ရှမ်းပြည်နယ်သတင်းများ

ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံမ်ားလႊတ္တင္ဖြင့္လွစ္

ေတာင္ႀကီး ႏိုဝင္ဘာ - ၁၅

208

၂၀၁၈ ခုႏွစ္ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕တန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံၿပိဳင္ပြဲကို ႏိုဝင္ဘာ ၁၄ ရက္ ညေန ၅ နာရီက ေတာင္ႀကီးၿမိဳ႕ က်က္သေရေဆာင္ စူဠာမုနိေလာကခ်မ္းသာ ေစတီေတာ္ရင္ျပင္တြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔က စိန္နားပန္ မီးပုံးပ်ံအား လႊတ္တင္ ပူေဇာ္ ေပးၾကသည္။

ဆက္လက္၍ ေက်ာင္းႀကီးစုရပ္ကြက္ရွိ အေဝရာကုန္းသာယာမီးပုံးပ်ံကြင္း၌ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ဖြင့္ပြဲကို က်င္းပရာ တိုင္းရင္းသား႐ိုးရာ သီခ်င္းမ်ားျဖင့္ တိုင္းရင္းသား ယဥ္ေက်းမႈအကအဖြဲ႕မွ ကျပေဖ်ာ္ေျဖၾကၿပီး၊ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ မီးပုံးပ်ံၿပိဳင္ပြဲ ဖြင့္ပြဲ၊ ပိတ္ပြဲက်င္းပေရးလုပ္ငန္းေကာ္မတီဥကၠဌ ျပည္နယ္သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရး ဝန္ႀကီး ေဒါက္တာညီညီေအာင္ႏွင့္ တာဝန္ရွိသူမ်ားက ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ မီးပုံးပ်ံၿပိဳင္ပြဲကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ ေပးၾကသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္ယဥ္ေက်းမႈအဖြဲ႕က ကိႏၷရီ/ကိႏၷရာအက၊ တိုးနယားအက၊ ဓါးသိုင္းအက၊ ေဒါင္းအက မီးအလွတို႔ျဖင့္ ကျပေဖ်ာ္ေျဖၾကၿပီး၊ ရွမ္းျပည္နယ္ တိုင္းရင္းသား ယဥ္ေက်းမႈအဖြဲ႕မ်ားမွ “ကမၻာေက်ာ္တဲ့ပြဲ” တန္ေဆာင္တိုင္ သီခ်င္းျဖင့္ ကျပေဖ်ာ္ေျဖၾကကာ ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္က်င္းပေရးဦးစီးေကာ္မတီနာယက ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က တန္ေဆာင္တိုင္ပြဲေတာ္အား စက္ခလုတ္ႏွိပ္ဖြင့္လွစ္ေပးၿပီး မီး႐ႈး၊ မီးပန္းမ်ားပစ္ေဖာက္ကာ ဖြင့္ပြဲအထိမ္းအမွတ္အျဖစ္ စိန္နားပန္မီးပုံးပ်ံအႀကီး(၂)လုံးႏွင့္ မီးပုံးပ်ံ အလုံးငယ္(၄၅၀၀)လုံးတို႔ကို လြတ္တင္ၾကသည္။

အဆိုပါ ေတာင္ႀကီးတန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာ ၁၄ ရက္မွ ၂၃ ရက္ေန႔အထိ (၁၀)ရက္တိုင္တိုင္ စည္ကား သိုက္ၿမိဳက္စြာက်င္းပသြားမည္ျဖစ္ၿပီး၊ ပြဲေတာ္အတြင္း ညလႊတ္ညမီးႀကီး(၈၁)လုံး၊ စိန္နားပန္(၄၂)လုံးႏွင့္ ေန႔လႊတ္အ႐ုပ္ ေျခႏွစ္ေခ်ာင္း(၁၅၉)လုံး၊ ေျခေလးေခ်ာင္း(၉၀)လုံး၊ အုပ္စု(၄၂)လုံး၊ ညလႊတ္မီးပုံးပ်ံစုစုေပါင္း(၁၂၃)လုံး၊ ေန႔လႊတ္အ႐ုပ္ စုစုေပါင္း(၂၉၁)လုံး၊ စုစုေပါင္းမီးပုံးပ်ံအလုံးေရ(၄၁၄)လုံးတို႔ကို လႊတ္တင္ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

+Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံများလွှတ်တင်ဖွင့်လှစ်

တောင်ကြီး နိုဝင်ဘာ - ၁၅

၂၀၁၈ ခုနှစ်ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို နိုဝင်ဘာ ၁၄ ရက် ညနေ ၅ နာရီက တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိလောကချမ်းသာ စေတီတော်ရင်ပြင်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့က စိန်နားပန် မီးပုံးပျံအား လွှတ်တင် ပူဇော် ပေးကြသည်။

ဆက်လက်၍ ကျောင်းကြီးစုရပ်ကွက်ရှိ အဝေရာကုန်းသာယာမီးပုံးပျံကွင်း၌ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ဖွင့်ပွဲကို ကျင်းပရာ တိုင်းရင်းသားရိုးရာ သီချင်းများဖြင့် တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့မှ ကပြဖျော်ဖြေကြပြီး၊ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ မီးပုံးပျံပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဌ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင်နှင့် တာဝန်ရှိသူများက တောင်ကြီးတန်ဆောင်တိုင်ပွဲတော် မီးပုံးပျံပြိုင်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးကြသည်။

ထို့နောက် ရှမ်းပြည်နယ်ယဉ်ကျေးမှုအဖွဲ့က ကိန္နရီ/ကိန္နရာအက၊ တိုးနယားအက၊ ဓါးသိုင်းအက၊ ဒေါင်းအက မီးအလှတို့ဖြင့် ကပြဖျော်ဖြေကြပြီး၊ ရှမ်းပြည်နယ် တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များမှ “ကမ္ဘာကျော်တဲ့ပွဲ” တန်ဆောင်တိုင် သီချင်းဖြင့် ကပြဖျော်ဖြေကြကာ တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကျင်းပရေးဦးစီးကော်မတီနာယက ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က တန်ဆောင်တိုင်ပွဲတော်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး မီးရှုး၊ မီးပန်းများပစ်ဖောက်ကာ ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် စိန်နားပန်မီးပုံးပျံအကြီး(၂)လုံးနှင့် မီးပုံးပျံ အလုံးငယ်(၄၅၀၀)လုံးတို့ကို လွတ်တင်ကြသည်။

အဆိုပါ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်မှ ၂၃ ရက်နေ့အထိ (၁၀)ရက်တိုင်တိုင် စည်ကား သိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ပြီး၊ ပွဲတော်အတွင်း ညလွှတ်ညမီးကြီး(၈၁)လုံး၊ စိန်နားပန်(၄၂)လုံးနှင့် နေ့လွှတ်အရုပ် ခြေနှစ်ချောင်း(၁၅၉)လုံး၊ ခြေလေးချောင်း(၉၀)လုံး၊ အုပ်စု(၄၂)လုံး၊ ညလွှတ်မီးပုံးပျံစုစုပေါင်း(၁၂၃)လုံး၊ နေ့လွှတ်အရုပ် စုစုပေါင်း(၂၉၁)လုံး၊ စုစုပေါင်းမီးပုံးပျံအလုံးရေ(၄၁၄)လုံးတို့ကို လွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ က်င္းပမည့္ အေဝရာမီးပုံးပ်ံကြင္းသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး ႏိုဝင္ဘာ ၁၃

207

၂၀၁၈ ခုႏွစ္၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ေတာင္ႀကီးၿမိဳ႕ တန္ေဆာင္တိုင္ပြဲေတာ္ကို ႏိုဝင္ဘာ ၁၄ ရက္ေန႔တြင္ က်င္းပမည္ျဖစ္၍ ပြဲေတာ္က်င္းပမည့္ အေဝရာမီးပုံးပ်ံကြင္းသို႔ ႏိုဝင္ဘာလ ၁၃ ရက္ ညေန ၃ နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ပြဲေတာ္က်င္းပေရး ဆပ္ေကာ္မတီဝင္မ်ားႏွင့္အတူ ကြင္းဆင္းၾကည့္႐ႈစစ္ေဆးၾကေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူတို႔သည္ မီးပုံးပ်ံကြင္း လႊတ္မည့္ေနရာႏွင့္ မီးပုံးပ်ံကြင္း အတြင္း ရွမ္းျပည္နယ္မီးသတ္ဦးစီးဌာနမွ အေရးေပၚမီးၿငိမ္းသတ္မႈ သ႐ုပ္ျပေနမႈကို ၾကည့္႐ႈျခင္းႏွင့္ မီးပုံးပ်ံယမ္း မီးႀကီးေခြခ်ိတ္မည့္ေနရာမ်ား၊ ပြဲေတာ္လာျပည္သူမ်ားအတြက္ ယာဥ္ရပ္နားစခန္းထားရွိမည့္ေနရာမ်ား၊ LED ဘုတ္ ျဖင့္ ထုတ္လႊင့္ျပသမည့္ေနရာမ်ားကို လွည့္လည္ၾကည့္႐ႈျခင္းႏွင့္ တန္ေဆာင္တိုင္ပြဲေတာ္မီးပုံးပ်ံစတင္ပူေဇာ္မည့္ စူဠာမုနိေလာကခ်မ္းသာဘုရားရင္ျပင္ေပၚတြင္ ျပဳျပင္ထားရွိမႈတို႔ကို သြားေရာက္ၾကည့္႐ႈၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္(ျပန္/ဆက္)ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော် ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး နိုဝင်ဘာ ၁၃

၂၀၁၈ ခုနှစ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ကို နိုဝင်ဘာ ၁၄ ရက်နေ့တွင် ကျင်းပမည်ဖြစ်၍ ပွဲတော်ကျင်းပမည့် အဝေရာမီးပုံးပျံကွင်းသို့ နိုဝင်ဘာလ ၁၃ ရက် ညနေ ၃ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပွဲတော်ကျင်းပရေး ဆပ်ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့သည် မီးပုံးပျံကွင်း လွှတ်မည့်နေရာနှင့် မီးပုံးပျံကွင်း အတွင်း ရှမ်းပြည်နယ်မီးသတ်ဦးစီးဌာနမှ အရေးပေါ်မီးငြိမ်းသတ်မှု သရုပ်ပြနေမှုကို ကြည့်ရှုခြင်းနှင့် မီးပုံးပျံယမ်း မီးကြီးခွေချိတ်မည့်နေရာများ၊ ပွဲတော်လာပြည်သူများအတွက် ယာဉ်ရပ်နားစခန်းထားရှိမည့်နေရာများ၊ LED ဘုတ် ဖြင့် ထုတ်လွှင့်ပြသမည့်နေရာများကို လှည့်လည်ကြည့်ရှုခြင်းနှင့် တန်ဆောင်တိုင်ပွဲတော်မီးပုံးပျံစတင်ပူဇော်မည့် စူဠာမုနိလောကချမ်းသာဘုရားရင်ပြင်ပေါ်တွင် ပြုပြင်ထားရှိမှုတို့ကို သွားရောက်ကြည့်ရှုကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင်(ပြန်/ဆက်)ဦးစီးဌာန

 

၀၉၂၅၀၁၃၂၉၄၃

အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႏွစ္ပတ္လည္ေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၄

202

ႏိုဝင္ဘာ ၇ ရက္ေန႔တြင္က်ေရာက္မည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ႏွစ္ပတ္လည္ေန႔ အခမ္းအနားကို  တက္ေရာက္ခ်ီးျမႇင့္ရသည့္အတြက္ အထူးပင္ဂုဏ္ယူဝမ္းေျမာက္မိပါေၾကာင္း၊ အစဥ္အလာ ႀကီးမားခဲ့သည့္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၏ သမိုင္းေၾကာင္းကိုေျပာရရင္ ၿဗိတိသၽွကိုလိုနီေခတ္ ၁၉၀၈ ခုႏွစ္၊ ျမန္မာႏိုင္ငံအတြင္းဝန္မ်ား ကိုဓ ဥပေဒအရ  အတြင္းဝန္ခ်ဳပ္က  အေထြေထြအုပ္ခ်ဳပ္ေရး လုပ္ငန္းမ်ားကို တာဝန္ယူေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ၁၉၃၇ ခုႏွစ္တြင္ျမန္မာႏိုင္ငံသည္ အိႏၵိယႏိုင္ငံ ဗဟို အစိုးရ၏   လက္ေအာက္ခံ ျပည္နယ္အျဖစ္မွခြဲထြက္ခဲ့ၿပီးေနာက္ အသစ္ျပန္လည္ဖြဲ႕စည္းခဲ့ေသာ ဝန္ႀကီးဌာန (၁၀)ခုအနက္ ျပည္ထဲေရးဝန္ႀကီးဌာန၏ အတြင္းဝန္ခ်ဳပ္က အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို ဗဟိုအဆင့္မွာ အႀကီးအကဲအျဖစ္ ေဆာင္႐ြက္ခဲ့ၿပီး တိုင္း/ ျပည္နယ္မ်ားတြင္ အုပ္ခ်ဳပ္ေရးလုပ္ငန္းမ်ားကို တာဝန္ခံ ေဆာင္႐ြက္ႏိုင္ရန္ တိုင္းမင္းႀကီး႐ုံး၊ ခ႐ိုင္ဝန္႐ုံး၊ နယ္ပိုင္ဝန္ေထာက္႐ုံး၊ ၿမိဳ႕ပိုင္႐ုံးမ်ားကို အဆင့္ဆင့္ဖြဲ႕စည္း ေဆာင္႐ြက္ခဲ့သည္ကို ေတြ႕ရပါေၾကာင္း၊ ႏိုဝင္ဘာ ၄ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ အစိုးရ႐ုံး အစည္းအေဝး ခန္းမ၌ က်င္းပေသာ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန အထိမ္းအမွတ္အခမ္း အနားတြင္ ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

အေျခခံလိုအပ္ခ်က္မ်ားကို ျဖည့္ဆည္း ေဆာင္႐ြက္ရာတြင္ အဆင္ေျပေခ်ာေမြ႕ေစရန္ ဝန္ေဆာင္မႈ မ်ား ေဆာင္႐ြက္ေပးႏိုင္ရန္၊ လာဘ္ေပးလာဘ္ယူမႈ အဂတိလိုက္စားမႈမ်ားကို တားျမစ္၍ ထိေရာက္ေသာ ဝန္ေဆာင္မႈ အေလ့အက်င့္မ်ားကို ျပဳစုပ်ိဳးေထာင္ေပးရန္၊ ျပည္သူမ်ားက အစိုးရနဲ႔ ဌာနဆိုင္ရာမ်ားအေပၚ အားကိုးယုံၾကည္မႈတိုးပြားလာေစရန္ႏွင့္ တာဝန္ထမ္းေဆာင္ေနေသာဝန္ထမ္းမ်ား ဦးစီးဌာနအလိုက္ အျပန္ အလွန္ ထိန္းေက်ာင္းမႈမ်ား ျပဳႏိုင္ရန္ ရည္႐ြယ္ၿပီး “ ျပည္သူ႕အတြက္ OSS” ဟူေသာ ေဆာင္ပုဒ္နဲ႔အညီ ျပည္သူ႕ဝန္ေဆာင္မႈ႐ုံးမ်ားကို ဖြင့္လွစ္ေပး ခဲ့ၿပီးျဖစ္ေၾကာင္း၊ ယခုလိုစုေပါင္းအုပ္ခ်ဳပ္မႈပုံစံနဲ႔ ျပည္သူမ်ားကို ဝန္ေဆာင္မႈ ေပးျခင္းျဖင့္ ျပည္သူလူထုနဲ႔ ဝန္ထမ္းမ်ားအၾကား နားလည္ယုံၾကည္မႈ တိုးတက္ခိုင္မာလာေစမည့္ အခြင့္အလမ္းတစ္ခုျဖစ္တဲ့အတြက္ ျပည္သူမ်ား အားကိုးယုံၾကည္ရေသာ ဝန္ထမ္းေကာင္းမ်ားျဖစ္လာေစရန္ မိမိတို႔တတ္စြမ္းသမၽွ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္ ၎က တိုက္တြန္းေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးစိုးစိုးေဇာ္မွ ရွမ္းျပည္နယ္အုပ္ခ်ဳပ္မႈသမိုင္းႏွင့္ လုပ္ငန္းေဆာင္႐ြက္မႈမ်ား ရွင္းလင္း တင္ျပၿပီး၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန ျဖစ္ေပၚလာပုံသမိုင္းေၾကာင္းကို ဗီဒီယိုျဖင့္ျပသ၍ တက္ေရာက္ လာၾကသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားတို႔က ဧည့္သည္ေတာ္မ်ား၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနဝန္ထမ္းေဟာင္းမ်ားတို႔အား ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဒုတိယၫႊန္ၾကားေရး မႉးခ်ဳပ္ ဦးစိုးစိုးေဇာ္ႏွင့္ တာဝန္ရွိသူတို႔မွ ေနရာအေရာက္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား  ေပးအပ္ၾကသည္။

ထို႔ေနာက္သင္တန္းထူးခၽြန္ဆုရရွိခဲ့သူမ်ားအား ဂုဏ္ျပဳဆုခ်ီးျမႇင့္ျခင္းႏွင့္ ၂၀၁၇-၂၀၁၈ ခုႏွစ္ အတြင္း ခြင့္အနည္းဆုံးခံစားခဲ့သည့္ ဝန္ထမ္း ၁၀ ဦးတို႔အား ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားက ဆုမ်ားခ်ီးျမႇင့္ေပးၾကၿပီး၊ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး၊ ဒုတိယ ၫႊန္ၾကားေရးမႉးခ်ဳပ္မွ ဝန္ထမ္းမ်ားအား ဝတ္စုံေပးအပ္ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၄

နိုဝင်ဘာ ၇ ရက်နေ့တွင်ကျရောက်မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနားကို  တက်ရောက်ချီးမြှင့်ရသည့်အတွက် အထူးပင်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ အစဉ်အလာ ကြီးမားခဲ့သည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကိုပြောရရင် ဗြိတိသျှကိုလိုနီခေတ် ၁၉၀၈ ခုနှစ်၊ မြန်မာနိုင်ငံအတွင်းဝန်များ ကိုဓ ဥပဒေအရ  အတွင်းဝန်ချုပ်က  အထွေထွေအုပ်ချုပ်ရေး လုပ်ငန်းများကို တာဝန်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ၁၉၃၇ ခုနှစ်တွင်မြန်မာနိုင်ငံသည် အိန္ဒိယနိုင်ငံ ဗဟို အစိုးရ၏   လက်အောက်ခံ ပြည်နယ်အဖြစ်မှခွဲထွက်ခဲ့ပြီးနောက် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သော ဝန်ကြီးဌာန (၁၀)ခုအနက် ပြည်ထဲရေးဝန်ကြီးဌာန၏ အတွင်းဝန်ချုပ်က အုပ်ချုပ်ရေးလုပ်ငန်းများကို ဗဟိုအဆင့်မှာ အကြီးအကဲအဖြစ် ဆောင်ရွက်ခဲ့ပြီး တိုင်း/ ပြည်နယ်များတွင် အုပ်ချုပ်ရေးလုပ်ငန်းများကို တာဝန်ခံ ဆောင်ရွက်နိုင်ရန် တိုင်းမင်းကြီးရုံး၊ ခရိုင်ဝန်ရုံး၊ နယ်ပိုင်ဝန်ထောက်ရုံး၊ မြို့ပိုင်ရုံးများကို အဆင့်ဆင့်ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်ကို တွေ့ရပါကြောင်း၊ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အထိမ်းအမှတ်အခမ်း အနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန် ဝန်ဆောင်မှု များ ဆောင်ရွက်ပေးနိုင်ရန်၊ လာဘ်ပေးလာဘ်ယူမှု အဂတိလိုက်စားမှုများကို တားမြစ်၍ ထိရောက်သော ဝန်ဆောင်မှု အလေ့အကျင့်များကို ပြုစုပျိုးထောင်ပေးရန်၊ ပြည်သူများက အစိုးရနဲ့ ဌာနဆိုင်ရာများအပေါ် အားကိုးယုံကြည်မှုတိုးပွားလာစေရန်နှင့် တာဝန်ထမ်းဆောင်နေသောဝန်ထမ်းများ ဦးစီးဌာနအလိုက် အပြန် အလှန် ထိန်းကျောင်းမှုများ ပြုနိုင်ရန် ရည်ရွယ်ပြီး “ ပြည်သူ့အတွက် OSS” ဟူသော ဆောင်ပုဒ်နဲ့အညီ ပြည်သူ့ဝန်ဆောင်မှုရုံးများကို ဖွင့်လှစ်ပေး ခဲ့ပြီးဖြစ်ကြောင်း၊ ယခုလိုစုပေါင်းအုပ်ချုပ်မှုပုံစံနဲ့ ပြည်သူများကို ဝန်ဆောင်မှု ပေးခြင်းဖြင့် ပြည်သူလူထုနဲ့ ဝန်ထမ်းများအကြား နားလည်ယုံကြည်မှု တိုးတက်ခိုင်မာလာစေမည့် အခွင့်အလမ်းတစ်ခုဖြစ်တဲ့အတွက် ပြည်သူများ အားကိုးယုံကြည်ရသော ဝန်ထမ်းကောင်းများဖြစ်လာစေရန် မိမိတို့တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်သွားကြရန် ၎င်းက တိုက်တွန်းပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးစိုးဇော်မှ ရှမ်းပြည်နယ်အုပ်ချုပ်မှုသမိုင်းနှင့် လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်း တင်ပြပြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဗီဒီယိုဖြင့်ပြသ၍ တက်ရောက် လာကြသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများတို့က ဧည့်သည်တော်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းဟောင်းများတို့အား ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးစိုးစိုးဇော်နှင့် တာဝန်ရှိသူတို့မှ နေရာအရောက် အမှတ်တရလက်ဆောင်ပစ္စည်းများ  ပေးအပ်ကြသည်။

ထို့နောက်သင်တန်းထူးချွန်ဆုရရှိခဲ့သူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် ၂၀၁၇-၂၀၁၈ ခုနှစ် အတွင်း ခွင့်အနည်းဆုံးခံစားခဲ့သည့် ဝန်ထမ်း ၁၀ ဦးတို့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်နှင့် ပြည်နယ်ဝန်ကြီးများက ဆုများချီးမြှင့်ပေးကြပြီး၊ ပြည်နယ်အုပ်ချုပ်ရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်မှ ဝန်ထမ်းများအား ဝတ်စုံပေးအပ်ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက်

ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး လူထုမီးဖိုေဆာင္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၉

206

ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ၊ ဟိုပုံးၿမိဳ႕နယ္၊ ေနာင္ေတာင္းပရဟိတတပ္ဦးဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ၌ ႏိုဝင္ဘာ ၉ ရက္ နံနက္ ၈ နာရီခြဲက ျမန္မာႏိုင္ငံအတြက္ ပထမဦးဆုံး လူထုမီးဖိုေဆာင္ဖြင့္ပြဲက်င္းပရာ ေနာင္ေတာင္း ပရဟိတတပ္ဦးဘုန္းေတာ္ႀကီးသင္ ပညာေရးေက်ာင္း ဆရာေတာ္ ဦးရာဇိႏၵသီရိက က ဝမ္းေျမာက္စကား ႁမြက္ၾကားေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လူထုမီးဖိုေဆာင္ဟု ျမန္မာလိုအမည္ေပး ထားေသာ Community Kitchen သည္ အိမ္ရွင္မမ်ားကို မ်ားစြာအေထာက္အပံ့ျဖစ္ေစသည့္အျပင္ သဘာဝပတ္ဝန္းက်င္ ကိုပါ ထိန္းသိမ္းေစာင့္ေရွာက္ရာေရာက္သည့္ အစီအစဥ္ေကာင္းတစ္ခုျဖစ္၍ ဝမ္းေျမာက္စြာႀကိဳဆိုပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ ပထမဦးဆုံးစတင္သည့္ Community Kitchen ကို ရွမ္းျပည္နယ္တြင္ အေကာင္အထည္ေဖာ္ရန္ေ႐ြးခ်ယ္ေဆာင္႐ြက္ခဲ့ျခင္း အတြက္ ရွမ္းျပည္နယ္ျပည္သူလူထုကိုယ္စား ဂုဏ္ယူရပါေၾကာင္း၊ လူထုမီးဖိုေဆာင္၏ အက်ိဳးသက္ေရာက္မႈသည္ အင္မတန္ ႀကီးမားမည္ဟုယုံၾကည္ပါေၾကာင္း၊ အိမ္ရွင္မတစ္ေယာက္ထင္းတစ္ေခ်ာင္းခုတ္ယူမႈေလ်ာ့နည္းသြားပါက ေတာထဲရွိသင္ပင္ အတြက္ သက္သာရာရမည္ျဖစ္ၿပီး သစ္ပင္မ်ားအခုတ္ခံရသက္သာသျဖင့္ သစ္ေတာမ်ားအတြက္ ေဂဟစနစ္ကိုလည္း ထိန္းသိမ္းေစာင့္ေရွာက္ရာေရာက္ပါေၾကာင္း၊ ထင္းခုတ္ထင္းသယ္ရသည့္အခ်ိန္ႏွင့္ လူပင္ပန္းမႈမ်ားသည္လည္း အမ်ားႀကီး သက္သာသြားမည္ျဖစ္ၿပီး၊ ထင္းႏွင့္ခ်က္ျပဳတ္ျခင္းေၾကာင့္ ရရွိလာေသာ အသက္႐ႈလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ားကိုလည္း ေလ်ာ့ပါးကင္းစင္သြားမည္ျဖစ္၍ အက်ိဳးသက္ေရာက္မႈႀကီးမားမည္ဟု ဆိုႏိုင္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအေနျဖင့္လည္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ကို ထိန္းသိမ္းသည့္အေနျဖင့္ ၂၀၁၇-၂၀၁၈ ဘ႑ာႏွစ္တြင္ စြမ္းအားျမႇင့္မီးဖိုမ်ားကို ျပည္သူမ်ားအသုံးျပဳႏိုင္ရန္အတြက္ ေတာင္ႀကီးခ႐ိုင္တြင္ (၁၂၅) လုံး၊ လြိဳင္လင္ခ႐ိုင္တြင္ (၇၅) လုံး၊ လင္းေခးခ႐ိုင္တြင္ (၅၀) လုံး၊ ဒုျပည္နယ္လား႐ႈိးတြင္ (၁၀၀)လုံး၊ ဒုျပည္နယ္က်ိဳင္းတုံတြင္(၁၀၀)လုံး၊ စုစုေပါင္း(၄၅၀)လုံးကို ျဖန္႔ေဝေပးႏိုင္ခဲ့ေၾကာင္း ေျပာၾကားသြားသည္။

ယေန႔ဖြင့္လွစ္ႏိုင္ခဲ့သည့္ လူထုမီးဖိုေဆာင္ကို တိုင္းရင္းသားျပည္သူမ်ား ကာလတစ္ခုအတြင္း အခမဲ့သုံးစြဲႏိုင္မည္ ျဖစ္သည့္အျပင္အသုံးျပဳရာတြင္ လြယ္ကူအဆင္ေျပေစရန္ စီစဥ္ေဆာင္႐ြက္ထားၿပီးျဖစ္၍ မိမိတို႔ေရွး႐ိုးအတိုင္းသုံးစြဲေနၾကသည့္ ထင္းေလာင္စာအစား လူထုမီးဖိုေဆာင္တြင္ လာေရာက္ခ်က္ျပဳတ္ၾကပါရန္ႏွင့္ မိမိတို႔၏ က်န္းမာေရး၊ လူမႈေရးအတြက္ပါ အေထာက္အကူျဖစ္ေစသည့္အျပင္ သဘာဝပတ္ဝန္းက်င္ကိုလည္း ထိန္းသိမ္းရာေရာက္ေစေသာ LPG ေရနံသဘာဝ ဓါတ္ေငြ႕ရည္ကို အစားထိုးသုံးစြဲၾကရန္ အႀကံျပဳလိုေၾကာင္း ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ကမၻာလုံးဆိုင္ရာ LPG အဖြဲ႕၏ Cooking For Life မွ Mrs. Alison Abbott က ကမၻာလုံးဆိုင္ရာ အျမင္ႏွင့္ ပတ္သက္၍ ရွင္းလင္းေျပာၾကားကာ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးၫိုက အမွာစကားေျပာၾကားၿပီး၊ ပါရမီစြမ္းအင္ကုမၸဏီမ်ားအုပ္စုမွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးျပည့္ဝထြန္းက ေက်းဇူးတင္စကား ျပန္လည္ေျပာၾကား၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တက္ေရာက္လာၾကသည့္ဧည့္သည္ေတာ္မ်ားကို ေနရာအေရာက္ အမွတ္တရလက္ေဆာင္ပစၥည္းမ်ား ေပးအပ္ၾကသည္။

ထို႔ေနာက္ လူထုမီးဖိုေဆာင္ Community Kitchen ကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ မေကြးတိုင္းဝန္ႀကီးခ်ဳပ္ ေဒါက္တာေအာင္မိုးၫို၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္၊ Mrs. Alison Abbott၊ ပါရမီစြမ္းအင္ကုမၸဏီမ်ားအုပ္စုမွ အမႈေဆာင္အရာရွိခ်ဳပ္ ဦးျပည့္ဝထြန္း တို႔ႏွင့္ တာဝန္ရွိသူတို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ တက္ေရာက္လာသူပရိတ္သက္မ်ားက လူထုမီးဖိုေဆာင္ Community Kitchen တြင္ လက္ေတြ႕ခ်က္ျပဳတ္ျခင္းကို လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံအတွက် ပထမဦးဆုံး လူထုမီးဖိုဆောင်ဖွင့်ပွဲကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၉

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ နောင်တောင်းပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ၌ နိုဝင်ဘာ ၉ ရက် နံနက် ၈ နာရီခွဲက မြန်မာနိုင်ငံအတွက် ပထမဦးဆုံး လူထုမီးဖိုဆောင်ဖွင့်ပွဲကျင်းပရာ နောင်တောင်း ပရဟိတတပ်ဦးဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် ဦးရာဇိန္ဒသီရိက က ဝမ်းမြောက်စကား မြွက်ကြားကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လူထုမီးဖိုဆောင်ဟု မြန်မာလိုအမည်ပေး ထားသော Community Kitchen သည် အိမ်ရှင်မများကို များစွာအထောက်အပံ့ဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင် ကိုပါ ထိန်းသိမ်းစောင့်ရှောက်ရာရောက်သည့် အစီအစဉ်ကောင်းတစ်ခုဖြစ်၍ ဝမ်းမြောက်စွာကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ပထမဦးဆုံးစတင်သည့် Community Kitchen ကို ရှမ်းပြည်နယ်တွင် အကောင်အထည်ဖော်ရန်ရွေးချယ်ဆောင်ရွက်ခဲ့ခြင်း အတွက် ရှမ်းပြည်နယ်ပြည်သူလူထုကိုယ်စား ဂုဏ်ယူရပါကြောင်း၊ လူထုမီးဖိုဆောင်၏ အကျိုးသက်ရောက်မှုသည် အင်မတန် ကြီးမားမည်ဟုယုံကြည်ပါကြောင်း၊ အိမ်ရှင်မတစ်ယောက်ထင်းတစ်ချောင်းခုတ်ယူမှုလျော့နည်းသွားပါက တောထဲရှိသင်ပင် အတွက် သက်သာရာရမည်ဖြစ်ပြီး သစ်ပင်များအခုတ်ခံရသက်သာသဖြင့် သစ်တောများအတွက် ဂေဟစနစ်ကိုလည်း ထိန်းသိမ်းစောင့်ရှောက်ရာရောက်ပါကြောင်း၊ ထင်းခုတ်ထင်းသယ်ရသည့်အချိန်နှင့် လူပင်ပန်းမှုများသည်လည်း အများကြီး သက်သာသွားမည်ဖြစ်ပြီး၊ ထင်းနှင့်ချက်ပြုတ်ခြင်းကြောင့် ရရှိလာသော အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါများကိုလည်း လျော့ပါးကင်းစင်သွားမည်ဖြစ်၍ အကျိုးသက်ရောက်မှုကြီးမားမည်ဟု ဆိုနိုင်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအနေဖြင့်လည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းသည့်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် စွမ်းအားမြှင့်မီးဖိုများကို ပြည်သူများအသုံးပြုနိုင်ရန်အတွက် တောင်ကြီးခရိုင်တွင် (၁၂၅) လုံး၊ လွိုင်လင်ခရိုင်တွင် (၇၅) လုံး၊ လင်းခေးခရိုင်တွင် (၅၀) လုံး၊ ဒုပြည်နယ်လားရှိုးတွင် (၁၀၀)လုံး၊ ဒုပြည်နယ်ကျိုင်းတုံတွင်(၁၀၀)လုံး၊ စုစုပေါင်း(၄၅၀)လုံးကို ဖြန့်ဝေပေးနိုင်ခဲ့ကြောင်း ပြောကြားသွားသည်။

ယနေ့ဖွင့်လှစ်နိုင်ခဲ့သည့် လူထုမီးဖိုဆောင်ကို တိုင်းရင်းသားပြည်သူများ ကာလတစ်ခုအတွင်း အခမဲ့သုံးစွဲနိုင်မည် ဖြစ်သည့်အပြင်အသုံးပြုရာတွင် လွယ်ကူအဆင်ပြေစေရန် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်၍ မိမိတို့ရှေးရိုးအတိုင်းသုံးစွဲနေကြသည့် ထင်းလောင်စာအစား လူထုမီးဖိုဆောင်တွင် လာရောက်ချက်ပြုတ်ကြပါရန်နှင့် မိမိတို့၏ ကျန်းမာရေး၊ လူမှုရေးအတွက်ပါ အထောက်အကူဖြစ်စေသည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာရောက်စေသော LPG ရေနံသဘာဝ ဓါတ်ငွေ့ရည်ကို အစားထိုးသုံးစွဲကြရန် အကြံပြုလိုကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ ကမ္ဘာလုံးဆိုင်ရာ LPG အဖွဲ့၏ Cooking For Life မှ Mrs. Alison Abbott က ကမ္ဘာလုံးဆိုင်ရာ အမြင်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အမှာစကားပြောကြားပြီး၊ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်ဧည့်သည်တော်များကို နေရာအရောက် အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

ထို့နောက် လူထုမီးဖိုဆောင် Community Kitchen ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်၊ Mrs. Alison Abbott၊ ပါရမီစွမ်းအင်ကုမ္ပဏီများအုပ်စုမှ အမှုဆောင်အရာရှိချုပ် ဦးပြည့်ဝထွန်း တို့နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ တက်ရောက်လာသူပရိတ်သက်များက လူထုမီးဖိုဆောင် Community Kitchen တွင် လက်တွေ့ချက်ပြုတ်ခြင်းကို လှည့်လည်ကြည့်ရှုကြကြောင်းသိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ပၪၥမအႀကိမ္သူနာျပဳ- သားဖြားဒီပလိုမာ (၃)ႏွစ္သင္တန္း ဒီပလိုမာေအာင္လက္မွတ္အပ္ႏွင္းပြဲက်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ -  ၃၀

201

အပါတ္စဥ္(၄၁) ပၪၥမအႀကိမ္ သူနာျပဳသင္တန္းေက်ာင္း၊ သူနာျပဳ- သားဖြားဒီပလိုမာ (၃)ႏွစ္သင္တန္း ဒီပလိုမာ ေအာင္လက္မွတ္အပ္ႏွင္းပြဲကို ေအာက္တိုဘာ ၃၀ ရက္နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌က်င္းပသည္။

အဆိုပါသင္တန္းဆင္းပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေဆးသိပၸံ ပညာရပ္မ်ား ကၽြမ္းက်င္တတ္ေျမာက္႐ုံသာမက မိမိႏိုင္ငံႏွင့္ မိမိလူမ်ိဳးအက်ိဳး စီးပြားျဖစ္ထြန္းေရးအတြက္ ႀကိဳးပမ္း ေဆာင္႐ြက္လိုသည့္ စိတ္ပိုင္းဆိုင္ရာဖြံ႕ၿဖိဳးတိုးတက္မႈအျပင္ ျပည္သူမ်ားအေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေပးရာတြင္ ထားရွိအပ္ေသာ ေစတနာ၊ စိတ္ထား၊ က်င့္ဝတ္တို႔ကိုပါ အေလးထားေဖာ္ေဆာင္ေပးၿပီး သင္႐ိုးၫႊန္းတမ္းမ်ားကို ေရးဆြဲ ႏိုင္ခဲ့သည့္ သင္႐ႈိးၫႊန္းတမ္းမ်ားအတိုင္း အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနပါေၾကာင္း၊ သူနာျပဳမ်ား၏ အခန္းက႑တြင္ က်န္းမာေရးလူ႕စြမ္းအားအရင္းအျမစ္ ဦးစီးဌာနေအာက္၌ သူနာျပဳတကၠသိုလ္ ၂ ခုႏွင့္ သူနာျပဳသားဖြားသင္တန္းေက်ာင္း ၄၆ ေက်ာင္းအထိတိုးျမႇင့္ဖြင့္လွစ္ေပးထားၿပီး၊ သူနာျပဳမဟာသိပၸံ ဘြဲ႕လြန္သင္တန္း ၉ လ အထူးျပဳဒီပလိုမာသင္တန္းမ်ားကိုလည္း သူနာျပဳတကၠသိုလ္ ၂ ခုလုံးတြင္ ဖြင့္လွစ္သင္ၾကားေပးႏိုင္ခဲ့ၿပီးျဖစ္ေၾကာင္း၊ သူနာျပဳသားဖြားဒီပလိုမာေအာင္လက္မွတ္ရ ေမာင္မယ္တို႔အား မွာၾကားလိုသည္မွာ သူနာျပဳအတတ္ပညာမ်ားကို ကၽြမ္းက်င္တတ္ေျမာက္ေအာင္ ကိုယ္စြမ္း၊ ဉာဏ္စြမ္း စိုက္ထုတ္ၿပီး ဆက္လက္ေလ့လာဆည္းပူးၾကရန္၊ မိမိတို႔ကၽြမ္းက်င္ရာ သူနာျပဳစုျခင္းႏွင့္အတူ ကမၻာအရပ္ရပ္က အသိပညာ၊ အတတ္ပညာတို႔ကိုလည္း တိုင္းရင္းသား ညီအစ္ကို ေမာင္ႏွမမ်ားကို ျဖန္႔ျဖဴးေဝငွေပးၾကရန္၊ အမ်ိဳးသား က်န္းမာေရး ေစာင့္ေရွာက္မႈလုပ္ငန္းမ်ားကို ကိုယ္စြမ္း၊ ဉာဏ္စြမ္းရွိသမၽွ က်ရာအခန္းက႑က တက္တက္ႂကြႂကြပါဝင္ေဆာင္႐ြက္ ၾကရန္ႏွင့္ တိုးတက္ေနေသာ ကမၻာ့ေဆးပညာရပ္နယ္ပယ္မ်ားကို အၿမဲတေစ ႏွံ႔စပ္ေအာင္ေလ့လာၾကရန္ ၊ ဒီပလိုမာ ေအာင္လက္မွတ္ရၿပီး လုပ္ငန္းခြင္အသီးသီးကိုဝင္သည့္အခါ ႏိုင္ငံေတာ္၏ ေက်းဇူးသစၥာကို အစဥ္ထာဝရေစာင့္သိ႐ိုေသၾကရန္ ျပည္သူလူထုႏွင့္ ဆက္ဆံရာတြင္ ေမတၱာ၊ ေစတနာအရင္းခံၿပီး ျပည္သူႏွင့္တစ္သားတည္းျဖစ္ေအာင္ ဆက္ဆံၾကရန္၊ အဓိကအေနျဖင့္ မိမိတို႔ ရွမ္းျပည္နယ္ႏွင့္ အမိေက်ာင္းေတာ္ႀကီး၏ ဂုဏ္သိကၡာကို အစဥ္ျမႇင့္တင္ေပးၾကရန္ အေလးအနက္ထားမွာၾကားလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ကုသေရးႏွင့္ျပည္သူ႕က်န္းမာေရးဦးစီးဌာန၊ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာ သူဇာခ်စ္တင္က သင္တန္းသူ/သင္တန္းသားမ်ားအား သင္တန္းဆင္းအမွာစကားေျပာၾကားၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက ဒီပလိုမာေအာင္လက္မွတ္ ရယူၾကမည့္ သင္တန္းသား/သင္တန္းသူမ်ားအား ရင္းႏွီးစြာႏႈတ္ဆက္အားေပးစကားေျပာၾကားခဲ့ေၾကာင္းသိရွိရသည္။

 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပဉ္စမအကြိမ်သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ -  ၃၀

အပါတ်စဉ်(၄၁) ပဉ္စမအကြိမ် သူနာပြုသင်တန်းကျောင်း၊ သူနာပြု- သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲကို အောက်တိုဘာ ၃၀ ရက်နံနက် ၉ နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ဆေးသိပ္ပံ ပညာရပ်များ ကျွမ်းကျင်တတ်မြောက်ရုံသာမက မိမိနိုင်ငံနှင့် မိမိလူမျိုးအကျိုး စီးပွားဖြစ်ထွန်းရေးအတွက် ကြိုးပမ်း ဆောင်ရွက်လိုသည့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုအပြင် ပြည်သူများအပေါ် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် ထားရှိအပ်သော စေတနာ၊ စိတ်ထား၊ ကျင့်ဝတ်တို့ကိုပါ အလေးထားဖော်ဆောင်ပေးပြီး သင်ရိုးညွှန်းတမ်းများကို ရေးဆွဲ နိုင်ခဲ့သည့် သင်ရှိုးညွှန်းတမ်းများအတိုင်း အကောင်အထည်ဖော်ဆောင်ရွက်နေပါကြောင်း၊ သူနာပြုများ၏ အခန်းကဏ္ဍတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်၌ သူနာပြုတက္ကသိုလ် ၂ ခုနှင့် သူနာပြုသားဖွားသင်တန်းကျောင်း ၄၆ ကျောင်းအထိတိုးမြှင့်ဖွင့်လှစ်ပေးထားပြီး၊ သူနာပြုမဟာသိပ္ပံ ဘွဲ့လွန်သင်တန်း ၉ လ အထူးပြုဒီပလိုမာသင်တန်းများကိုလည်း သူနာပြုတက္ကသိုလ် ၂ ခုလုံးတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်ရ မောင်မယ်တို့အား မှာကြားလိုသည်မှာ သူနာပြုအတတ်ပညာများကို ကျွမ်းကျင်တတ်မြောက်အောင် ကိုယ်စွမ်း၊ ဉာဏ်စွမ်း စိုက်ထုတ်ပြီး ဆက်လက်လေ့လာဆည်းပူးကြရန်၊ မိမိတို့ကျွမ်းကျင်ရာ သူနာပြုစုခြင်းနှင့်အတူ ကမ္ဘာအရပ်ရပ်က အသိပညာ၊ အတတ်ပညာတို့ကိုလည်း တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ဖြန့်ဖြူးဝေငှပေးကြရန်၊ အမျိုးသား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ကျရာအခန်းကဏ္ဍက တက်တက်ကြွကြွပါဝင်ဆောင်ရွက် ကြရန်နှင့် တိုးတက်နေသော ကမ္ဘာ့ဆေးပညာရပ်နယ်ပယ်များကို အမြဲတစေ နှံ့စပ်အောင်လေ့လာကြရန် ၊ ဒီပလိုမာ အောင်လက်မှတ်ရပြီး လုပ်ငန်းခွင်အသီးသီးကိုဝင်သည့်အခါ နိုင်ငံတော်၏ ကျေးဇူးသစ္စာကို အစဉ်ထာဝရစောင့်သိရိုသေကြရန် ပြည်သူလူထုနှင့် ဆက်ဆံရာတွင် မေတ္တာ၊ စေတနာအရင်းခံပြီး ပြည်သူနှင့်တစ်သားတည်းဖြစ်အောင် ဆက်ဆံကြရန်၊ အဓိကအနေဖြင့် မိမိတို့ ရှမ်းပြည်နယ်နှင့် အမိကျောင်းတော်ကြီး၏ ဂုဏ်သိက္ခာကို အစဉ်မြှင့်တင်ပေးကြရန် အလေးအနက်ထားမှာကြားလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သူဇာချစ်တင်က သင်တန်းသူ/သင်တန်းသားများအား သင်တန်းဆင်းအမှာစကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဒီပလိုမာအောင်လက်မှတ် ရယူကြမည့် သင်တန်းသား/သင်တန်းသူများအား ရင်းနှီးစွာနှုတ်ဆက်အားပေးစကားပြောကြားခဲ့ကြောင်းသိရှိရသည်။

 

 

မောင်မောင်သန်း(တောင်ကြီး)

 

လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရး အသိပညာေပးေဟာေျပာ

ေတာင္ႀကီး ႏိုဝင္ဘာ - ၈

205

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ လမ္းၫႊန္မႈျဖင့္ အမွတ္ (၁၈) ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ (ရွမ္း/ေတာင္)၊ FXB Myanmar ႏွင့္ (NEPAS) တို႔ပူးေပါင္းေဆာင္႐ြက္ေသာ လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္၊ လမ္းအႏၲရာယ္ ကင္းရွင္းေရး အသိပညာေပးေဟာေျပာပြဲကို ႏိုဝင္ဘာ ၆ ရက္ ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပေၾကာင္း သိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္က ေဟာေျပာပြဲသို႔ တက္ေရာက္လာၾက ေသာ သက္ဆိုင္ရာတာဝန္ရွိသူမ်ား၊ ေက်ာင္းသူ/ေက်ာင္းသားမ်ားအားလုံး သိရွိထားၾကသည့္အတိုင္း ယခုအခါ ကမၻာႏွင့္အဝွမ္း ယာဥ္မေတာ္တဆမႈမ်ိဳးစုံေၾကာင့္ ေန႔စဥ္ႏွင့္အမၽွ လူအမ်ားအျပားထိခိုက္ဒဏ္ရာရ ေသေၾကပ်က္စီး ဆုံး႐ႈံးေနမႈကို ေတြ႕ျမင္ရမည္ျဖစ္ေၾကာင္း၊ ခ႐ိုင္/ ၿမိဳ႕နယ္အလိုက္ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္း ခ်ိဳးေဖာက္မႈမ်ား ကို ယာဥ္ထိန္းရဲတပ္ဖြဲ႕၊ အာဏာပိုင္အဖြဲ႕အစည္း၊ ဦးစီးဌာနဝန္ထမ္းမ်ားပါဝင္ေသာ ပူးေပါင္းစစ္ဆင္ေရးအဖြဲ႕မ်ားျဖင့္ ေန႔စဥ္ (သို႔မဟုတ္) ရက္ျခားစစ္ေဆးအေရးယူျခင္း၊ ခ႐ိုင္/ၿမိဳ႕နယ္အတြင္းသာမက ျပည္ေထာင္စုလမ္းမႀကီးေပၚတြင္ ပူးေပါင္းစစ္ဆင္ေရးအဖြဲ႕မ်ားျဖင့္ ေရွာင္တခင္ရပ္တန္႔စစ္ေဆးျခင္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း၊ စစ္ေဆးအေရးယူမႈ မ်ား၊ ပညာေပးေဆာင္႐ြက္မႈမ်ား စဥ္ဆက္မျပတ္ေဆာင္႐ြက္ေနေသာ္လည္း ယာဥ္တိုက္မႈ၊ ထိခိုက္ဒဏ္ရာရရွိမႈႏွင့္ ေသဆုံးပ်က္စီးမႈမ်ားမွာ ျဖစ္ပြားလ်က္ရွိေနသည္ကို ျမင္ေတြ႕ရမွာ ျဖစ္ေၾကာင္း၊ အမ်ားျပည္သူမ်ား ယာဥ္အႏၲရာယ္ ကင္းရွင္းေရးအတြက္ ေဆာင္႐ြက္ရာတြင္ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၊ ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ ကုန္းလမ္းပို႔ေဆာင္ေရး ၫႊန္ၾကားမႈဦးစီးဌာနတို႔တြင္သာ တာဝန္ရွိသည္ဟု မမွတ္ယူဘဲ အျခားဌာနဆိုင္ရာအသီးသီးႏွင့္ အစိုးရအဖြဲ႕ မဟုတ္ေသာ လူမႈေရးအဖြဲ႕အစည္းမ်ားမွ ပူးေပါင္းေဆာင္႐ြက္သြားၾကရန္ႏွင့္ ျပည္သူတစ္ရပ္လုံးကလည္း ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာျခင္းျဖင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ လမ္းအသုံးျပဳသူမ်ား ယာဥ္အႏၲရာယ္ကင္းရွင္းေရးစီမံခ်က္ႏွင့္ အသိပညာေပးတစ္ခန္းရပ္ ျပဇာတ္အေၾကာင္းကို FXB Myanmar Country Director ေဒါက္တာ ေဒၚခ်ိဳခ်ိဳမာေက်ာ္မွ ရွင္းလင္းေျပာၾကားၿပီး FXB Myanmar လူငယ္ေလးမ်ားမွ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္ပတ္သက္ေသာ တစ္ခန္းရပ္ျပဇာတ္ျဖင့္ တင္ဆက္ေဖ်ာ္ေျဖကာ အမွတ္(၁၈)ယာဥ္ထိန္းရဲ ဒုတပ္ဖြဲ႕ခြဲ (ရွမ္း/ေတာင္)မွ ကေလးသူငယ္ မ်ား၏ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေတးသ႐ုပ္ေဖာ္ျဖင့္ တင္ဆက္ေဖ်ာ္ေျဖၾကေၾကာင္းႏွင့္ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕မွေပးအပ္ေသာ အလႉေငြက်ပ္ တစ္သိန္းစီကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အတြင္းေရးမႉး ဦးစိုးစိုးေဇာ္မွ ေပးအပ္ ခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

 

ခ႐ိုင္ (ျပန္/ဆက္)ဦးစီးဌာန

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြော

တောင်ကြီး နိုဝင်ဘာ - ၈

ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် အမှတ် (၁၈) ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)၊ FXB Myanmar နှင့် (NEPAS) တို့ပူးပေါင်းဆောင်ရွက်သော လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး အသိပညာပေးဟောပြောပွဲကို နိုဝင်ဘာ ၆ ရက် တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်း သိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ်က ဟောပြောပွဲသို့ တက်ရောက်လာကြ သော သက်ဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသူ/ကျောင်းသားများအားလုံး သိရှိထားကြသည့်အတိုင်း ယခုအခါ ကမ္ဘာနှင့်အဝှမ်း ယာဉ်မတော်တဆမှုမျိုးစုံကြောင့် နေ့စဉ်နှင့်အမျှ လူအများအပြားထိခိုက်ဒဏ်ရာရ သေကြေပျက်စီး ဆုံးရှုံးနေမှုကို တွေ့မြင်ရမည်ဖြစ်ကြောင်း၊ ခရိုင်/ မြို့နယ်အလိုက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်မှုများ ကို ယာဉ်ထိန်းရဲတပ်ဖွဲ့၊ အာဏာပိုင်အဖွဲ့အစည်း၊ ဦးစီးဌာနဝန်ထမ်းများပါဝင်သော ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် နေ့စဉ် (သို့မဟုတ်) ရက်ခြားစစ်ဆေးအရေးယူခြင်း၊ ခရိုင်/မြို့နယ်အတွင်းသာမက ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့များဖြင့် ရှောင်တခင်ရပ်တန့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း၊ စစ်ဆေးအရေးယူမှု များ၊ ပညာပေးဆောင်ရွက်မှုများ စဉ်ဆက်မပြတ်ဆောင်ရွက်နေသော်လည်း ယာဉ်တိုက်မှု၊ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးပျက်စီးမှုများမှာ ဖြစ်ပွားလျက်ရှိနေသည်ကို မြင်တွေ့ရမှာ ဖြစ်ကြောင်း၊ အများပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့တွင်သာ တာဝန်ရှိသည်ဟု မမှတ်ယူဘဲ အခြားဌာနဆိုင်ရာအသီးသီးနှင့် အစိုးရအဖွဲ့ မဟုတ်သော လူမှုရေးအဖွဲ့အစည်းများမှ ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် ပြည်သူတစ်ရပ်လုံးကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ပြောကြားသွားသည်။

ဆက်လက်၍ လမ်းအသုံးပြုသူများ ယာဉ်အန္တရာယ်ကင်းရှင်းရေးစီမံချက်နှင့် အသိပညာပေးတစ်ခန်းရပ် ပြဇာတ်အကြောင်းကို FXB Myanmar Country Director ဒေါက်တာ ဒေါ်ချိုချိုမာကျော်မှ ရှင်းလင်းပြောကြားပြီး FXB Myanmar လူငယ်လေးများမှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်သော တစ်ခန်းရပ်ပြဇာတ်ဖြင့် တင်ဆက်ဖျော်ဖြေကာ အမှတ်(၁၈)ယာဉ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲ (ရှမ်း/တောင်)မှ ကလေးသူငယ် များ၏ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတေးသရုပ်ဖော်ဖြင့် တင်ဆက်ဖျော်ဖြေကြကြောင်းနှင့် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှပေးအပ်သော အလှူငွေကျပ် တစ်သိန်းစီကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးစိုးစိုးဇော်မှ ပေးအပ် ခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်)ဦးစီးဌာန

ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝး က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂၉

200

ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးကို ေအာက္တိုဘာ - ၂၉ ရက္ မြန္းလႊဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕ အစည္းအေဝးခန္းမ(၁)၌ က်င္းပေၾကာင္း သိရသည္။

ဆက္လက္၍ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ ဥကၠဌ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္က အဖြင့္အမွာစကား ေျပာၾကားၿပီး တက္ေရာက္လာသည့္ ျပည္နယ္ ဘ႑ာေရးဝန္ႀကီး ဦးစိုင္းရွဲန္တစ္လုံက ေဆြးေႏြးရာ လုပ္ငန္းႏွင့္ပတ္သက္၍ သတင္းရယူတည္ေဆာက္ျခင္း၊ စခန္းသြင္းစစ္ေဆးျခင္း၊ ယာဥ္တင္စစ္ေဆးျခင္းတို႔ကို အဖြဲ႕အစည္းမ်ားျဖင့္ စစ္ေဆးျခင္း၊ လုံၿခဳံေရးသတင္းအဖြဲ႕ ႏွင့္ ဆက္သြယ္ျခင္း၊ သတင္းေပးအဖြဲ႕အစည္းမ်ားႏွင့္ ဆက္သြယ္ျခင္း၊ တဖက္သတင္းေပးအဖြဲ႕မွ ေဖာ္ထုတ္မႈမ်ားကို ေစာင့္ၾကည့္ဖမ္းဆီးျခင္း၊   လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ အာဏာပိုင္အဖြဲ႕အစည္းမ်ားက သတင္းရယူ တည္ေဆာက္ျခင္း၊ ေရွာင္ကြင္းလမ္းမ်ား စစ္ေဆးျခင္း၊ မႏၲေလး ၁၆ မိုင္ႏွင့္ မူဆယ္ ၁၀၅ မိုင္ဂိတ္တို႔ႏွင့္ ခ်ိတ္ဆက္ ေဆာင္႐ြက္ျခင္းစသည့္ လုပ္ငန္းကိစၥရပ္မ်ားႏွင့္ပတ္သက္၍ ေဆြးေႏြးသြားေၾကာင္း သိရသည္။

ထို႔ေနာက္ တက္ေရာက္လာသည့္ ဌာနဆိုင္ရာမ်ားမွ တင္ျပေဆြးေႏြးရာ ရွမ္းျပည္နယ္ကုန္သြယ္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႉး၊ မူဆယ္တာဝန္ခံ ဦးတင္ရဲဝင္းက ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရး အထူးအဖြဲ႕လုပ္ငန္းၫွိႏႈိင္းအစည္းအေဝးသည္ ပထမအႀကိမ္ျဖစ္ပါေၾကာင္း၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၏ အုပ္ခ်ဳပ္မႈ နယ္ေျမအတြင္းတြင္ ရွိေသာ မူဆယ္၊ ခ်င္းေ႐ႊေဟာ္၊ တာခ်ီလိတ္အပါအဝင္ နယ္စပ္ကုန္သြယ္မႈမ်ားအပါအဝင္ တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးႏိုင္ေရးေခၚယူျပဳလုပ္သည့္အစည္းအေဝးျဖစ္ပါေၾကာင္း၊ တရားမဝင္ကုန္သြယ္ မႈ သုံးမ်ိဳးရွိပါေၾကာင္း၊ လိုင္စင္(ID) တနည္းအားျဖင့္ စာ႐ြက္စာတမ္းအေထာက္အထား မပါရွိဘဲ ကုန္ပစၥည္းမ်ား သယ္ေဆာင္ျခင္း၊ လိုင္စင္(ID) ပါရွိေသာ္လည္း ကုန္ပစၥည္းမ်ား ကြဲလြဲစြာ ပိုမိုသယ္ေဆာင္ျခင္း၊ တန္ဖိုးကို ေလ်ာ့ျပ၍ အခြန္ေပးေဆာင္ၿပီး ႏိုင္ငံေတာ္အခြန္ နစ္နာေအာင္ တရားမဝင္သယ္ေဆာင္ျခင္း၊ လုပ္ငန္းစီမံခ်က္မ်ားကိုလည္း တစ္ပတ္အတြင္းတင္ျပႏိုင္ရန္ တာဝန္ေပးအပ္ထားေၾကာင္း၊ ေရးဆြဲထားသည့္ စီမံခ်က္(မူၾကမ္း)အေပၚ ျပည္နယ္ အဆင့္ တာဝန္ရွိသူမ်ားက ေလ့လာ၍ လိုအပ္ခ်က္မ်ားစိစစ္ေတြ႕ရွိပါက အႀကံျပဳခ်က္၊ ျဖည့္စြက္ခ်က္မ်ားျပဳလုပ္ကာ ေျမျပင္တြင္ အမွန္တကယ္လုပ္ငန္းလုပ္ေဆာင္ႏိုင္ရန္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားသည္။

၎ေနာက္ ျပည္နယ္တရားမဝင္ကုန္သြယ္မႈမ်ား တားဆီးအေရးယူႏိုင္ေရးအထူးအဖြဲ႕ ဥကၠဌ ျပည္နယ္ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီး ဦးစိုးၫႊန္႔လြင္မွ နိဂုံးခ်ဳပ္စကားေျပာၾကားသြားေၾကာင္း သိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ (ျပန္/ဆက္) ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

(Unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၉

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ - ၂၉ ရက် မွန်းလွှဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျင်းပကြောင်း သိရသည်။

ဆက်လက်၍ ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဥက္ကဌ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်က အဖွင့်အမှာစကား ပြောကြားပြီး တက်ရောက်လာသည့် ပြည်နယ် ဘဏ္ဍာရေးဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံက ဆွေးနွေးရာ လုပ်ငန်းနှင့်ပတ်သက်၍ သတင်းရယူတည်ဆောက်ခြင်း၊ စခန်းသွင်းစစ်ဆေးခြင်း၊ ယာဉ်တင်စစ်ဆေးခြင်းတို့ကို အဖွဲ့အစည်းများဖြင့် စစ်ဆေးခြင်း၊ လုံခြုံရေးသတင်းအဖွဲ့ နှင့် ဆက်သွယ်ခြင်း၊ သတင်းပေးအဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တဖက်သတင်းပေးအဖွဲ့မှ ဖော်ထုတ်မှုများကို စောင့်ကြည့်ဖမ်းဆီးခြင်း၊   လွှတ်တော်ကိုယ်စားလှယ်များနှင့် အာဏာပိုင်အဖွဲ့အစည်းများက သတင်းရယူ တည်ဆောက်ခြင်း၊ ရှောင်ကွင်းလမ်းများ စစ်ဆေးခြင်း၊ မန္တလေး ၁၆ မိုင်နှင့် မူဆယ် ၁၀၅ မိုင်ဂိတ်တို့နှင့် ချိတ်ဆက် ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးသွားကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာများမှ တင်ပြဆွေးနွေးရာ ရှမ်းပြည်နယ်ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး၊ မူဆယ်တာဝန်ခံ ဦးတင်ရဲဝင်းက ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေး အထူးအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးသည် ပထမအကြိမ်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ အုပ်ချုပ်မှု နယ်မြေအတွင်းတွင် ရှိသော မူဆယ်၊ ချင်းရွှေဟော်၊ တာချီလိတ်အပါအဝင် နယ်စပ်ကုန်သွယ်မှုများအပါအဝင် တရားမဝင်ကုန်သွယ်မှုများ တားဆီးနိုင်ရေးခေါ်ယူပြုလုပ်သည့်အစည်းအဝေးဖြစ်ပါကြောင်း၊ တရားမဝင်ကုန်သွယ် မှု သုံးမျိုးရှိပါကြောင်း၊ လိုင်စင်(ID) တနည်းအားဖြင့် စာရွက်စာတမ်းအထောက်အထား မပါရှိဘဲ ကုန်ပစ္စည်းများ သယ်ဆောင်ခြင်း၊ လိုင်စင်(ID) ပါရှိသော်လည်း ကုန်ပစ္စည်းများ ကွဲလွဲစွာ ပိုမိုသယ်ဆောင်ခြင်း၊ တန်ဖိုးကို လျော့ပြ၍ အခွန်ပေးဆောင်ပြီး နိုင်ငံတော်အခွန် နစ်နာအောင် တရားမဝင်သယ်ဆောင်ခြင်း၊ လုပ်ငန်းစီမံချက်များကိုလည်း တစ်ပတ်အတွင်းတင်ပြနိုင်ရန် တာဝန်ပေးအပ်ထားကြောင်း၊ ရေးဆွဲထားသည့် စီမံချက်(မူကြမ်း)အပေါ် ပြည်နယ် အဆင့် တာဝန်ရှိသူများက လေ့လာ၍ လိုအပ်ချက်များစိစစ်တွေ့ရှိပါက အကြံပြုချက်၊ ဖြည့်စွက်ချက်များပြုလုပ်ကာ မြေပြင်တွင် အမှန်တကယ်လုပ်ငန်းလုပ်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည်။

၎င်းနောက် ပြည်နယ်တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူနိုင်ရေးအထူးအဖွဲ့ ဥက္ကဌ ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ နိဂုံးချုပ်စကားပြောကြားသွားကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် (ပြန်/ဆက်) ဦးစီးဌာန

၀၉၂၅၀၁၃၂၉၄၃

သိမ္းဆည္းေျမျပန္လည္စိစစ္ေရးလုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာ စြမ္းေဆာင္ရည္မ်ား ျပန္လည္သုံးသပ္ျခင္း၊ ျမႇင့္တင္ျခင္းဆိုင္ရာ အလုပ္႐ုံေဆြးေႏြး

ေတာင္ႀကီး ႏိုဝင္ဘာ - ၈

204

ရွမ္းျပည္နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးေကာ္မတီ၏ သိမ္းဆည္း ေျမျပန္လည္စိစစ္ေရးလုပ္ငန္းေဆာင္႐ြက္မႈဆိုင္ရာ စြမ္းေဆာင္ရည္မ်ား ျပန္လည္သုံးသပ္ျခင္း၊ ျမႇင့္တင္ျခင္းဆိုင္ရာ ျပည္နယ္ အဆင့္ အလုပ္႐ုံေဆြးေႏြးပြဲကို ေအာက္တိုဘာ ၆ ရက္က ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပ ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္း ျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီမွ သိမ္းဆည္းေျမမ်ားအေပၚ စိစစ္ေဆာင္႐ြက္ႏိုင္ရန္ ခ်မွတ္ထားေသာ မူဝါဒမ်ား၊ လုပ္ငန္းစဥ္မ်ားႏွင့္ ပတ္သက္၍ ေျမျပင္ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ား ပိုမို အဆင္ေျပေစရန္အတြက္ ႏိုင္ငံေတာ္ သမၼတ၊ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္တို႔၏ လမ္းၫႊန္မႈခံယူကာ ျပင္ဆင္ေဆာင္႐ြက္ခဲ့ၿပီး၊ ျပည္ေထာင္စုအစိုးရအဖြဲ႕ အစည္းအေဝးသို႔ အမွာစာေပးပို႔တင္ျပခဲ့ရာ သေဘာတူညီမႈရရွိခဲ့ၿပီး၊ ၂၀၁၈ ခုႏွစ္ မတ္လ ၂၁ ရက္ေန႔တြင္ လယ္ယာေျမႏွင့္ အျခားေျမမ်ားသိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရးဗဟိုေကာ္မတီမွ ႏိုင္ငံေတာ္မွသိမ္းဆည္းထားသည့္ လယ္ယာေျမႏွင့္ အျခားေျမမ်ားကို မူလေျမပိုင္ရွင္မ်ားက ျပန္လည္ေလၽွာက္ထားသည့္ကိစၥရပ္ႏွင့္ စပ္လ်ဥ္းသည့္ မူဝါဒ (၁၀)ရပ္၊ တပ္ေျမ သိမ္းဆည္းမႈမ်ားႏွင့္ စပ္လ်ဥ္းသည့္ မူဝါဒ (၃)ရပ္၊ သိမ္းဆည္းေျမမ်ားကို ျပန္လည္ေပးအပ္ရန္ ေလၽွာက္ထားလာျခင္းႏွင့္ စပ္လ်ဥ္း၍ စိစစ္ရန္ အခ်က္(၄)ခ်က္၊ စြန္႔လႊတ္ႏိုင္ျခင္းမရွိသည့္ သိမ္းဆည္းေျမမ်ားႏွင့္ စပ္လ်ဥ္း၍ စိစစ္ရန္ အခ်က္(၅)ခ်က္၊ သိမ္းဆည္းထားသည့္ဌာနမွ စြန္႔လႊတ္သည့္ေျမမ်ားႏွင့္စပ္လ်ဥ္း၍ စိစစ္ရန္အခ်က္(၆)ခ်က္၊ စြန္႔လႊတ္သည့္ေျမမ်ား သက္ဆိုင္သူ လက္ဝယ္အျမန္ေရာက္ရွိေရး လုပ္ငန္းစဥ္(၉)ရပ္၊ ေနျပည္ေတာ္၊ တိုင္းေဒသႀကီး/ျပည္နယ္ေကာ္မတီမ်ားမွ အေလးထား ေဆာင္႐ြက္ရန္ အခ်က္(၁၅)ခ်က္စသည့္ မူဝါဒလုပ္ငန္းစဥ္ (၅၂)ခ်က္ကို ခ်မွတ္ထားရွိၿပီးျဖစ္ေၾကာင္း အဖြင့္အမွာစကား၌ ထည့္သြင္းေျပာၾကားသြားသည္။

ယခုျပဳလုပ္သည့္အလုပ္႐ုံေဆြးေႏြးပြဲမွ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ားႏွင့္ ပတ္သက္ၿပီး စိစစ္ေျဖရွင္းေဆာင္႐ြက္ရာတြင္ ေကာ္မတီအဆင့္ဆင့္၏ လုပ္ငန္းမ်ား၊ ထိေရာက္ေအာင္ျမင္မႈအားေကာင္းေစေရးႏွင့္ ေတြ႕ႀကဳံ ရသည့္ေျမယာျပႆနာအခက္အခဲမ်ားကို စိစစ္ေျဖရွင္းေဆာင္႐ြက္ေပးႏိုင္မည့္ စံနမူနာအျဖစ္ ကိုးကားရေသာ တည္ဆဲေျမယာ ဥပေဒမ်ားႏွင့္ ညီၫႊတ္ေသာ အေျခခံေကာင္းမ်ားရရွိေစေရးအတြက္ ဗဟိုေကာ္မတီမွ ခ်မွတ္ထားရွိခဲ့ၿပီးျဖစ္ေသာ မူဝါဒ လုပ္ငန္းစဥ္မ်ား တည္ဆဲေျမယာဥပေဒ၊ နည္းဥပေဒမ်ား၊ လုပ္ထုံးလုပ္နည္း၊ ၫႊန္ၾကားခ်က္မ်ားႏွင့္အညီ ပြင့္ပြင့္လင္းလင္း ၫွိႏႈိင္းေဆာင္႐ြက္ေပးၾကရန္ ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္လႊတ္ေတာ္ဥကၠဌ ဦးစိုင္းလုံးဆိုင္က အမွာစကားေျပာၾကားၿပီး စုေပါင္းဓါတ္ပုံမွတ္တမ္းတင္ ႐ိုက္ကူးၾကကာ အဆိုပါအခမ္းအနားသို႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠဌ၊ လႊတ္ေတာ္အဆင့္ဆင့္တို႔မွ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ား၊ ျပည္နယ္ေျမ/စစ္ေကာ္မတီဝင္မ်ား၊ ေျမယာမ႑ိဳင္အဖြဲ႕မွ ကိုယ္စားလွယ္ေတာ္ႀကီးမ်ား၊ ခ႐ိုင္/ၿမိဳ႕နယ္ လယ္ယာေျမႏွင့္ အျခားေျမမ်ား သိမ္းဆည္းျခင္းခံရမႈမ်ား ျပန္လည္စိစစ္ေရး ေကာ္မတီဝင္မ်ား တက္ေရာက္ၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

 

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သိမ်းဆည်းမြေပြန်လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း၊ မြှင့်တင်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေး

တောင်ကြီး နိုဝင်ဘာ - ၈

ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ၏ သိမ်းဆည်း မြေပြန်လည်စိစစ်ရေးလုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်များ ပြန်လည်သုံးသပ်ခြင်း၊ မြှင့်တင်ခြင်းဆိုင်ရာ ပြည်နယ် အဆင့် အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၆ ရက်က တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ သိမ်းဆည်းမြေများအပေါ် စိစစ်ဆောင်ရွက်နိုင်ရန် ချမှတ်ထားသော မူဝါဒများ၊ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ မြေပြင်တွေ့ကြုံရသည့် အခက်အခဲများ ပိုမို အဆင်ပြေစေရန်အတွက် နိုင်ငံတော် သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ လမ်းညွှန်မှုခံယူကာ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးသို့ အမှာစာပေးပို့တင်ပြခဲ့ရာ သဘောတူညီမှုရရှိခဲ့ပြီး၊ ၂၀၁၈ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် လယ်ယာမြေနှင့် အခြားမြေများသိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေးဗဟိုကော်မတီမှ နိုင်ငံတော်မှသိမ်းဆည်းထားသည့် လယ်ယာမြေနှင့် အခြားမြေများကို မူလမြေပိုင်ရှင်များက ပြန်လည်လျှောက်ထားသည့်ကိစ္စရပ်နှင့် စပ်လျဉ်းသည့် မူဝါဒ (၁၀)ရပ်၊ တပ်မြေ သိမ်းဆည်းမှုများနှင့် စပ်လျဉ်းသည့် မူဝါဒ (၃)ရပ်၊ သိမ်းဆည်းမြေများကို ပြန်လည်ပေးအပ်ရန် လျှောက်ထားလာခြင်းနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်(၄)ချက်၊ စွန့်လွှတ်နိုင်ခြင်းမရှိသည့် သိမ်းဆည်းမြေများနှင့် စပ်လျဉ်း၍ စိစစ်ရန် အချက်(၅)ချက်၊ သိမ်းဆည်းထားသည့်ဌာနမှ စွန့်လွှတ်သည့်မြေများနှင့်စပ်လျဉ်း၍ စိစစ်ရန်အချက်(၆)ချက်၊ စွန့်လွှတ်သည့်မြေများ သက်ဆိုင်သူ လက်ဝယ်အမြန်ရောက်ရှိရေး လုပ်ငန်းစဉ်(၉)ရပ်၊ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်ကော်မတီများမှ အလေးထား ဆောင်ရွက်ရန် အချက်(၁၅)ချက်စသည့် မူဝါဒလုပ်ငန်းစဉ် (၅၂)ချက်ကို ချမှတ်ထားရှိပြီးဖြစ်ကြောင်း အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားသည်။

ယခုပြုလုပ်သည့်အလုပ်ရုံဆွေးနွေးပွဲမှ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများနှင့် ပတ်သက်ပြီး စိစစ်ဖြေရှင်းဆောင်ရွက်ရာတွင် ကော်မတီအဆင့်ဆင့်၏ လုပ်ငန်းများ၊ ထိရောက်အောင်မြင်မှုအားကောင်းစေရေးနှင့် တွေ့ကြုံ ရသည့်မြေယာပြဿနာအခက်အခဲများကို စိစစ်ဖြေရှင်းဆောင်ရွက်ပေးနိုင်မည့် စံနမူနာအဖြစ် ကိုးကားရသော တည်ဆဲမြေယာ ဥပဒေများနှင့် ညီညွှတ်သော အခြေခံကောင်းများရရှိစေရေးအတွက် ဗဟိုကော်မတီမှ ချမှတ်ထားရှိခဲ့ပြီးဖြစ်သော မူဝါဒ လုပ်ငန်းစဉ်များ တည်ဆဲမြေယာဥပဒေ၊ နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းဆောင်ရွက်ပေးကြရန် ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစိုင်းလုံးဆိုင်က အမှာစကားပြောကြားပြီး စုပေါင်းဓါတ်ပုံမှတ်တမ်းတင် ရိုက်ကူးကြကာ အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဥက္ကဌ၊ လွှတ်တော်အဆင့်ဆင့်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ၊ ပြည်နယ်မြေ/စစ်ကော်မတီဝင်များ၊ မြေယာမဏ္ဍိုင်အဖွဲ့မှ ကိုယ်စားလှယ်တော်ကြီးများ၊ ခရိုင်/မြို့နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီဝင်များ တက်ရောက်ကြကြောင်းသိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

အင္းေလးကန္ ထိန္းသိမ္းေရးကာကြယ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား တိုးျမႇင့္ေဆာင္႐ြက္ရန္ ကနဦး အလုပ္႐ုံေဆြးေႏြးပြဲက်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂၉

199

အင္းေလးကန္သမိုင္းႏွင့္ အင္းေလးကန္အေျခအေနသည္ ျမန္မာႏိုင္ငံ၏ ႐ိုးရာယဥ္ေက်းမႈႏွင့္ သဘာဝ အလွအပမ်ားႏွင့္ ဝန္းရံလ်က္ရွိေသာ သဘာဝအေမြအႏွစ္တစ္ခု ျဖစ္သည္ႏွင့္အညီ အားလုံးအသိျဖစ္ပါေၾကာင္း၊ အင္းေလးကန္သည္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာခန္႔က သဘာဝအေလၽွာက္ ကမၻာ့အေပၚယံလႊာဖြဲ႕စည္းပုံပ်က္၍ ျဖစ္ေပၚလာခဲ့သည့္ (Tectonic Lake)မွ ေျပာင္းလဲလာၿပီး ကုန္းျမင့္ပိုင္း သဘာဝေရခ်ိဳကန္ျဖစ္ကာ ျမန္မာႏိုင္ငံ၏ ဒုတိယအႀကီးဆုံးေရကန္လည္းျဖစ္ပါေၾကာင္း ေအာက္တိုဘာ ၂၉ ရက္ နံနက္ ၉ နာရီက ေတာင္ႀကီးၿမိဳ႕၊ Royal Taunggyi Hotel ၌ က်င္းပေသာ အင္းေလးကန္ ထိန္းသိမ္းေရးကာကြယ္ေရးႏွင့္ ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား တိုးျမႇင့္ ေဆာင္႐ြက္ရန္ ကနဦး အလုပ္႐ုံေဆြးေႏြးပြဲတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာ လင္းထြဋ္ ကေျပာၾကားသည္။

အင္းေလးကန္တြင္ ေဒသသက္ရွိမ်ိဳးစိတ္ အမ်ားအျပား မွီတင္းေနထိုင္ၾကၿပီး ေဆာင္းခိုငွက္မ်ား နားခိုရန္ ေနရာလည္းျဖစ္၍ ၿငိမ္သက္ေအးခ်မ္းသည့္ ကန္ေရျပင္ထဲတြင္ ကုန္းတြင္းငွက္ ၂၅၉ မ်ိဳး၊ ေရေပ်ာ္ငွက္ ၉၂ မ်ိဳး၊ ငါး ၆၁ မ်ိဳး၊ လိပ္ ၃ မ်ိဳး၊ လိပ္ျပာ ၉၄ မ်ိဳး၊ ကုန္းေနေရေနသတၱဝါ ၂၃ မ်ိဳးႏွင့္ သစ္မ်ိဳး ၈၆ မ်ိဳး၊ ေဆးဖက္ဝင္ပင္ ၅၂၇ မ်ိဳး၊ သစ္ခြမ်ိဳးစိတ္ ၁၈၄ မ်ိဳး၊ ေရေမၽွာ္မ်ိဳးစိတ္ ၁၂ မ်ိဳး၊ ဝါး ၁၁ မ်ိဳးတို႔အား ေတြ႕ရွိမွတ္တမ္းတင္ထားပါေၾကာင္း၊ အင္းေလးကန္တြင္ ထူးျခားသည့္ ႐ိုးရာယဥ္ေက်းမႈႏွင့္ အသက္ေမြးဝမ္းေၾကာင္းမႈ အေလ့အထမ်ားေၾကာင့္ ခရီးသြား လုပ္ငန္းအတြက္ ဆြဲေဆာင္မႈရွိသည့္ ေဒသလည္းျဖစ္ပါေၾကာင္း၊ အင္းေလးကန္ေရေဝေရလဲေဒသသည္ ၂၁၆၆.၈ စတုရန္းမိုင္ရွိၿပီး ႀကိဳးဝိုင္းႀကိဳးျပင္ကာကြယ္ေတာ၊ သဘာဝနယ္ေျမတို႔ပါဝင္ၿပီး အင္းေလးကန္တြင္ ေက်း႐ြာအုပ္စု ေပါင္း ၃၅ အုပ္စု၊ ေက်း႐ြာေပါင္း ၄၄၄ ႐ြာရွိ ျပည္သူမ်ားမွီတင္းေနထိုင္ေသာ ေရကန္ႀကီးတစ္ခုလည္းျဖစ္ပါေၾကာင္း၊ အင္းသား၊ လီဆူ၊ ပအိုဝ္းႏွင့္ ေတာင္႐ိုးလူမ်ိဳးတို႔၏ ႐ိုးရာအေမြအႏွစ္မ်ားလည္း ေတြ႕ရွိႏိုင္သည့္ ေနရာျဖစ္ၿပီး ယခု အခါ အင္းေလးကန္ႀကီးသည္ ဓာတ္ေျမၾသဇာႏွင့္ ပိုးသတ္ေဆး အလြန္အကၽြံသုံးစြဲျခင္း၊ လူဦးေရတိုးပြားလာျခင္း၊ ယာေျမတိုးခ်ဲ႕ျခင္း၊ ကၽြန္းေမ်ာမ်ားတိုးခ်ဲ႕ျခင္း၊ ထင္းသုံးစြဲမႈ မ်ားျပားလာျခင္း၊ ခရီးသြားလုပ္ငန္း အလ်င္အျမန္ တိုးပြားလာျခင္း၊ ရာသီဥတုေျပာင္းလဲလာျခင္းတို႔ေၾကာင့္ အင္းေလးကန္ထိန္းသိမ္းေရးမွာ အေရးႀကီးသည့္ အေျခအေနသို႔ ေရာက္ရွိေနၿပီျဖစ္ေၾကာင္း ၎ကေျပာၾကားသြားသည္။

ဆက္လက္၍ ရန္ကုန္ၿမိဳ႕ရွိ ေနာ္ေဝသံ႐ုံးမွ အတိုင္ပင္ခံဝန္ႀကီး Mrs. Lise Nordgaard က ျမန္မာႏိုင္ငံသည္ မိမိတို႔ႏိုင္ငံႏွင့္ လြန္ခဲ့ေသာႏွစ္ေပါင္းမ်ားစြာကတည္းက မိတ္ေဆြ/မိတ္ဖက္ႏိုင္ငံျဖစ္ပါေၾကာင္း၊ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးကို ၂၀၁၂ ခုႏွစ္ကတည္းက အင္းေလးကန္ကို အာ႐ုံစိုက္ခဲ့ၿပီး ၅ ႏွစ္စီမံကိန္းျဖင့္ ေဆာင္႐ြက္ လ်က္ရွိပါေၾကာင္း၊ ႏိုင္ငံဖြံ႕ၿဖိဳးေရးအတြက္ အေရးပါၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ပူးေပါင္းေဆာင္႐ြက္ခြင့္ရသျဖင့္ ဝမ္းေျမာက္ပါေၾကာင္း၊ လူထုပူးေပါင္းပါဝင္မွ ေအာင္ျမင္မႈရရွိမည္ျဖစ္၍ ေကာင္းမြန္ေသာအႀကံျပဳခ်က္မ်ား ရရွိရန္ ေျပာၾကားၿပီး UNDP မွ ဌာေနေခါင္းေဆာင္ Mr. Biplove Choudhary မွ အင္းေလးကန္ေဒသကို ဇီဝရပ္ဝန္း နယ္ေျမ အျဖစ္ ေၾကျငာႏိုင္ခဲ့ျခင္းအတြက္ ျမန္မာႏိုင္ငံအစိုးရကို ဂုဏ္ျပဳခ်ီးက်ဴးပါေၾကာင္း၊ အုပ္ခ်ဳပ္မႈဆိုင္ရာ ကိစၥရပ္မ်ား၊ ေရရွည္တည္တံ့ေသာ ဖြံ႕ၿဖိဳးေရးဆိုင္ရာကိစၥရပ္မ်ားတြင္ တိုင္းေဒသႀကီး/ျပည္နယ္အစိုးရအဖြဲ႕ မ်ားႏွင့္အတူ UNDP မွ အာ႐ုံစိုက္ကူညီေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း ေျပာၾကားၿပီး အမွတ္တရဓာတ္ပုံ႐ိုက္ကူး ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အင်းလေးကန် ထိန်းသိမ်းရေးကာကွယ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန် ကနဦး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၉

အင်းလေးကန်သမိုင်းနှင့် အင်းလေးကန်အခြေအနေသည် မြန်မာနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုနှင့် သဘာဝ အလှအပများနှင့် ဝန်းရံလျက်ရှိသော သဘာဝအမွေအနှစ်တစ်ခု ဖြစ်သည်နှင့်အညီ အားလုံးအသိဖြစ်ပါကြောင်း၊ အင်းလေးကန်သည် လွန်ခဲ့သောနှစ်ပေါင်းများစွာခန့်က သဘာဝအလျှောက် ကမ္ဘာ့အပေါ်ယံလွှာဖွဲ့စည်းပုံပျက်၍ ဖြစ်ပေါ်လာခဲ့သည့် (Tectonic Lake)မှ ပြောင်းလဲလာပြီး ကုန်းမြင့်ပိုင်း သဘာဝရေချိုကန်ဖြစ်ကာ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံးရေကန်လည်းဖြစ်ပါကြောင်း အောက်တိုဘာ ၂၉ ရက် နံနက် ၉ နာရီက တောင်ကြီးမြို့၊ Royal Taunggyi Hotel ၌ ကျင်းပသော အင်းလေးကန် ထိန်းသိမ်းရေးကာကွယ်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ရန် ကနဦး အလုပ်ရုံဆွေးနွေးပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ လင်းထွဋ် ကပြောကြားသည်။

အင်းလေးကန်တွင် ဒေသသက်ရှိမျိုးစိတ် အများအပြား မှီတင်းနေထိုင်ကြပြီး ဆောင်းခိုငှက်များ နားခိုရန် နေရာလည်းဖြစ်၍ ငြိမ်သက်အေးချမ်းသည့် ကန်ရေပြင်ထဲတွင် ကုန်းတွင်းငှက် ၂၅၉ မျိုး၊ ရေပျော်ငှက် ၉၂ မျိုး၊ ငါး ၆၁ မျိုး၊ လိပ် ၃ မျိုး၊ လိပ်ပြာ ၉၄ မျိုး၊ ကုန်းနေရေနေသတ္တဝါ ၂၃ မျိုးနှင့် သစ်မျိုး ၈၆ မျိုး၊ ဆေးဖက်ဝင်ပင် ၅၂၇ မျိုး၊ သစ်ခွမျိုးစိတ် ၁၈၄ မျိုး၊ ရေမျှော်မျိုးစိတ် ၁၂ မျိုး၊ ဝါး ၁၁ မျိုးတို့အား တွေ့ရှိမှတ်တမ်းတင်ထားပါကြောင်း၊ အင်းလေးကန်တွင် ထူးခြားသည့် ရိုးရာယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကြောင်းမှု အလေ့အထများကြောင့် ခရီးသွား လုပ်ငန်းအတွက် ဆွဲဆောင်မှုရှိသည့် ဒေသလည်းဖြစ်ပါကြောင်း၊ အင်းလေးကန်ရေဝေရေလဲဒေသသည် ၂၁၆၆.၈ စတုရန်းမိုင်ရှိပြီး ကြိုးဝိုင်းကြိုးပြင်ကာကွယ်တော၊ သဘာဝနယ်မြေတို့ပါဝင်ပြီး အင်းလေးကန်တွင် ကျေးရွာအုပ်စု ပေါင်း ၃၅ အုပ်စု၊ ကျေးရွာပေါင်း ၄၄၄ ရွာရှိ ပြည်သူများမှီတင်းနေထိုင်သော ရေကန်ကြီးတစ်ခုလည်းဖြစ်ပါကြောင်း၊ အင်းသား၊ လီဆူ၊ ပအိုဝ်းနှင့် တောင်ရိုးလူမျိုးတို့၏ ရိုးရာအမွေအနှစ်များလည်း တွေ့ရှိနိုင်သည့် နေရာဖြစ်ပြီး ယခု အခါ အင်းလေးကန်ကြီးသည် ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး အလွန်အကျွံသုံးစွဲခြင်း၊ လူဦးရေတိုးပွားလာခြင်း၊ ယာမြေတိုးချဲ့ခြင်း၊ ကျွန်းမျောများတိုးချဲ့ခြင်း၊ ထင်းသုံးစွဲမှု များပြားလာခြင်း၊ ခရီးသွားလုပ်ငန်း အလျင်အမြန် တိုးပွားလာခြင်း၊ ရာသီဥတုပြောင်းလဲလာခြင်းတို့ကြောင့် အင်းလေးကန်ထိန်းသိမ်းရေးမှာ အရေးကြီးသည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်ကြောင်း ၎င်းကပြောကြားသွားသည်။

ဆက်လက်၍ ရန်ကုန်မြို့ရှိ နော်ဝေသံရုံးမှ အတိုင်ပင်ခံဝန်ကြီး Mrs. Lise Nordgaard က မြန်မာနိုင်ငံသည် မိမိတို့နိုင်ငံနှင့် လွန်ခဲ့သောနှစ်ပေါင်းများစွာကတည်းက မိတ်ဆွေ/မိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ၂၀၁၂ ခုနှစ်ကတည်းက အင်းလေးကန်ကို အာရုံစိုက်ခဲ့ပြီး ၅ နှစ်စီမံကိန်းဖြင့် ဆောင်ရွက် လျက်ရှိပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် အရေးပါပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရသဖြင့် ဝမ်းမြောက်ပါကြောင်း၊ လူထုပူးပေါင်းပါဝင်မှ အောင်မြင်မှုရရှိမည်ဖြစ်၍ ကောင်းမွန်သောအကြံပြုချက်များ ရရှိရန် ပြောကြားပြီး UNDP မှ ဌာနေခေါင်းဆောင် Mr. Biplove Choudhary မှ အင်းလေးကန်ဒေသကို ဇီဝရပ်ဝန်း နယ်မြေ အဖြစ် ကြေငြာနိုင်ခဲ့ခြင်းအတွက် မြန်မာနိုင်ငံအစိုးရကို ဂုဏ်ပြုချီးကျူးပါကြောင်း၊ အုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များတွင် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ များနှင့်အတူ UNDP မှ အာရုံစိုက်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားပြီး အမှတ်တရဓာတ်ပုံရိုက်ကူး ကြကြောင်း သိရှိရသည်။

 

မောင်မောင်သန်း(တောင်ကြီး)

ရွမ္းျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၊ ရွမ္းျပည္နယ္ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးလုပ္ငန္းအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၅/၂၀၁၈)က်င္းပ

ေတာင္ႀကီး ႏိုဝင္ဘာ - ၅

203

ယေန႔အစည္းအေဝးျပဳလုပ္ႏိုင္ရန္အတြက္  ေကာ္မတီအဖြဲ႕အစည္းမ်ားကို စုစည္းႏိုင္ရန္အခ်ိန္ေပးရပါေၾကာင္း၊ ၂၀၁၈ ခုႏွစ္ကုန္ခါနီးၿပီျဖစ္၍ သိမ္းဆည္းခံလယ္ယာေျမႏွင့္အျခားေျမမ်ားကို ၿပီးျပတ္ေစရန္ဦးတည္ထားၿပီး ႏိုင္ငံေတာ္သမၼတႀကီး ကလည္း ၂၀၁၈ တြင္ ၿပီးျပတ္ေအာင္ေဆာင္႐ြက္ရန္ၫႊန္ၾကားထားၿပီးျဖစ္ေၾကာင္း၊ သိမ္းဆည္းခံလယ္ယာေျမႏွင့္ အျခား ေျမမ်ားကို စီမံခန္႔ခြဲေရးအဖြဲ႕က လုပ္ငန္းမ်ားကို ၿပီးျပတ္ေအာင္ တိုင္ပင္ၫွိႏႈိင္းေဆာင္႐ြက္သြားၾကရန္ တိုက္တြန္းလိုေၾကာင္း ႏိုဝင္ဘာ ၅ ရက္ နံနက္ ၉ နာရီခြဲက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ ျပဳလုပ္ေသာ ရွမ္းျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕၊ ရွမ္းျပည္နယ္ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးလုပ္ငန္းအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၅/၂၀၁၈)၌ ရွမ္းျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ဥကၠဌ၊ ရွမ္းျပည္နယ္ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးလုပ္ငန္းအဖြဲ႕ဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ဆက္လက္၍အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအား ဖတ္ၾကားအတည္ျပဳျခင္း၊ ရွမ္းျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၅/၂၀၁၈)တင္ျပခ်က္မ်ားအား ေဆြးေႏြးဆုံးျဖတ္ျခင္း၊ ရွမ္းျပည္နယ္ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးလုပ္ငန္းအဖြဲ႕ အစည္းအေဝး အမွတ္စဥ္(၅/၂၀၁၈) တင္ျပခ်က္မ်ားအား ေဆြးေႏြးဆုံးျဖတ္ျခင္း၊ အေထြေထြေဆြးေႏြးျခင္းတို႔ကို ေဆာင္႐ြက္ခဲ့ၿပီး၊ ရွမ္းျပည္နယ္လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕ဥကၠဌ၊ ရွမ္းျပည္နယ္ေျမလြတ္၊ ေျမလပ္ႏွင့္ ေျမ႐ိုင္းမ်ားစီမံခန္႔ခြဲေရးလုပ္ငန္းအဖြဲ႕ဥကၠဌ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က နိဂုံးခ်ဳပ္ အမွာစကားေျပာၾကားေျပာၾကားသြားေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္

Unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၁၈)ကျင်းပ

တောင်ကြီး နိုဝင်ဘာ - ၅

ယနေ့အစည်းအဝေးပြုလုပ်နိုင်ရန်အတွက်  ကော်မတီအဖွဲ့အစည်းများကို စုစည်းနိုင်ရန်အချိန်ပေးရပါကြောင်း၊ ၂၀၁၈ ခုနှစ်ကုန်ခါနီးပြီဖြစ်၍ သိမ်းဆည်းခံလယ်ယာမြေနှင့်အခြားမြေများကို ပြီးပြတ်စေရန်ဦးတည်ထားပြီး နိုင်ငံတော်သမ္မတကြီး ကလည်း ၂၀၁၈ တွင် ပြီးပြတ်အောင်ဆောင်ရွက်ရန်ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ သိမ်းဆည်းခံလယ်ယာမြေနှင့် အခြား မြေများကို စီမံခန့်ခွဲရေးအဖွဲ့က လုပ်ငန်းများကို ပြီးပြတ်အောင် တိုင်ပင်ညှိနှိုင်းဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း နိုဝင်ဘာ ၅ ရက် နံနက် ၉ နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်သော ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၁၈)၌ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ဆက်လက်၍အစည်းအဝေးဆုံးဖြတ်ချက်များအား ဖတ်ကြားအတည်ပြုခြင်း၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၁၈)တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်း၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ အစည်းအဝေး အမှတ်စဉ်(၅/၂၀၁၈) တင်ပြချက်များအား ဆွေးနွေးဆုံးဖြတ်ခြင်း၊ အထွေထွေဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး၊ ရှမ်းပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဌ၊ ရှမ်းပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးလုပ်ငန်းအဖွဲ့ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က နိဂုံးချုပ် အမှာစကားပြောကြားပြောကြားသွားကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ခရိုင် ပြန်/ဆက်

ရွမ္းျပည္နယ္စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လုပ္ငန္းရွင္တို႔၏ အခန္းက႑ စီးပြားေရးဖိုရမ္ က်င္းပ

ေတာင္ႀကီး ေအာက္တိုဘာ - ၂၈

198

ရွမ္းျပည္နယ္ေဒသ၏ ေနာက္ထပ္တိုးတက္လာမည့္ လုပ္ငန္းတစ္ခုမွာ ခရီးသြားလုပ္ငန္းျဖစ္ၿပီး ျမန္မာႏိုင္ငံ ေရာက္ ႏိုင္ငံျခားခရီးသြား ဧည့္သည္မ်ားအေနျဖင့္ ပုဂံၿမိဳ႕ေဟာင္းၿပီးလၽွင္ ရွမ္းျပည္နယ္၏ အင္းေလးေဒသသည္ လာေရာက္လည္ပတ္ရန္ အေက်ာ္ၾကားဆုံးႏွင့္ စိတ္ဝင္စားမႈအရွိဆုံးျဖစ္ေၾကာင္း၊ ျပည္တြင္း/ျပည္ပ ခရီးသြားမ်ား အေနျဖင့္ အင္းေလးေဒသႏွင့္ တန္ေဆာင္တိုင္မီးပုံးပ်ံပြဲေတာ္သည္ ခရီးသြားလည္ပတ္မႈအတြက္ စြဲေဆာင္ႏိုင္ဆုံး အမွတ္သားမ်ားျဖစ္ပါေၾကာင္း ေအာက္တိုဘာ ၂၈ ရက္ မြန္းလႊဲ ၁ နာရီက ေတာင္ႀကီးၿမိဳ႕၊ ရွမ္းျပည္နယ္ ကုန္သည္ႀကီးမ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း႐ုံးတြင္က်င္းပေသာ ရွမ္းျပည္နယ္စီးပြားေရး ေရရွည္ဖြံ႕ၿဖိဳး တိုးတက္ေရးႏွင့္ လုပ္ငန္းရွင္တို႔၏ အခန္းက႑ စီးပြားေရးဖိုရမ္ အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ေျပာၾကားသြားသည္။

ရွမ္းျပည္နယ္ေဒသႀကီး၏ ေနာင္ျဖစ္ေပၚလာမည့္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈဆိုင္ရာ အခြင့္အလမ္းေကာင္း မ်ားႏွင့္အတူ ရင္ဆိုင္ေတြ႕ရွိလာမည့္ စိန္ေခၚမႈမ်ားကို ဘယ္လိုေက်ာ္လႊားၾကမည္နည္း။ ရွမ္းျပည္နယ္ေဒသရွိ တန္ဖိုးရွိေသာ ေျမေပၚေျမေအာက္ သယံဇာတအရင္းအျမစ္မ်ားကို ထိေရာက္စြာ မည္ကဲ့သို႔ အသုံးခ်မည္နည္း။ ေဒသတြင္း ေနထိုင္ၾကေသာ တိုင္းရင္းသားလူမ်ိဳးစုမ်ား၏ မတူညီသည့္ ယဥ္ေက်းမႈဓေလ့ထုံးတမ္းမ်ားႏွင့္အညီ လိုက္ေလ်ာညီစြာ အသုံးခ်ရမည့္ လူ႕စြမ္းအားအရင္းအျမစ္ဆိုင္ရာ ဖြံ႕ၿဖိဳးတိုးတက္ျဖစ္ေပၚလာမႈမ်ားကို မည္ကဲ့သို႔ ရွာေဖြေဖာ္ထုတ္မည္ဆိုတာႏွင့္ ပတ္သက္၍ ေဒသအတြင္း စီးပြားေရးလုပ္ကိုင္ေနၾကေသာ ေဒသခံစီးပြားေရး လုပ္ငန္းရွင္ႀကီးမ်ား၏အျမင္၊ ရပ္မိရပ္ဖမ်ား၏ အႀကံေပးခ်က္၊ ေဒသဆိုင္ရာအစိုးရအဖြဲ႕အစည္းႏွင့္ လႊတ္ေတာ္ ကိုယ္စားလွယ္ႀကီးမ်ား၏ ပူးေပါင္းေဆာင္႐ြက္ မႈမ်ားႏွင့္အတူ ေမခေဆာင္ေဖာင္ေဒးရွင္းမွ စီးပြားေရးပညာဆိုင္ရာ ပညာရွင္မ်ား၏ တင္ျပေဆြးေႏြးသုံးသပ္ခ်က္၊ အႀကံျပဳခ်က္မ်ားႏွင့္တကြ ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းႏွင့္ ညီေနာင္အသင္းတို႔ ပူးေပါင္းပါဝင္ေဆြးေႏြးက်င္းပသည့္ ရည္႐ြယ္ခ်က္ေကာင္းမြန္ေသာ၊ အဓိပၸာယ္မ်ားစြာ ျပည့္ဝသည့္ စီးပြားေရးဖိုရမ္ေဆြးေႏြးပြဲ ျဖစ္ပါေၾကာင္း ၎က ေျပာၾကားသြားသည္။

ဆက္လက္၍ စီးပြားေရးတကၠသိုလ္ ေမခေဆာင္ ေဖာင္ေဒးရွင္းဥကၠဌ ဦးျမင့္ႏိုင္မွ ဖိုရမ္က်င္းပျပဳလုပ္ရျခင္း ရည္႐ြယ္ခ်က္ႏွင့္ ေမခေဆာင္ေဖာင္ေဒးရွင္းအေၾကာင္းကို ရွင္းလင္းတင္ျပၿပီး ရွမ္းျပည္နယ္(ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌ ဦးေအာင္ဆန္းဝင္းမွ ေက်းဇူးတင္စကား ျပန္လည္ေျပာၾကား၍ စုေပါင္းမွတ္တမ္းတင္ဓာတ္ပုံ႐ိုက္ကူးၾကေၾကာင္း သိရသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ လႊတ္ေတာ္ အရပ္ရပ္မွ ကိုယ္စားလွယ္ေတာ္ႀကီးမ်ား၊ ျပည္နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ရွမ္းျပည္နယ္ေဒသႀကီး၏ စီးပြားဖြံ႕ၿဖိဳးတိုးတက္မႈအတြက္ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၾကသည့္ စီးပြားေရးလုပ္ငန္းရွင္ႀကီး မ်ား ဖိတ္ၾကားထားေသာ ဧည့္သည္ေတာ္မ်ားႏွင့္ ရပ္မိရပ္ဖမ်ား၊ စီးပြားေရးတကၠသိုလ္ ေမခေဆာင္ေဖာင္ေဒးရွင္းမွ နာယက ႀကီးမ်ားႏွင့္ အသင္းသူ/အသင္းသားမ်ား၊ ေဟာေျပာေဆြးေႏြးၾကမည့္ ဆရာႀကီးမ်ား၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) ကုန္သည္ႀကီး မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း ဥကၠဌႏွင့္ တာဝန္ရွိသူမ်ား တက္ေရာက္ ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

ခ႐ိုင္ ျပန္/ဆက္ ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

(unicode)++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်စီးပွားရေး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်ငန်းရှင်တို့၏ အခန်းကဏ္ဍ စီးပွားရေးဖိုရမ် ကျင်းပ

တောင်ကြီး အောက်တိုဘာ - ၂၈

ရှမ်းပြည်နယ်ဒေသ၏ နောက်ထပ်တိုးတက်လာမည့် လုပ်ငန်းတစ်ခုမှာ ခရီးသွားလုပ်ငန်းဖြစ်ပြီး မြန်မာနိုင်ငံ ရောက် နိုင်ငံခြားခရီးသွား ဧည့်သည်များအနေဖြင့် ပုဂံမြို့ဟောင်းပြီးလျှင် ရှမ်းပြည်နယ်၏ အင်းလေးဒေသသည် လာရောက်လည်ပတ်ရန် အကျော်ကြားဆုံးနှင့် စိတ်ဝင်စားမှုအရှိဆုံးဖြစ်ကြောင်း၊ ပြည်တွင်း/ပြည်ပ ခရီးသွားများ အနေဖြင့် အင်းလေးဒေသနှင့် တန်ဆောင်တိုင်မီးပုံးပျံပွဲတော်သည် ခရီးသွားလည်ပတ်မှုအတွက် စွဲဆောင်နိုင်ဆုံး အမှတ်သားများဖြစ်ပါကြောင်း အောက်တိုဘာ ၂၈ ရက် မွန်းလွှဲ ၁ နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် ကုန်သည်ကြီးများနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းရုံးတွင်ကျင်းပသော ရှမ်းပြည်နယ်စီးပွားရေး ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် လုပ်ငန်းရှင်တို့၏ အခန်းကဏ္ဍ စီးပွားရေးဖိုရမ် အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ပြောကြားသွားသည်။

ရှမ်းပြည်နယ်ဒေသကြီး၏ နောင်ဖြစ်ပေါ်လာမည့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အခွင့်အလမ်းကောင်း များနှင့်အတူ ရင်ဆိုင်တွေ့ရှိလာမည့် စိန်ခေါ်မှုများကို ဘယ်လိုကျော်လွှားကြမည်နည်း။ ရှမ်းပြည်နယ်ဒေသရှိ တန်ဖိုးရှိသော မြေပေါ်မြေအောက် သယံဇာတအရင်းအမြစ်များကို ထိရောက်စွာ မည်ကဲ့သို့ အသုံးချမည်နည်း။ ဒေသတွင်း နေထိုင်ကြသော တိုင်းရင်းသားလူမျိုးစုများ၏ မတူညီသည့် ယဉ်ကျေးမှုဓလေ့ထုံးတမ်းများနှင့်အညီ လိုက်လျောညီစွာ အသုံးချရမည့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖြစ်ပေါ်လာမှုများကို မည်ကဲ့သို့ ရှာဖွေဖော်ထုတ်မည်ဆိုတာနှင့် ပတ်သက်၍ ဒေသအတွင်း စီးပွားရေးလုပ်ကိုင်နေကြသော ဒေသခံစီးပွားရေး လုပ်ငန်းရှင်ကြီးများ၏အမြင်၊ ရပ်မိရပ်ဖများ၏ အကြံပေးချက်၊ ဒေသဆိုင်ရာအစိုးရအဖွဲ့အစည်းနှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၏ ပူးပေါင်းဆောင်ရွက် မှုများနှင့်အတူ မေခဆောင်ဖောင်ဒေးရှင်းမှ စီးပွားရေးပညာဆိုင်ရာ ပညာရှင်များ၏ တင်ပြဆွေးနွေးသုံးသပ်ချက်၊ အကြံပြုချက်များနှင့်တကွ ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းတို့ ပူးပေါင်းပါဝင်ဆွေးနွေးကျင်းပသည့် ရည်ရွယ်ချက်ကောင်းမွန်သော၊ အဓိပ္ပာယ်များစွာ ပြည့်ဝသည့် စီးပွားရေးဖိုရမ်ဆွေးနွေးပွဲ ဖြစ်ပါကြောင်း ၎င်းက ပြောကြားသွားသည်။

ဆက်လက်၍ စီးပွားရေးတက္ကသိုလ် မေခဆောင် ဖောင်ဒေးရှင်းဥက္ကဌ ဦးမြင့်နိုင်မှ ဖိုရမ်ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် မေခဆောင်ဖောင်ဒေးရှင်းအကြောင်းကို ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ်(တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးအောင်ဆန်းဝင်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော် အရပ်ရပ်မှ ကိုယ်စားလှယ်တော်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရှမ်းပြည်နယ်ဒေသကြီး၏ စီးပွားဖွံ့ဖြိုးတိုးတက်မှုအတွက် လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းရှင်ကြီး များ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် ရပ်မိရပ်ဖများ၊ စီးပွားရေးတက္ကသိုလ် မေခဆောင်ဖောင်ဒေးရှင်းမှ နာယက ကြီးများနှင့် အသင်းသူ/အသင်းသားများ၊ ဟောပြောဆွေးနွေးကြမည့် ဆရာကြီးများ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကုန်သည်ကြီး များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဌနှင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

ခရိုင် ပြန်/ဆက် ဦးစီးဌာန

၀၉-၂၅၀၁၃၂၉၄၃

 

More Articles...

  1. အင္းေလးေဖာင္ေတာ္ဦး ျမတ္စြာဘုရားမ်ား မူလကိန္းဝပ္စံပယ္ေတာ္မႈသည့္ ရတနာစံေက်ာင္ေတာ္ႀကီးေပၚသို႔ ျပန္လည္ႂကြဝင္
  2. တာခ်ီလိတ္ခ႐ိုင္၊ မယ္ဟုတ္ေရအားလၽွပ္စစ္စီမံကိန္း တည္ေဆာက္ရန္အတြက္ လက္မွတ္ေရးထိုး
  3. ဒုတိယအႀကိမ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနႏွစ္ပတ္လည္ေန႔အထိမ္းအမွတ္ ေသြးလႉဒါန္းပြဲသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ တက္ေရာက္အားေပး
  4. အင်းေလးေဖာင်ေတာ္ဦးမြတ်စွာဘုရား ေညာင်ရွှေမြိဳ႕၊ အဋ္ဌဒိသာဓမ္မဝိဟာရ ဒေသစာရီေက်ာင်းေတာ္သို႔ ကႊခ်ီ
  5. ရာသီဥတုေဖာက္ျပန္ေျပာင္းလဲမႈေၾကာင့္ သဘာဝေဘးအႏၲရာယ္မ်ား ျဖစ္ပြားမႈႏႈန္းပိုမိုမ်ားျပားလာ
  6. မိုးရာသီအတြင္း မေဆာင္႐ြက္ႏိုင္ခဲ့ေသာ ရင္းႏွီးျမဳပ္ႏွံမႈႀကီးၾကပ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ႏိုင္ေရး ႀကိဳတင္စီမံထားရွိရန္
  7. အင္းေလးကန္ စီမံကိန္းသစ္ႏွင့္ပတ္သက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ လာေရာက္ေတြ႕ဆုံ
  8. ေတာင္ႀကီးၿမိဳ႕၊ တန္ေဆာင္တိုင္ပြဲေတာ္ အိတ္ပိတ္ေစ်းၿပိဳင္တင္ဒါသြင္းျခင္းကို မၽွမၽွတတႏွင့္စည္းကမ္းရွိရွိျဖစ္ေစခ်င္
  9. ေတာင္ႀကီးအျပည္ျပည္ဆိုင္ရာကုန္စည္ျပပြဲဖြင့္ပြဲက်င္းပ
  10. ကမၻာ့ဆရာမ်ားေန႔အထိမ္းအမွတ္က်င္းပ

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 73 guests and no members online