှိရသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ဒေသခံပြည်သူများကလည်း စုပေါင်း၍ ညီညီညွတ်ညွတ် ကြိုးစားပေးကြရန်နှင့် ဒေသ၏လိုအပ်ချက်များကို လာမည့်ဘဏ္ဍာနှစ်တွင်ကဏ္ဍအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းပြောကြားသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 


နောင်ချို ဇွန် - ၂၄

140




အစရ(ရှမ်း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နောင်ချို ဇွန် - ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဖူဆယ်ဘောလုံး/ ပိုက်ကျော်ခြင်း/ စားပွဲတင်တင်းနစ်/ ကြက်တောင်/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက နောင်ချိုမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် နောင်ချိုမြို့တွင် ဇွန် ၂၂ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 


တာချီလိတ် ဇွန် - ၂၈

143



အစရ(ရှမ်း)

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲကျင်းပ

တာချီလိတ် ဇွန် - ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲကို ဇွန်လ ၂၈ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ သေနတ်ပစ်ဖောက် တာလွှတ်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါပြိုင်ပွဲကို အမှတ်(၂)တံတားလမ်းထိပ်မှ စတင်တာလွှတ်ခဲ့ပြီး မြို့မအားကစားကွင်း တွင် ပန်းဝင်ခဲ့ကြောင်းသိရသည်။ ၎င်းပြိုင်ပွဲသို့ကျောင်းသား/ ကျောင်းသူ (၅၅၀)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ပြီး၊ ပြိုင်ပွဲတွင်ဆုရရှိသူများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့သည်။

 

အစရ(ရှမ်း)

 


နောင်ချို ဇွန် - ၂၄

140




အစရ(ရှမ်း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် အားကစားပြိုင်ပွဲများကျင်းပ

နောင်ချို ဇွန် - ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဖူဆယ်ဘောလုံး/ ပိုက်ကျော်ခြင်း/ စားပွဲတင်တင်းနစ်/ ကြက်တောင်/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၁ ရက် မွန်းလွဲ ၂ နာရီက နောင်ချိုမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်းသိရသည်။

ထို့နောက် နောင်ချိုမြို့တွင် ဇွန် ၂၂ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 


တောင်ကြီး ဇွန်   -   ၂၈

144






09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေးဝေရေးကျင်းပ

တောင်ကြီး ဇွန်   -   ၂၈

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ သောက်သုံးရေပေး ဝေရေးကို ရင်းမှီးရပ်ကွက် မြသိန်းတန်စာသင်တိုက်၌ကျင်းပပြုလုပ်ကြောင်းသိရသည်။ 

ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာသို့ ရေပေးဝေရေးအထိမ်းအမှတ် ကဗ္ဗည်းဆိုင်းဘုတ်အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ နယ်စပ်ရေးရာဝန်ကြီးဌာနဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီ(TPA)၊ ကမ္ဘာ့လူသားအဖွဲ့အစည်းမှမစ္စစ်ရှီဘတတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်စက်ခလုတ်နှိပ်ပေးပြီး ရေပေးဝေရေးကိုလည်းဖွင့်လှစ်ပေးကာ ပြခန်းများအား လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။ 

အစီအစဉ်အရ အခမ်းအနားဒုတိယပိုင်းတွင် ပအိုဝ်းအမျိုးသားခေါင်းဆောင် အဂ္ဂမဟာသီရိသုဓမ္မမဏိဇောတဓရဝဏ္ဏ ကျော်ထင် ဦးအောင်ခမ်းထီမှ အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်က  ၂၀၁၇ခုနှစ်၊ အောက်တိုဘာလမှစ၍ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ၂၀၁၈ခုနှစ်၊ စက်တင်ဘာလ (၉)ရက်နေ့တွင် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးခဲ့ကြောင်းသိရပါသည်။ အဆိုပါလုပ်ငန်းစဉ်တွင် (TPA)ကမ္ဘာ့ လူသားအဖွဲ့အစည်းမှ လှူဒါန်းငွေကျပ်သိန်းပေါင်း(၇၂၀၀)ဖြင့် လှူဒါန်းဆောင်ရွက်၍ ပြည်သူလူထုလုပ်အားပါဝင်ပြီး အကွာ အဝေး(၁၄.၈၄၁)မိုင်အား ပန့်စနစ်ဖြင့် ကန်(၁)သို့အမြင့်ပေ(၈၀၀)၊ ကန်(၂)သို့အမြင့်ပေ(၇၀၀)ခန့် ရေတင်ပြီး ပင်လောင်း မြို့နယ်၊ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာဖြစ်သည့် စင်းတောင်းကျေးရွာ၊ တင်းထက်ကျေးရွာ၊ ထိတလိကျေးရွာ၊ ဝါးပြုံးကျေးရွာ၊ တောင်လေးကျေးရွာများသို့ သောက်သုံးရေပေးဝေနိုင်မည်ဖြစ်ကြောင်း၊ ၎င်းစီမံကိန်းလုပ်ငန်းဆောင်ရွက် ပြီးစီးမှုနှင့်ပတ်သက်၍  ရင်းမှီးရပ်ကွက်နှင့်ကျေးရွာ (၅)ရွာရှိအိမ်ခြေစုစုပေါင်း(၂၃၇၂)အိမ်၊ လူဦးရေစုစုပေါင်း(၁၃၃၈၉)ဦးတို့အား အကျိုးပြုနိုင်တော့မည်ဖြစ်ကြောင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရင်းမှီးရပ်ကွက်နှင့် ကျေးရွာ(၅)ရွာ သောက်သုံးရေ ရရှိရေးအတွက် လှူဒါန်းဆောင်ရွက်ပေးပါသော ဂျပန်နိုင်ငံအစိုးရမဟုတ်သော ကမ္ဘာ့လူသားအဖွဲ့အစည်း (Terra People Association) (TPA)အဖွဲ့အစည်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဒေသခံပြည်သူလူထုကိုယ်စား ကျေးဇူးအထူးတင်ရှိ ပါကြောင်း ပြောကြားသွားသည်။

ယင်းနောက်နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးခွန်စံလွင်၊ ဂျပန်သံရုံးမှမစ္စတာမာဆုမိုတိုရှိဟိဒီတို့က အမှာစကားပြောကြားကြပြီး (TAP)အဖွဲ့အစည်းမှမစ္စစ်ရှီဘတမှ လှူဒါန်းမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံများကိုယ်စားရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကားပြောကြား၍ မစ္စစ်ရှီဘတမှလှူဒါန်းသည့် စာရွက်စာတမ်းဖိုင်များကိုပေးအပ်ရာ ဒေသခံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူပြီး ဖွင့်ပွဲအထိမ်း အမှတ်တံဆိပ်များကို ပအိုဝ်းအမျိုးသားခေါင်းဆောင်ဦးအောင်ခမ်းထီ၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်ထောင်စု ဒုတိယဝန်ကြီးဗိုလ်ချုပ်သန်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများထံ နေရာအရောက်ပေးအပ်ကြကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

 

09−250132943

 


ဖယ်ခုံ ဇွန် -၂၂

139






09250132943

(Unicode)+++

ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး နည်းပညာပေးသင်တန်းဖွင့်

ဖယ်ခုံ ဇွန် -၂၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ဖယ်ခုံမြို့ မြို့နယ်ခန်းမတွင် ဇွန်(၂၁)ရက်မွန်းလွဲ(၁) နာရီက ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးနည်းပညာပေးသင်တန်းနှင့် ဖောငမြှေင်တောင်ကာကွယ် နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပွဲကျင်းပကြောင်းသိရသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဖောငမြှေင်တောင်(Fall Armyworm)သည် တောင်အမေရိကမှတဆင့် ၂၀၁၆ ခုနှစ်တွင် အာဖရိကနိုင်ငံများသို့လည်းကောင်း ပျံ့နှံခဲ့ပြီး ၂၀၁၈ခုနှစ် မေလတွင် အိန္ဒိယနိုင်ငံအတွင်းသို့လည်းကောင်းပျံ့နှံကာ ၂၀၁၈ခုနှစ်ဒီဇင်ဘာလမှစ၍ မြန်မာနိုင်ငံအတွင်းရှိ ပြည်နယ်(၅)ခုနှင့် တိုင်းဒေသကြီး(၆)ခုတွင် ကျရောက်လျက်ရှိကြောင်း၊ ဖောငမြှောင်တောင်သည် စပါး အစေ့ထုတ်ပြောင်းအပါအဝင် သီးနှံပေါင်း(၈၀)ကျော်ကို စားသောက်ဖျက်ဆီးတတ်သည့်ကိုသိရပါကြောင်း၊ အစေ့ထုတ်ပြောင်းသီးနှံသည် ရှမ်းပြည်နယ်တွင်ဒုတိယအများဆုံးစိုက်ပျိုးသောသီးနှံဖြစ်သည့်အပြင် ပြည်နယ်၏အဓိကသီးနှံတစ်မျိုးဖြစ်ကြောင်း၊ ယခုနှစ်အတွက်အစေ့ထုတ်ပြောင်းစိုက်ဧက ခြောက်သိန်း ရှစ်သောင်း ခွဲလျာထားချက်အပေါ်ရှစ်သောင်းကျော်စိုက်ပျိုးပြီးဟု သိရပါကြောင်း၊ စိုက်ပျိုးပြီးစီးမှုအပေါ် တွင်၂၀၁၉ခုနှစ် ဇွန်လ(၁၇)ရက်နေ့အထိ ဖောငမြှေင်တောင်ပိုးကျရောက်မှုဧက တစ်သောင်းသုံးထောင် ကျော်ရှိသည့်ကိုသိရပါကြောင်း၊ ဖယ်ခုံမြို့နယ်အနေဖြင့် အစေ့ထုတ်ပြောင်းလျာထားဧက ကိုးသောင်း ခြောက်ထောင်ကျော်အပေါ် ငါးထောင်နီးပါးစိုက်ပျိုးပြီးစီးပြီးဧကတစ်ရာကျော်ပိုးကျရောက်မှုရှိသည်ကို သိရပါကြောင်း၊ ဖောငမြှောင်တောင်၏ သဘာဝအရအရွယ်ရောက်ဖလံမသည်နှစ်ပတ် မှသုံးပတ်အတွင်း ဥပေါင်း(၁၅၀ဝမှ၂၀၀၀)အထိဥနိုင်ပြီး တစ်ညလျှင်(၁၀၀)ကီလိုမီတာထိ အလွန်ဝေးသောခရီးကိုလေစီး ကြောင်းနှင့်အတူပျံသန်းပါလာနိုင်ခြင်းတို့ကြောင့် ကျရောက်ချိန်ခဏတာအတွင်း ဖျက်ဆီးနိုင်မှုများပြားခြင်း ကိုသတိပြုနိုင်ရန်လိုအပ်ပါကြောင်း၊ အချိန်မီကာကွယ်နှိမ်နင်းနိုင်ရန်အတွက်လည်း ဖျက်ပိုးလဏ္ခဏာများ အရွယ်အဆင့်အလိုက်နေထိုင်စားသောက်သောသဘောသဘာဝများကို ကောင်းစွာသိရှိရန်လိုအပ်ပါ ကြောင်း၊ တောင်သူများအနေဖြင့်သင်တန်းတွင်ပို့ချသည့် ကာကွယ်နှိမ်နင်းနည်းများကို သေချာလေ့လာ မှတ်သားရန်လိုအပ်သလို စိုက်ပျိုးရေးဦးစီးဌာနမှထုတ်ဝေထားသည့်လက်ကမ်းစာစောင်များ ပိုစတာဗွီနိုင်း များနှင့် ဖောငမြှေင်တောင်ကာကွယ်နှိမ်နင်းနည်းလက်စွဲစာအုပ်များကိုလည်း လေ့လာရန်နှင့် မိမိစိုက်ခင်း ကိုလည်းစိုက်ပျိုးပြီး အပင်ပေါက်ချိန်မှစ၍ အမြဲကွင်းဆင်းစစ်ဆေးရန်လိုအပ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သောဖောငမြှောင်တောင်ကာကွယ်နှိမ်နင်း ရေးဆောင်ရွက်မှုအခြေအနေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး တောင်သူများအား ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းများကို ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ ဥက္ကဌ ဦးခွန်စံလွင်နှင့်တာဝန်ရှိသူများက ပေးအပ်ပေးကြပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ဖယ်ခုံမြို့နယ်၊ သိကျိတ် အုပ်စု၊ ဆင်ခွန်လာလျှဆင်းကွင်းကံပွင့်ကျေးရွာများတွင် ကြွက်ဖျက်ဆီးထိခိုက်မှုအတွက် ထောက်ပံ့ပေးအပ် သော ဆန်အိတ်ပေါင်း(၂၀၀)အိတ်၊ စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း(၆၀)ကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ထောက်ပံ့ပေးအပ်ရာ ကျေးရွာတောင်သူများမှ လက်ခံရယူကြသည်။ 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့သည် ဖယ်ခုံစက်လှေဆိပ်တည်ဆောက်မည့်နေရာအား သွားရောက်ကြည့်ရှုကာ လိုအပ်သည်များမှာကြားပြီး တောင်သူ ဦးလှဒူး၏ အစေ့ထုတ်ပြောင်းစိုက်ခင်းအတွင်း ဖောငမြှေင်တောင်စုပေါင်းကာကွယ်နှိမ်နင်းနေမှု အားကြည့်ရှုအားပေးကာ ကုန်းဆုံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ပြည်သူ့ဝန်ဆောင်မှု one stop shop ရုံးများ၏ ဒေသတွင်းရွေ့လျားဝန်ဆောင်မှုစနစ်ဖြင့် ဆောင်ရွက်နေမှုအား ကြည့်ရှုပြီး ဝန်ဆောင်မှုအတွင်း၌ ပြုလုပ်ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကဒ်ပြားများ၊ အိမ်ထောင်စုဇယားများ၊ မြေစာရင်းပုံစံ(၇) များကို ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီး ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပေးအပ်ကြပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံရာ ဒေသခံပြည်သူများက ပညာရေး၊ ကျန်းမာရေး၊ လမ်းတံတားကိစ္စရပ်များ၊ ဒေသလိုအပ်ချက်များ ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ဖြေကြား၍ နှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 


တောင်ကြီး ဇွန်   −   ၂၆

142







 


၀၉-၂၅၀၁၃၂၉၄၃

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကျင်းပ

တောင်ကြီး ဇွန်   −   ၂၆

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကို ဇွန်(၂၆)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ဘိန်းစိုက်ပျိုးထုတ်လုပ်မှုပြဿနာသည် ကြီးမားသော

မူးယစ်ဆေးဝါးဆိုင်ရာ ပြဿနာတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပြီး လွန်ခဲ့သော(၅)နှစ်ကျော်ကာလမှစတင်ကာ စိတ်ကြွရူးသွပ် ဆေးဝါး ပြဿနာသည်ကြီးထွားလာသည်ကိုတွေ့ရှိရကြောင်း၊ ဘိန်းစိုက်ပျိုးမှုအပြင် စိတ်ကြွဆေးဝါးထုတ်လုပ်မှု၊ သုံးစွဲမှုစသော စိန်ခေါ်မှုများနှင့် ထပ်မံရင်ဆိုင်နေရခြင်းအပေါ် ၂၀၁၅ခုနှစ်အလွန် မူးယစ်ဆေးဝါးလျှော့ချရေးလုပ်ငန်းစဉ်များနှင့်အညီ စတုတ္ထမူးယစ်ဆေးဝါးပပျောက်ရေး(၅)နှစ်စီမံကိန်းကို ၂၀၁၄−၂၀၁၅ခုနှစ်မှ ၂၀၁၈−၂၀၁၉ခုနှစ်အထိ တိုးမြှင့်၍ ထုတ်လုပ်မှု ပပျောက်ရေးနှင့် သုံးစွဲမှုပပျောက်ရေးလုပ်ငန်းစဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အစားထိုးဖွံ့ဖြိုးမှု အကောင်အထည်ဖော် စီမံခန့်ခွဲမှုအဖွဲ့မှလည်း ကုလသမဂ္ဂမူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး(UNODC)၊ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့(ONCB)တို့နှင့်ပူးပေါင်းပြီး ရှမ်းပြည်နယ် ပင်လောင်းမြို့နယ်ရှိ နောင်တရား၊ လွိုင်လင်၊ ဟိုပုံးနှင့် တာချီလိတ်မြို့နယ်များအတွင်း အစားထိုးဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လမ်းတံတားလုပ်ငန်းများ၊ ပညာရေး လုပ်ငန်းများ၊ ရေရရှိရေးလုပ်ငန်းများ၊ စွမ်းအင်လုပ်ငန်းနှင့် သာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတော်အစိုးရမှ မူးယစ်ဆေးဝါးကင်းစင်ပပျောက်ရေးအတွက် အစိုးရဌာနဆိုင်ရာ အချင်းချင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများဖြင့် အဘက်ဘက်မှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် မူးယစ်ဆေးဝါးကင်းစင်သော လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီးပြီး ခေတ်မှီတိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာရန် ပြည်သူတစ်ရပ်လုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီ:ကျော်ဆွေထံမှ ပေးပို့သောသဝဏ်လွှာအား ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးမှ ဖတ်ကြားပြီး၊ (၃၂)နှစ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင်ဆုရရှိသူများအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူ အသီးသီးတို့မှ ဆုချီးမြှင့်ပေးကြပြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ ဆောင်ရွက်ချက်မှတ်တမ်းဗီဒီယို ပြသကာ မူးယစ်ဆေးဝါးပပျောက်ရေးလှုပ်ရှားမှုပြခန်းများကို ပြည်နယ်ဝန်ကြီးချူပ်နှင့်တာဝန်ရှိသူများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြကာ ပြခန်းများအား လှည့်လည်ကြည့်ရှု့ကြကြောင်း သိရသည်။

ထို့နောက် တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ မီးရှို့ပွဲ အခမ်းအနားတွင် ရှမ်းပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီးကာကွယ်ရေးအဖွဲ့၊ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် ဇော်ခင်အောင်မှ မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများတို့မှ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါးများ၊ ဓါတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှု့စစ်ဆေး၍ ဓါတုပစ္စည်းများနှင့် ဆေးရည်များကို မြေကျင်းအတွင်း သွန်ချဖျက်ဆီးပြီး မူးယစ်ဆေးဝါးများအား တစ်ပြိုင်နက် စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့၌ ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် မီးရှို့ဖျက်ဆီးသည့် မူးယစ်ဆေးဝါးတန်ဘိုးမှာ ကျပ်သန်းပေါင်း (၂၂၅၄၅၁)( အမေရိကန် ဒေါ်လာတန်ဖိုး ၁၅၀ သန်းကျော်) ဖြစ်ကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

 

၀၉-၂၅၀၁၃၂၉၄၃

 


ပင်လောင်း ဇွန်-၂၂

138




09250132943

(Unicode)+++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် လင်ခံကျေးရွာဘုန်းတော်ကြီးကျောင်းတွင် ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး နည်းပညာပေးသင်တန်းအား ကြည့်ရှုအားပေး

ပင်လောင်း ဇွန်-၂၂

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းတုတ်ကျေးရွာအုပ်စု လင်ခံကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဇွန်(၂၁)ရက်က ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးနည်းပညာပေး သင်တန်းနှင့် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲကျင်းပကြောင်းသိရသည်။ 

ဆက်လက်၍ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ် အတွင်း အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သော ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး ဆောင်ရွက်မှုအခြေအနေနှင့် ထောက်ပံ့ပစ္စည်းပေးအပ်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ဖောငမြှောင်တောင် ကာကွယ်နှိမ်နင်းရေးအတွက်ထောက်ပံ့ပစ္စည်းများကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီး ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများကပေးအပ်ရာ တောင်သူများမှလက်ခံရယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် ပင်းလောင်မြို့နယ် နန်းတုတ်ကျေးရွာအုပ်စုလင်ခံကျေးရွာ တောင်သူဦးမောင်လေး၏ အစေ့ထုတ် ပြောင်းစိုက်ခင်းတွင် ဖောငမြှောင်တောင်စုပေါင်းကာကွယ်နှိမ်နင်းနေမှုအား ကြည့်ရှုကြကြောင်း သိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09250132943

 


မဘိမ်း ဇွန် - ၂၄

141




အစရ(ရှမ်း)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++

မဘိမ်း ဇွန် - ၂၄

 

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်တွင် ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မြို့နယ် အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်Township Sport Development Program အရ ကျင်းပသည့် ဘောလုံး/ ပိုက်ကျော်ခြင်း/ ပြေးခုန်ပစ်/ ဘော်လီဘော/ မီနီမာရသွန်ပြိုင်ပွဲများဖွင့်ပွဲကို ဇွန် ၂၂ ရက် မွန်းလွဲ ၂ နာရီက မဘိမ်းမြို့၊ မြို့နယ်ဘောလုံးကွင်း၌ ကျင်းပကြောင်းသိရသည်။

အဆိုပါအားကစားပြိုင်ပွဲများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်တို့မှ ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မဘိမ်းမြို့တွင် ဇွန် ၂၃ ရက် နံနက် ၅ နာရီခွဲက ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် အထိမ်းအမှတ် မီနီမာရသွန် ပြိုင်ပွဲကို ကျင်းပရာ ဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူတို့မှ ဆုများ အသီးသီးချီးမြှင့် ခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 


တောင်ကြီး ဇွန်   −   ၂၁

137






09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက်တောင်သူများအားထောက်ပံ့ပစ္စည်းများပေးအပ်

တောင်ကြီး ဇွန်   −   ၂၁

ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန တောင်ကြီးခရိုင်၏ တစ်ခရိုင်နှစ်ရွာဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြစိုက်ခင်း ကြီးများအတွက် စိုက်ပျိုးရေးသုံးသွင်းအားစုပစ္စည်းထောက်ပံ့ပေးအပ်ပွဲ ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းပေးအပ်ပွဲနှင့် ခေတ်မီသိပ္ပံနည်းကျဘောင်စနစ်ဖြင့်မိုးစပါးထောင်ပွဲကို ဇွန်(၂၁)ရက် နံနက်(၉)နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နောင်မွန်ကျေးရွာအုပ်စု ဆမ်ဆိုင်ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာ၌ ကျင်းပကြောင်းသိရသည်။ 

ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၁၇-၂၀၁၈ခုနှစ်စိုက်ပျိုးရေးရာသီမှစ၍ ခရိုင်အလိုက်ကျေးရွာ(၁)ရွာအား စနစ်တကျရွေးချယ်ကာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအဖြစ် အကောင်အထည် ဖော်ဆောင်နေကြောင်း ၂၀၁၈-၂၀၁၉ခုနှစ်တွင်တစ်ခရိုင်(၂)ရွာ ဘက်စုံအဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာများအပြင် တစ် မြို့နယ်(၁)ရွာရွေးချယ်၍ ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာအဖြစ် စုစုပေါင်း(၇၄)ရွာကို အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း ၂၀၁၉ခုနှစ်မိုးရာသီမှစတင်ပြီး တစ်ခရိုင်(၂)ရွာတစ်မြို့နယ်(၁)ရွာရွေးချယ်ကာ ဘက်စုံအဆင့်မြင့် နည်းပညာသုံး စံပြကျေးရွာများအဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး ဘက်စုံပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ လူနေမှုအဆင့်အတန်းမြင့်မားလာကာ လယ်ယာကဏ္ဍလည်း ပိုမိုဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း ပြောကြားသွားသည်။ 

ထို့နောက် ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း ဘက်စုံ အဆင့်မြင့်နည်းပညာသုံးစံပြကျေးရွာအ ကောင်အထည်ဖော်ဆောင်ရွက်နေမှုနှင့် အစေ့ထုတ်ပြောင်းသီးနှံတွင် ကျရောက်သော ဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေး ဆောက်ရွက်နေမှုများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူများကဖောငမြှောင်တောင်ကာကွယ်နှိမ်နင်းရေးအတွက် ထောက်ပံ့ပစ္စည်းများ ကိုတောင်သူများအား ပေးအပ်ခဲ့ကြသည်။ 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ခေတ်မီသိပ္ပံနည်းကျဘောင်စနစ်ဖြင့် မိုး စပါးပျိုးထောင်ပွဲဆောင်ရွက်နေမှုနှင့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ် နန်းဩကျေးရွာ တောင်သူဦးချစ်ဟန် ၏အစေ့ထုတ်ပြောင်းစိုက်ခင်းတွင် ဖောငမြှောင်တောင်စုပေါင်းကာကွယ်နှိမ်နင်းနေမှုအား ကြည့်ရှုအားပေးကြကြောင်းသိရှိရ သည်။ 

မောင်မောင်သန်း(တောင်ကြီး) 

09-250132943

 

More Articles...

  1. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
  2. ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက် (၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲ ဖွင့်ပွဲကျင်းပ
  3. သစ် ဈေးပြိုင်လေလံကြော်ငြာခြင်း
  4. သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဓါတ်သတ္တုမူဝါဒ(မူကြမ်း)
  5. ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ သတင်းရေးသားထုတ်ပြန်ခြင်း အလုပ်ရုံဆွေးနွေးပွဲသို့လာရောက်ကြည့်ရှု
  6. နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်၏ (၇၄)နှစ်ပြည့်မွေးနေ့အမှတ်တရ သစ်ပင်စိုက်ပျိုးပွဲကျင်းပ
  7. ရှမ်းပြည်နယ် အခြေခံပညာကဏ္ဍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ
  8. နိုင်ငံပိုင်နှင့် ပုဂ္ဂလိကသစ်တောစိုက်ခင်းမှ ထွက်ရှိသည့် ကျွန်း/ သစ်မာသစ်လုံး၊ ကျွန်း/ သစ်မာတိုင်၊ ကျွန်း/ သစ်မာမျောများကို ပြည်ပသို့ အလုံးလိုက်တင်ပို့ခွင့်ပြုရန် တင်ပြလာသည့် ကိစ္စရပ်တစ်ခုချင်းစီအလိုက် ဌာနဆိုင်ရာ ညွှန်ကြားချက်များ၊ လုပ်ထုံးလုပ်နည်းလုပ်ငန်းစဉ်
  9. (၈၅)ကြိမ်မြောက်ရှမ်းပြည်နယ်လုံးဆိုင်ရာဝိနယာဒိနုဂ္ဂဟာစာလျှောက်မေးပွဲတော်ကြီးထီးဖြူတော်ဖွင့်ပူဇော်ပွဲကျင်းပ
  10. ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြည်သူ့အတွက် တတိယတစ်နှစ်တာကာလ ဆောင်ရွက်ချက်များနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲကျင်းပ

Subcategories

မူလသို့

အစိုးရအဖှဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 131 guests and no members online