ရှမ်းပြည်နယ်သတင်းများ

ဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(ပဉ္စမ)ပတ် ညောင်ရွှေမြို့၌ကျင်းပ

ညောင်ရွှေ ဒီဇင်ဘာ - ၃၁

2083



အစရ(ရှမ်း)

-------------------------------------------------------------------------------------------------------------------------------------------------------------

ညောင်ရွှေ ဒီဇင်ဘာ - ၃၁

 

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လူထုလှုပ်ရှားမှု အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့ လူထုစုပေါင်းလမ်းလျောက်ပွဲ (ပဉ္စမ)ပတ်ကို ဒီဇင်ဘာ (၃၁)ရက်နံနက်(၆)နာရီက ညောင်ရွှေမြို့၌ ကျင်းပခဲ့ရာ ပြည်သူလူထု(၆၀၀)ဦး ပါဝင်လမ်းလျှောက်ပြီး၊ မြို့နယ်ဘောလုံးကွင်းတွင်ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်း အတွဲ(၁)၊ အတွဲ(၂) တို့ကို စုပေါင်းလေ့ကျင့်မှုများပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါလူထုလမ်းလျောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးဦး၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှူး ဦးထန်အိတ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံမိဘပြည်သူများ စုစုပေါင်းအင်အား (၆၀၀)  ကျော်ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှု စက်ဘီးစီးပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ပြိုင်ပွဲဝင်(၁၀၀)ဦးပါဝင် ဆင်နွဲခဲ့ကြောင်းသိရှိရသည်။

အစရ(ရှမ်း)

 


ပင်းတယ ဒီဇင်ဘာ - ၁

2082



အစရ(ရှမ်း)

----------------------------------------------

ဆေးလိပ်ငွေ့ကင်းစင်ရွှေဥမင်တစ်ခွင်လှုပ်ရှားမှု ပင်းတယမြို့၌ကျင်းပ

ပင်းတယ ဒီဇင်ဘာ - ၁

   ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ကျင်းပသော လူငယ် ထုအတွင်း မူးယစ်ဆေးဝါးကင်းစင်ရေးနှင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆေးလိပ်ငွေ့ ကင်းစင် ရွှေဥမင်တစ်ခွင့်လှုပ်ရှားမှု ကျောင်းအခြေပြုမီနီမာရသွန်ပြိုင်ပွဲအား ကျင်းပခဲ့ရာ အင်အား(၁၈၀)ဦး ခန့် ပါဝင်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကျား/မ ပထမဆုအား ဆုငွေကျပ်(၅)သောင်းနှုန်း၊ ဒုတိယဆုအား ဆုငွေကျပ်(၃)သောင်းနှုန်း၊ တတိယဆုအား ဆုငွေကျပ်(၂)သောင်း၊ ဂုဏ်ပြုဆု ကျား(၁၀)ဆု၊ မ(၁၀)ဆုအား တစ်ဆုလျှင်ဆုငွေ(၁)သောင်းနှုန်းဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးဦး၊ ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာနမှူး ဦးထန်အိတ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူများမှ ဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။

   ဆက်လက်၍ ဆေးလိုပ်ငွေ့ကင်းစင် ရွှေဥမင်တစ်ခွင့် လှုပ်ရှားမှု လူထုစက်ဘီးစီးပြိုင်ပွဲ ပါဝင်ဆင်နွှဲခဲ့ ရာ စုစုပေါင်း ပြည်သူလူထု(၆၀)ဦး ပါဝင်ဆင်နွှဲခဲ့ပြီး၊ ပင်းတယမြို့ဘိုးဘွားရိပ်သာသို့ သွားရောက်၍ ဘိုးဘွား(၁၈)ဦးအား ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့်အဖွဲ့မှ ဆန်(၈)အိတ်၊ ဆီ(၁)ပုံ၊ ဆား(၁)အိတ်၊ ကြက်ဥအလုံး(၃၀၀)အား ထောက်ပံ့လှူဒါန်းပေးအပ်ခဲ့ကြောင်းသိရှိရပါသည်။

အစရ(ရှမ်း)

 

ဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(စတုတ္ထ)ပတ် တာချီလိတ်မြို့၌ကျင်းပ

တာချီလိတ် ဒီဇင်ဘာ - ၂၄

2076




အစရ(ရှမ်း)

--------------------------------------------------------------------------------------------------------------------------------

တာချီလိတ် ဒီဇင်ဘာ - ၂၅

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လူထုလှုပ်ရှားမှု အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ လူထုစုပေါင်းလမ်းလျောက်ပွဲ (စတုတ္ထ)ပတ်ကို ဒီဇင်ဘာ (၂၄)ရက်နံနက်(၆)နာရီက တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရှမ်းရိုးမ ကွင်းမှ မြို့မအားကစားကွင်းထိ စုပေါင်းလမ်းလျောက်ကြပြီး၊ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ(၂)တို့ ကို စုပေါင်းလေ့ကျင့်မှုများပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါလူထုလမ်းလျောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာ မျိုးထွန်း၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာဆရာမများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံမိဘပြည်သူများ စုစုပေါင်းအင်အား (၁၀၀၀၀)  ခန့် ပါဝင်ဆင်နွှဲခဲ့ကြပြီး၊ နံနက်(၈)နာရီတွင် တာချီလိတ်မြို့ဂေါက်ကလပ်တွင် ကျင်းပသော ၂၀၁၆ ခုနှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှု ဂေါက်သီးရိုက်ပြိုင်ပွဲအား ဆက်လက်ကျင်းပခဲ့ရာ ပြည်နယ်လူမှုရေးဝန်ကြီးနှင့်အတူ ပြိုင်ပွဲဝင်(၇၀)ဦးပါဝင်ဆင်နွဲခဲ့ကြောင်းသိရှိရသည်။

ထို့နောက် ၂၀၁၆ ခုနှစ်၊ ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်လှုပ်ရှားမှုလူထု စက်ဘီးစီးနင်းပွဲကို ဒီဇင်ဘာ(၂၅)ရက် နံနက်(၆)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေး ဝန်ကြီးနှင့်အတူ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ စက်ဘီးစီးအဖွဲ့ (၄၀)ဦး၊ စုစုပေါင်း ပြည်သူလူထု (၃၀၀)ဦး ပါဝင်ဆင်နွှဲခဲ့ကြောင်းသတင်းရရှိပါသည်။

အစရ(ရှမ်း)

 

 

၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဆုပေးပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၃၀

2080





-------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၃၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဆုပေးပွဲကို ဒီဇင်ဘာ (၃၀)ရက် ညနေ(၆)နာရီက အေးသာယာဂေါက်ကလပ်တွင် ကျင်းပကြောင်းသိရှိရသည်။

(၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲ  အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ဝိုင်းဝန်း ပံ့ပိုးပေးကြသော အလှူရှင်များအား ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းတို့မှ ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်ပေးခဲ့ကြသည်။

ဆက်လက်၍ ဧည့်သည်တော်တစ်ဦးချင်းပြိုင်ပွဲတွင်  ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများအား ဆုဖလားနှင့်ငွေသားများကို ပြည်နယ်ဥပဒေချုပ်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် ပဉ္စမ၊ စတုတ္ထ၊ တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူ များအား ဆုဖလားနှင့်ငွေသားများကို ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တစ်ဦးချင်း အကျောပေးပြိုင်ပွဲတွင် ဒသမ၊ န၀မ၊ အဌမ၊ သတ္တမ၊ ဆဌမ၊ ပဉ္စမ၊ စတုတ္ထ ဆုရရှိသူများကို ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖွဲ့ဥက္ကဌ ဦးခွန်စံလွင်နှင့် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ တစ်ဦးချင်း အကျောမဲ့ပြိုင်ပွဲတွင် ဒသမ၊ န၀မ၊ အဌမ၊ သတ္တမ၊ ဆဌမ၊ ပဉ္စမ၊ စတုတ္ထ ဆုရရှိသူများကို ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို ကမ္ဘောဇဘဏ်ကုမ္ပဏီ ဥက္ကဌ ဦးအောင်ကိုဝင်းမှ ဆုချီးမြှင့်ပေး၍ လည်းကောင်း၊ အသင်းလိုက်အကျောပေးပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ အသင်းလိုက်အကျောမဲ့ပြိုင်ပွဲတွင် တတိယ၊ ဒုတိယ၊ ပထမ ဆုရရှိသူများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ပထမတံခွန်စိုက် ဒိုင်းဆုကြီးရရှိသော မူဆယ်(ဂ) အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်မှ ဆုချီးမြှင့်ပေးခဲ့ကြောင်းသိရှိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)

 

၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂၇

2077






---------------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက်ဖလား ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲကို ဒီဇင်ဘာ (၂၇)ရက် နံနက်(၆)နာရီခွဲက အေးသာယာဂေါက်ကလပ်တွင် ကျင်းပကြောင်းသိရှိရသည်။

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးကို လူမှုရေးဦးတည်ချက်ထားရှိဖော်ဆောင်လျက်ရှိပြီး ကျန်းမာကြံ့ခိုက်ရေးအတွက်လည်း အားကစားကဏ္ဍဘက်စုံ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အားကစားမြင့်တင်ခြင်းသည် နိုင်ငံတော်တည်ဆောက်ခြင်းဖြစ်၍ ကြိုးပမ်းဆောင်ရွက်နေသည်ကို အားလုံးသိရှိပြီးဖြစ်ပါကြောင်း၊ ဂေါက်သီးရိုက် အားကစား သည် ကမ္ဘာပေါ်မှာ ထင်ရှားသောအားကစားနည်းတစ်ခုဖြစ်သလို၊ ကျန်းမာကြံ့ခိုင်မှု၊ စည်းကမ်းရှိမှု၊ ကိုယ်ကျင့်သိက္ခာ ထိန်းသိမ်းမှု၊ နည်းစနစ်ကျွမ်းကျင်မှုကိုပါ လေ့ကျင့်ပျိုးထောင်နိုင်သည့် အားကစားသမားများ ရရှိနိုင်ရေးအတွက် ဆောင်ရွက် ခဲ့သည့် အစီအစဉ်တစ်ခုဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အားကစားကဏ္ဍများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကို ရည်ရွယ်ပြီး ကမ္ဘောဇဖလားဂေါက်သီးရိုက်ပြိုင်ပွဲကို ၁၉၅၆ ခုနှစ်မှစတင်ကာ  Inter District Golf Tournament ဆိုသည့်ဖလား ဖန်တီးပြီး တောင်ကြီးမြို့၊ ကျိုင်းတုံမြို့နှင့် လားရှိုးမြို့များတွင် နှစ်စဉ်အလှည့်ကျကျင်းပခဲ့၍ ရှမ်းပြည်နယ်တစ်ဝန်းလုံးမှ အားကစားသမားများ ပါဝင်ကြကြောင်း၊ ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်းပေါင်း (၄၇)သင်းမှ စိတ်ပါဝင်စားစွာ လာရောက်ယှဉ်ပြိုင်ကြသည့်အတွက် ပြိုင်ပွဲဝင်အားကစားသမားများ အားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း၊ ကမ္ဘောဇတံခွန်စိုက်ဖလားဂေါက်သီးရိုက်ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ်သည်များကို ဝိုင်းဝန်းကူညီဆောင်ရွက် ပေးကြသော ကမ္ဘောဇဘဏ် ကုမ္ပဏီဥက္ကဌ ဦးအောင်ကိုဝင်း ပြိုင်ပွဲကျင်းပရေးဆပ်ကော်မတီအသီးသီးမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းလှူဒါန်းပေးကြသော အလှူရှင်များအားလုံးနှင့် တောင်ကြီးနှင့် အေးသာယာ ဂေါက်ကလပ်မှ တာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ပြိုင်ပွဲဝင်အားကစားသမားများအားလုံး ကမ္ဘောဇတံခွန်စိုက်ဖလားကြီးကို ဆွတ်ခူးနိုင်ရေးအတွက် အစွမ်းကုန်ကြိုးပမ်းယှဉ်ပြိုင်ကြရန် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်ကပြောကြားသည်။

ဆက်လက်၍ ဧည့်သည်တော်များမှ SMOKE BALL ရိုက်ဖွင့်လှစ်ပေးရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝင်းမင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးစိုးမိုးအောင်၊ ကမ္ဘောဇကုမ္ပဏီလီမီတက် ဦးခင်အောင်တို့မှ ရိုက်ဖွင့်ပေးကြသည်။

ထို့နောက်ပြိုင်ပွဲဝင်အသင်းများအား ပြည်နယ်ဝန်ကြီးချုပ်မှ လိုက်လံနှုတ်ဆက်၍ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ကြပြီး၊ ၂၀၁၆ ခုနှစ်၊ (၅၉)ကြိမ်မြောက် ကမ္ဘောဇတံခွန်စိုက် ဖလားကို ဒီဇင်ဘာ (၂၇)ရက်မှ (၃၀)ရက်ထိယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(နောက်ဆုံး)ပတ် တောင်ကြီး၌ကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၃၁

2079

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လူထုလှုပ်ရှားမှု အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ လူထု စုပေါင်းလမ်းလျောက် ပွဲ (နောက်ဆုံး)ပတ်ကို ဒီဇင်ဘာ (၃၁)ရက်နံနက်(၅)နာရီ(၄၅)မိနစ်က မြို့မဈေးကြီး ရှေ့စုရပ်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက သေနတ်ပစ် ဖောက်၍ တာလွတ်ပေးရာ မြို့မဈေးကြီးရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ပြည်နယ်လွှတ်တော်ရှေ့မှ တဆင့် မြောက်ဘက်ရှိ ရုံးကြီးလမ်းအတိုင်းဆက်လက် လမ်းလျောက် ဆင်နွှဲကာ ပြည်နယ်အားကစားကွင်း သို့ ရောက်ရှိကြသည်။



------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၃၁

 

တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် လူထုလှုပ်ရှားမှု အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ လူထု စုပေါင်းလမ်းလျောက် ပွဲ (နောက်ဆုံး)ပတ်ကို ဒီဇင်ဘာ (၃၁)ရက်နံနက်(၅)နာရီ(၄၅)မိနစ်က မြို့မစျေးကြီး ရှေ့စုရပ်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးက သေနတ်ပစ် ဖောက်၍ တာလွတ်ပေးရာ မြို့မစျေးကြီးရှေ့မှ ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း ပြည်နယ်လွှတ်တော်ရှေ့မှ တဆင့် မြောက်ဘက်ရှိ ရုံးကြီးလမ်းအတိုင်းဆက်လက် လမ်းလျောက် ဆင်နွှဲကာ ပြည်နယ်အားကစားကွင်း သို့ ရောက်ရှိကြသည်။

ဆက်လက်၍ပြည်နယ်ဘောလုံးကွင်းကြီး၌ ကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းအတွဲ(၁)၊ အတွဲ(၂)တို့ ကို စုပေါင်းလေ့ကျင့်မှုများပြုလုပ်ကြပြီး၊ အဆိုပါလူထုလမ်းလျောက်ပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းသား/ ကျောင်းသူများ၊ ဆရာဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဒေသခံ မိဘပြည်သူများ၊ ကုမ္ပဏီအဖွဲ့ အစည်းများ စုစုပေါင်းအင်အား(၁၂၃၅၈)ကျော်ပါဝင်ဆင်နွှဲကြကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)


တောင်ကြီး ဒီဇင်ဘာ -  ၂၃

 






------------------------------------------------------

United Paint Group Co.,Ltd အရောင်းစင်တာအဆောက်အဦဖွင့်ပွဲ

တောင်ကြီး ဒီဇင်ဘာ -  ၂၃

   ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရတနာသီရိရပ်ကွက်ရှိ United Paint Group Co.,Ltd အရောင်းစင်တာအဆောက်အဦဖွင့်ပွဲကို ဒီဇင်ဘာ (၂၃) ရက် နံနက်(၉)နာရီက ကျင်းပကြောင်းသိရသည်။

   ပထမဦးစွာ United Paint Group Co.,Ltd ၏ Company Profile အား Video ဖြင့်ပြသပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဂုဏ်ပြုအဖွင့် အမှာစကားပြောကြားကာ United Paint Group Co.,Ltd ၏ မန်နေဂျင်းဒါရိုက်တာ ဦးအေးဟန်မှ UPG အရောင်းစင်တာ (တောင်ကြီး) ဖွင့်လှစ်ရခြင်းဆိုင်ရာများနှင့် CSR Fund လှူဒါန်းငွေ လှူဒါန်းရခြင်းဆိုင်ရာများအား ရှင်းလင်းပြောကြားသည်။

   ဆက်လက်၍ အလှူငွေများလှူဒါန်းရာ United Paint Group Co.,Ltd ဥက္ကဌ ဦးကြည်ဝင်းမှ ရှမ်းပြည်နယ် (တောင်ပိုင်း)ဒေသဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ငွေကျပ်သိန်း(၂၅၀)ပေးအပ်လှူဒါန်းရာ ပြည်နယ်ဘဏ္ဍာရေးဝန်ကြီးမှ လက်ခံ ရယူ၍လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)ပညာရေးကဏ္ဍဖွံ့ဖြိုးရေးရန်ပုံငွေအတွက် ငွေကျပ်သိန်း(၂၅၀)ပေးအပ် လှူဒါန်းရာ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ လက်ခံ ရယူ၍လည်းကောင်း၊ရှမ်းပြည်နယ် (တောင်ပိုင်း)သဘာဝဘေး အန္တရာယ်ကာကွယ်ရေးရန်ပုံငွေအတွက် ငွေကျပ်သိန်း(၂၅၀)ပေးအပ်လှူဒါန်းရာ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးမှ လက်ခံ ရယူ၍လည်းကောင်း၊ရှမ်းပြည်နယ် (တောင်ပိုင်း)ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရန်ပုံငွေ အတွက် ငွေကျပ်သိန်း(၂၅၀)ပေးအပ်လှူဒါန်းရာ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌတို့ကလက်ခံ ရယူ၍ ပြည်နယ် ဘဏ္ဍာရေးဝန်ကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ရာ United Paint Group Co.,Ltd ဥက္ကဌ ဦးကြည်ဝင်းက လက်ခံရယူသည်။

   ထို့နောက် ရှမ်းရိုးရာယဉ်ကျေးမှုဖော်ထုတ်ရေး YSO အဖွဲ့မှ ရှမ်းရိုးရာယဉ်ကျေးမှုအကများဖြင့် ကပြဖျော်ဖြေကြပြီး UPG အရောင်းစင်တာ(တောင်ကြီး) အဆောက်အဦသစ်အား ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ United Paint Group Co.,Ltd ဥက္ကဌ ဦးကြည်ဝင်း၊ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် အရောင်းစင်တာ ခန်းမအတွင်းလှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

 

ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ဦးဆောင်ပံ့ပိုးမှုရယူမှုအသိပေးရှင်းလင်းပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂၈

2078






-------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၂၈

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ ပုံမှန်ကာကွယ် ဆေးထိုးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေး ဦးဆောင်ပံ့ပိုးမှုရယူမှုအသိပေးရှင်းလင်း ပွဲကို ဒီဇင်ဘာ(၂၈)ရက်နံနက်(၁၀)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ဦးစားပေး လုပ်ငန်း(၅)ရပ်တွင် ပါဝင်ပြီး ၂၀၁၆ ခုနှစ်၊ ဇူလိုင်လမှစတင်၍ ရောဂါပိုး(၁၀)မျိုးမှ ကာကွယ်နိုင်ရန် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းဖြင့် ဆောင်ရွက်လျက်ရှိ၍ ကာကွယ်ဆေးအသစ် များဖြစ်သည့် ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ကာကွယ်ဆေး (Rota)ဆေးနှင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး (HPV)များကို ဆက်လက်တိုးချဲ့ထည့်သွင်း သွားမည် ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင် မှ အသိပေးဆွေးနွေးသွားသည်။

ဆက်လက်၍ တက်ရောက်လာကြသူများမှ အထွေထွေဆွေးနွေးသွားကြရာ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျန်းမာရေးမှူးမှ လူနာများသယ်ယူပို့ဆောင်ရာတွင် အသုံး ပြုသည့်မော်တော်ယာဉ်များကို အစိုးရအဖွဲ့မှ ကူညီဆောင်ရွက်ပေးနိုင်ရန်နှင့် ကွန်ဟိန်းမြို့နယ် ကျန်းမာရေးမှူးမှ ကျေးရွာလမ်းများကို ဖောက်လုပ်ပေးနိုင်ရန် ဆွေးနွေးသွားပြီး ပြည်နယ် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမှ ပြန်လည်ဆွေးနွေးသွားကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ ဆရာဝန် ကြီးများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ခရစ္စမတ်အကြို မိတ်ဆုံစားပွဲတက်ရောက်ချီးမြှင့်

တောင်ကြီး ဒီဇင်ဘာ - ၂၁

2073





-----------------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၂၁

 

တောင်ကြီးခရစ်ယာန်အသင်းတော်များအဖွဲ့မှဦးစီးကျင်းပသော ခရစ္စမတ်မိတ်ဆုံစားပွဲကို ဒီဇင်ဘာ (၂၀)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့၊ ပထမတိုင်းရင်းသားပေါင်းစုံ နှစ်ခြင်းခရစ်ယာန် အသင်းတော် ခန်းမဆောင်၌ကျင်းပသည်။

ပထမဦးစွာ တောင်ကြီးခရစ်ယာန်အသင်းတော်များအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အခြားဘာသာ ဝင်များအဖွဲ့တို့က အပြန်အလှန်မိတ်ဆက်ကြပြီး၊ ကြိုဆိုနှုတ်ခွန်းဆက်စကားကို Rev.အမ်ယောန က ပြောကြား၍၊ ခရစ္စမတ်နှုတ်ခွန်းဆက်စကားကို  ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသည်။

ဆက်လက်၍ ပထမတိုင်းရင်းသားပေါင်းစုံ လူငယ်များက ခရစ္စမတ်သီချင်းသီဆိုပြီး Rev. ဦးမောင်မောင်ဒင်က ဆုတောင်းမေတ္တာပို့သကာ တက်ရောက်လာကြသည့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ တောင်ကြီးခရစ်ယာန်အသင်းတော်များအဖွဲ့၊ အခြားဘာသာဝင်များ တို့က Merry Christmas to you သီချင်းသီဆိုကြပြီး၊ Fr.တင်ဖေမှ ကောင်းချီးမင်္ဂလာတောင်းခံကာ၊ Rev.စောဂျဲနီယိုမှ အစားအစာအတွက် ဆုတောင်း၍ ခရစ္စမတ်မဲလက်ဆောင်ပစ္စည်းများပေးအပ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းသို့ ထောက်ပံ့ခြင်းနှင့် ကျန်းမာရေးအခမဲ့ကွင်းဆင်းကုသ

တာချီလိတ် ဒီဇင်ဘာ - ၂၅

2075



------------------------------------------------------------------------------------------------------------------------------------------------------

တာချီလိတ် ဒီဇင်ဘာ - ၂၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ မိုင်းကိုးကျေးရွာအုပ်စု၊ ရန်ကုန်ရွာတွင် မူးယစ်ဆေးဖြတ်ကုသရေးနှင့် ပြန်လည်ထူထောင်ရေးစခန်းရှိ ဆေးဖြတ်လူနာ(၅၀)ဦးအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့မှ သွားရောက်ကြည့်ရှုအားပေးပြီး လူနာများအတွက် ဖြည့်စွက်စာများအားထောက်ပံ့ ပေးအပ် ခဲ့ကြောင်းသိရရှိရသည်။

ထို့နောက် ဒီဇင်ဘာ (၂၅)ရက် နံနက်(၁၀)နာရီတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီးဦးဆောင်မှုဖြင့် အထူးကုဆရာဝန်ကြီးများအဖွဲ့မှ တာချီလိတ်မြို့နယ်၊ ဝမ်ပုံ တိုက်နယ်ဆေးရုံသို့ သွားရောက်၍ လူနာ(၁၉၆)ဦးအား  အခမဲ့ကျန်းမာရေး ကွင်းဆင်းကုသ ပေးခဲ့ကြောင်းသတင်းရရှိပါသည်။

 

သုတ၊ ရသ အသိပညာပေးဟောပြောပွဲကျင်းပ

တောင်ကြီး ဒီဇင်ဘာ - ၂၀

2072





------------------------------------------------------------------------------------------------------------------------------------------------------

တောင်ကြီး ဒီဇင်ဘာ - ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ၂၀၁၇ ခုနှစ် (၆၉)နှစ်မြောက် လွတ်လပ်ရေး နေ့အကြို ကျောင်းတွင်းစာပေဟောပြောပွဲကို ဒီဇင်ဘာ(၂၀)ရက် မွန်းလွဲ(၁))နာရီက တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ စိန်မြင်းမိုရ်ခန်းမဆောင်၌ကျင်းပကြောင်း သိရသည်။

ဟောပြောပွဲကို တက်ရောက်လာကြသော သားတို့သမီးတို့သည် ကျောင်းသား/ကျောင်းသူ ဘဝမှာကျောင်းစာတစ်ခုတည်းသာမက ပတ်ဝန်းကျင်ကရနိုင်သော သုတ၊ ရသစာပေများကိုလည်း တစ်ဖက်တစ်လမ်းက လေ့လာစည်းပူးရန်လိုအပ်ပါကြောင်း၊ သားတို့သမီးတို့ကို အသိပညာဗဟု သုတ ရစေရန်အတွက် စာရေးဆရာ ဇော်ခိုင်ဦး(မန္တလေး)နှင့် စာရေးဆရာမ အကယ်ဒမီ ဆွေဇင်ထိုက် တို့ကိုဖိတ်ကြားပြီး လာရောက်ဟောပြောပေးရခြင်းဖြစ်ကြောင်း၊ သားတို့သမီးတို့ အနေဖြင့် အစဉ်အမြဲလွတ်လပ်နေနိုင်ရန် ခေတ်မီဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရန်နှင့် ထာဝစဉ် စောင့်ရှောက်ကြိုးစားနေကြရမည်ဖြစ်ကြောင်း၊ နောင်တချိန်တိုင်းပြည်တာဝန်ကို ပုခုံးပြောင်းတာဝန် ယူကြမည့် သားတို့သမီးတို့သည် မျိုးချစ်စိတ်ဓါတ်ရှိသော ခေါင်းဆောင်ကောင်းများ နိုင်ငံ့သား ကောင်းများ ဖြစ်ကြရန်လိုကြောင်း၊ ခေါင်းဆောင်ကောင်းဖြစ်လာရန်အတွက် ရှိသင့်ရှိထိုက်သော အသိပညာအတတ်ပညာရရှိရန် လိုအပ်ပြီး ကျောင်းနေစဉ်ကာလ ပညာသင်ယူနေစဉ်အတွင်း ကျောင်းစာသာမက ကျောင်းပြင်ပမှာ ကျောင်းစာကြည့်တိုက်တွင် အသိပညာဗဟုသုတများ ရှာမှီးကြရန်လိုအပ်ပါကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေအောင်တို့မှ စာရေးဆရာ ဇော်ခိုင်ဦး (မန္တလေး)နှင့် စာရေးဆရာမ အကယ်ဒမီဆွေဇင်ထိုက် တို့အား အမှတ်တရလက်ဆောင်ပစ္စည်း များပေးအပ်ခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

 

 

More Articles...

  1. လွတ်လပ်ရေးနေ့အကြိုကျောင်းတွင်းစာပေဟောပြောပွဲကျင်းပ
  2. ဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(တတိယ)ပတ် ကျိုင်းတုံမြို့၌ကျင်းပဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(တတိယ)ပတ် လားရှိုးမြို့၌ကျင်းပ
  3. ကမ္ဘာ့ဗုဒ္ဓသာသနပြု အောက်စ်ဖို့ဒ်ဆရာတော် ပါမောက္ခဒေါက်တာ ဘဒ္ဒန္တဓမ္မသာမိ၏ (၅၂)နှစ်ပြည့် ဝိဇာတပူဇာမွေးနေ့အလှူတော်မင်္ဂလာကျင်းပ
  4. မူဆယ်ဒေသစစ်ဘေးရှောင်ပြည်သူများအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေပေးအပ်လှူဒါန်း
  5. ဒီဇင်ဘာအားကစားလ လူထုလမ်းလျောက်ပွဲ(ဒုတိယ)ပတ် ကျိုင်းတုံမြို့၌ကျင်းပ
  6. ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အထိမ်းအမှတ် စုပေါင်းစက်ဘီးစီးနင်း
  7. ရှမ်းပြည်နယ်ဗုဒ္ဓတက္ကသိုလ် အောက်စ့်ဖို့ဒ်ဆရာတော်ဒေါက်တာ ဘဒ္ဒန္တ ဓမ္မသာမိ၏ ဘဝမှတ်တမ်းဓါတ်ပုံပြပွဲဖွင့်
  8. စစ်ဘေးရှောင်ပြည်သူများအတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ဟိုတယ်လုပ်ငန်းရှင်းမှ ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ အလှူငွေလှူဒါန်း
  9. ယာဉ်မောင်းနှင့်ခရီးသည်များ ထိုင်ခုံခါးပတ်ပတ်ရန်ပညာပေး
  10. ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေး (၁/၂၀၁၆) ဒုတိယနေ့ကျင်းပ

အစိုးရအဖှဲ့

လွှတ်တော်

သတင်းများ

ဆက်သွယ်ရန်

မူလသို့

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 23 guests and no members online