Articles

လူထုဗဟိုပြုစီမံကိန်းကိုရှမ်းပြည်နယ် အတွင်းရှိမြို့နယ်(၁)မြို့နယ်တွင်ထပ်မံတိုးချဲ့အကောင်အထည်ဖော်နိုင်ရေး မြို့နယ်ရွေးချယ်

တောင်ကြီး ဖေဖော်ဝါရီ-၂၂

37

စိုက်ပျိုးရေးမွှေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ကမ္ဘာ့ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၁)မြို့နယ်တွင် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်နိုင်ရေးအတွက် မြို့နယ်ရွေးချယ်ရေးအကြံဉာဏ်ရယူခြင်း အစည်းအဝေးကို ဖေဖော် ဝါရီ(၂၂)ရက် နံနက် (၉)နာရီခွဲက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာနိုင်ငံ၏ပြုပြင်ပြောင်းလဲရေးဖြစ်စဉ်တွင် ပူးပေါင်းပါဝင်အားဖြည့်ပေးသည့်အနေဖြင့် ၂၀၁၃-၂၀၁၄ဘဏ္ဍာရေးနှစ်မှစတင်၍ ကမ္ဘာ့ဘဏ်ကထောက်ပံ့ငွေ၊ ချေးငွေ အီတလီ အစိုးရမှအတိုးမဲ့နှစ်ရှည်ချေးငွေနှင့် ပြည်ထောင်စုအစိုးရမှထည့်ဝင်ငွေများဖြင့် လူထုဗဟိုပြုစီမံကိန်း(Community Driven Development-CDD project)ကို တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်ပေါင်း(၆၃)မြို့နယ်တွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့်ကိုသိရှိရပါကြောင်း၊ ရှမ်းပြည်နယ်အတွင်းနမ့်ဆန်မြို့နယ်၊ ဆီဆိုင်မြို့နယ်၊ မဘိမ်းမြို့နယ်၊ မိုင်းခတ် မြို့နယ်နှင့် မောက်မယ်မြို့နယ်များတွင် အကောင်အထည်ဖော်ဆောင်ရွက်နေပြီး အောင်မြင်မှုများရရှိနေပါကြောင်း၊ စီမံကိန်း သတ္တမနှစ်စက်ဝန်းတွင် (၁၃)မြို့နယ် တိုးချဲ့လျာထားချက်အရ ရှမ်းပြည်နယ်တွင် မြို့နယ်(၁)မြို့နယ် ထပ်မံတိုးချဲ့ အကောင်အထည်ဖော်မှာဖြစ်ကြောင်း၊ လူထုဗဟိုပြုစီမံကိန်းကို ရှမ်းပြည်နယ်အနေဖြင့် ယခုလက်ရှိအထိ မြို့နယ်(၅)မြို့နယ် ဖြစ်သည့် နမ့်ဆန်၊ ဆီဆိုင်၊ မဘိမ်း၊ မိုင်းခတ်နှင့်မောက်မယ် မြို့နယ်တို့ရှိ ကျေးရွာအုပ်စုပေါင်း(၆၅)အုပ်စု၊ ကျေးရွာပေါင်း (၇၀၅)ရွာ၊ အခြေခံအဆောက်အဦ အမျိုးအစားစုစုပေါင်း(၁၂၃၀)ခုကို ဆောင်ရွက်ပြီးစီးခဲ့ပြီဖြစ်ကြောင်း၊ ရွေးချယ်ခြင်းမခံရသည့် မြို့နယ်အနေဖြင့် စိတ်ပျက်စရာမလိုဘဲ စီမံကိန်းအောင်မြင်တာနှင့်အမျှ ကမ္ဘာ့ဘဏ်နှင့်တခြားဖွံ့ဖြိုးရေးအေဂျင်စီ အသီးသီးက ထပ်မံပေးလာမည့် အကူအညီများနှင့် နိုင်ငံတော်အစိုးရဘတ်ဂျက်ရန်ပုံငွေ၊ ပြည်နယ်အစိုးရရန်ပုံငွေနှင့် တဖြည်းဖြည်း ဆက်လက်အကောင်အထည်ဖော် ပေးသွားမည်ဖြစ်သည့်အတွက် သည်းခံပြီးနားလည်မှုရှိစွာ စောင့်စားပေးကြရန်ကြိုတင် မေတ္တာရပ်ခံလိုပါကြောင်း၊ ရွေးချယ်ခံရပြီးမြို့နယ်အတွင်းရှိကျေးရွာများအားလုံးမှာ လုပ်ငန်းများအကောင်အထည်ဖော်ပါက လိုအပ်သည်များဝိုင်းဝန်းပံ့ပိုးကူညီပြီး စီမံကိန်းအောင်မြင်အောင်ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာန(ရုံးချုပ်) ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုးနိုင်အောင်မှ အမှာစကားပြောကြားပြီး၊ ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဉီးစီးမှူး ဦးမောင်မောင်ဝင်းမှ ရှမ်းပြည်နယ် အတွင်းစီမံကိန်း(၅)မြို့နယ် လုပ်ငန်းဆောင်ရွက်မှုများကိုရှင်းလင်းကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ အစိုးရအဖွဲ့မှတာဝန်ရှိသူများ၊ လွှတ်တော်ရေးရာကော်မတီအသီးသီးမှ ဥက္ကဌများနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဉီးစီးဌာနမှ တာဝန်ရှိသူများ၊ ကမ္ဘာ့ဘဏ်မှကိုယ်စားလှယ်များ၊တိုင်းရင်းသားကိုယ်စားလှယ်များ၊ ပြည်နယ်အတွင်းဖွံ့ဖြိုးရေးဆောင်ရွက်နေသည့် အစိုးရ မဟုတ်သောအဖွဲ့အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ တက်ရောက်ကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေး ဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ   −   ၂၁

36

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်မည့် ၂၀၂၀ပြည့်နှစ် ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် သတ်မှတ်မြို့နယ်များတွင် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ(၂၁)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှမ်းပြည်နယ် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကြိုဆိုနှုတ်ခွန်းဆက် စကားပြောကြားပြီး၊ ကြီးကြပ်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ(၁) ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးဦးစိုးစိုးဇော်က ၂၀၂၀ပြည့်နှစ် ဧပြီလဆန်းတွင် တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင်အတွင်းရှိ သတ်မှတ်မြို့နယ်များတွင် အသက်(၁၅)နှစ်နှင့်အထက် အရွယ်ရှိသူများကို ဦးတည် အုပ်စုအဖြစ် ရည်ရွယ်ဆောင်ရွက်ပေးမည့် (မြန်မာစာမတတ်သူ) မည်သူမဆိုယနေ့နိုင်ငံတော်၏ လမ်းညွှန်ချက်အရ ပြည်သူလူထု အခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် အသိပညာပေးခြင်းနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်းအတွက် အခြေခံ မြန်မာစာနှင့် အခြေခံသင်္ချာသင်ကြားပေးနိုင်ရေးတို့ကို (၂)ခရိုင်အတွင်းမှာ လက်ရှိစာရင်းကောက်ယူ ရရှိသူပေါင်း(၂၈၁၇)ဦးရှိကြောင်း၊ စာရင်းကောက်ယူရန် ကျန်ရှိနေသည့်မြို့နယ်များနှင့် ကေက်ယူပြီးမြို့နယ်များတွင်ရရှိထားသည့် သင်ကြားမည့် ဦးရေစာရင်းမှာ ရှမ်းပြည်နယ်အတွင်း မြို့နယ်အလိုက် ၂၀၁၄ခုနှစ် နိုင်ငံတော်လူဦးရေနှင့် သန်းခေါင်စာရင်းအရ စာမတတ်သူစာရင်းနှင့်နှိုင်းယှဉ်လျှင် ကွာခြားချက်များနေသည်ကို တွေ့ရှိရသည့်အတွက် အမှန်တကယ်(၁)ရက် (၃)နာရီနှုန်းဖြင့် ရက်ပေါင်း(၄၀) နာရီပေါင်း(၁၂၀)ကြာ အသိပညာပေးခြင်းအစီအစဉ်များနှင့် အခြေခံစာတတ်မြောက်ရေးအတွက် အမှန်တကယ် သင်ယူလိုသူဦးရေများ ကျန်ရှိနိုင်သောကြောင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦစီးဌာနများ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြို့နယ်ပညာရေးမှူးရုံးများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ လူမှုကူညီရေးအသင်းများနှင့် ရပ်မိရပ်ဖများ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် ရပ်ရွာနေဒေသခံ ပြည်သူများကို ကျယ်ကျယ်ပြန့်ပြန့်အသိပေး၍ ဆန္ဒရှိသူသင်ယူလိုသူများကို အချိန်ကာလတစ်ခု သတ်မှတ်၍ ထပ်မံစာရင်းကောက်ယူပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ပညာရေးဝန်ကြီးဌာန ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဇော်ဝင်းက ရှမ်းပြည်နယ်အတွင်း ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ်နှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံချက်(အကျဉ်းချုပ်)အား Power Point ဖြင့်ရှင်းလင်းဆွေးနွေးကာ အစည်းအဝေးတက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးနိုင်မည့် ကဏ္ဍအလိုက် ဆွေးနွေးတင်ပြခြင်းနှင့် ညွှန်ကြားရေးမှူးချုပ်မှ ပြန်လည်ရှင်းလင်းဖြေကြားပြီး၊ ရှမ်းပြည်နယ် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် နှင့်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်နှင့် လွိုင်လင်ခရိုင် သတ်မှတ်မြို့နယ်များတွင် ဆောင်ရွက်မည့် ပြည်သူအခြေပြု ပညာပေး ဦးစားပေးလုပ်ငန်းစဉ်(၇)ရပ် အကောင်အထည်ဖော်ခြင်းနှင့် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ခြင်းလုပ်ငန်း စီမံချက်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့က လျာထားသတ်မှတ်ပေးသည့် အကောင်အထည်ဖော်မည့် နေရာဒေသဖြစ်သော တောင်ကြီး ခရိုင်၊ တောင်ကြီးမြို့နယ်၊ ဟိုပုံးမြို့နယ်နှင့် ကျောက်တလုံးကြီးမြို့နယ်ခွဲ၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ နမ့်စန်မြို့နယ်၊ ကွန်ဟိန်း မြို့နယ်၊ လဲချားမြို့နယ်၊ မိုင်းကိုင်မြို့နယ်၊ ပင်လုံမြို့နယ်ခွဲ၊ ခိုလမ်မြို့နယ်ခွဲ၊ မိုင်းနောင်မြို့နယ်ခွဲနှင့် ကာလိမြို့နယ်ခွဲ အကောင်အထည် ဖော်မည့်ကာလမှာ ရက်(၄၀)သင်ကြားချိန် (၁)ရက်ပျှမ်းမျှစာသင်ချိန် (၃)နာရီ၊ ရက်ပေါင်း(၄၀) နာရီပေါင်း(၁၂၀)၊ စာသင်သား သတ်မှတ်ချက်တွင် ရပ်ရွာနေအသက်(၁၅)နှစ်နှင့်အထက် မြန်မာစာ မတတ်သူ (မည်သူမဆို) လူငယ်များနှင့်သက်ကြီးရွယ်အိုများ၊ နည်းပြသင်တန်းဖွင့်လှစ်ပို့ချမှုကို ၂၀၂၀ပြည့်နှစ် ဧပြီလ ပထမပတ်နှင့် ဖွင့်ပွဲအခမ်းအနားကို ပင်လုံမြို့ မြို့တော်ခန်းမ၊ စည်ပင်ခန်းမ (သို့မဟုတ်) ပင်လုံတက္ကသိုလ်၌ကျင်းပမည်ဖြစ်ပြီး လုပ်ငန်းကာလမှာ ၂၀၂၀ပြည့်နှစ် မေလ(ဒုတိယပတ်)တွင် ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

၀၉−၂၅၀၁၃၂၉၄၃

 

ရုံးအမိန့်အမှတ်၊ ၁/၂၀၂၀

ရုံးအမိန့်အမှတ်၊ ၁/၂၀၂၀

ရှမ်းပြည်နယ်အတွင်းရှိ လက်ကိုင်စက်လွှ(Chain Saw) များတင်သွင်းမှုအသုံးပြုမှုဆိုင်ရာ ဒေသန္တရအမိန့် ထုတ်ပြန်ခြင်း

A38A39A40A42

ရုံးအမိန့်အမှတ်၊ ၀၈၆/၂၀၂၀

ရုံးအမိန့်အမှတ်၊ ၀၈၆/၂၀၂၀

နှစ်ရှည်စိုက်ခင်း လုပ်ကိုင်ခွင့်ခွင့်ပြုစာချုပ် ချုပ်ဆိုထားသည့် (၅၀၀)ဧကအား စာချုပ်ဖျက်သိမ်းပြီး မြေပြန်လည်သိမ်းဆည်းခြင်း

A36A37

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 65 guests and no members online