Articles

ျမန္မာႏိုင္ငံကြန္ပ်ဴတာပညာရွင္အသင္း MCPA ,ICT Tour(Digitai Transformation )နယ္လွည့္ နည္းပညာေဟာေျပာ

 ေတာင္ႀကီး ေမ- ၂၀

102

  ျပည္ေထာင္စုရာထူးဝန္အဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံကြန္ပ်ဴတာရွင္အသင္း MCPA, ICT Tour (Digitai Transformation) နယ္လွည့္ နည္းပညာေဟာေျပာပြဲကိုေမ(၂၀)ရက္မြန္းလြဲ(၁)နာရီကေတာင္ႀကီးၿမိဳ႕ရွမ္း ျပည္နယ္အစိုးရ႐ုံးအစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။ 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က Government စနစ္ကို ေအာင္ျမင္စြာ အေကာင္အထည္ ေဖာ္ေဆာင္ႏိုင္ဖို႔ ICT လူ႕စြမ္းအားအရင္းအျဖစ္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ အရည္အေသြးျပည့္ဝတဲ့ ICT ကၽြမ္းက်င္ဝန္ထမ္းမ်ား မျဖစ္မေနလိုအပ္လာမွာျဖစ္ပါေၾကာင္း၊ ဝန္ထမ္းေကာင္းမွ "ႏိုင္ငံေကာင္းမယ္" ဆိုသည့္ စကားပုံ အတိုင္း ဝန္ထမ္းမ်ား အဖက္ဖက္မွ အရည္အခ်င္းတိုးတက္လာမွသာ ႏိုင္ငံေတာ္အတြက္ အားထားရသည့္ဝန္ထမ္းေကာင္း ေတြကို ေမြးထုတ္ေပးႏိုင္မွာျဖစ္ပါေၾကာင္း၊ ICT ဟာကမၻာတစ္ဝွမ္းမွာ ေနရာတိုင္းလိုလိုတြင္ မရွိမျဖစ္ပါဝင္လာၿပီးျဖစ္လို႔ မိမိတို႔တိုင္းေဒသႀကီးမ်ားတြင္ ICTတိုးတက္ဖို႔ရန္ တစ္တပ္တစ္အားပါဝင္ေဆာင္႐ြက္သြားၾကရမွာျဖစ္ပါေၾကာင္း ေျပာၾကား သည္။

  ဆက္လက္၍ တက္ေရာက္လာသည့္ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ျမန္မာ ႏိုင္ငံကြန္ပ်ဴတာရွင္အသင္းမွ ဒုတိယဥကၠဌႏွင့္ အဖြဲ႕ဝင္မ်ား အမွတ္တရစုေပါင္းဓာတ္ပုံ႐ိုက္ကူးၾကသည္။

  ထို႔ေနာက္ ျမန္မာႏိုင္ငံကြန္ပ်ဴတာရွင္အသင္း ဒုတိယဥကၠဌ ဦးမင္းဦး၊ အတြင္းေရးမႉး ဦးေဇာ္ဝင္းထြန္းႏွင့္ အလုပ္အမႈ ေဆာင္မ်ားက "Cyber Security "၊ "Building Capacity And Readiness for e- Government Transformation"၊ "Current Trends ln Digital Economy" အေၾကာင္းတို႔ကို powerpoint ျဖင့္ရွင္းလင္းေဟာေျပာၿပီး တက္ေရာက္လာသည့္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္အဆင့္ဌာနဆိုင္ရာ ဝန္ထမ္းမ်ားက သိလိုသည္မ်ားေမးျမန္းရာ ျမန္မာႏိုင္ငံကြန္ပ်ဴတာရွင္အသင္း ဒုတိယဥကၠ႒ တာဝန္ရွိသူတို႔က က႑အလိုက္ျပန္လည္ရွင္းလင္းေဆြးေႏြးခဲ့ေၾကာင္းသိရွိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09− 250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း MCPA ,ICT Tour(Digitai Transformation )နယ်လှည့် နည်းပညာဟောပြော တောင်ကြီး မေ- ၂၀

  ပြည်ထောင်စုရာထူးဝန်အဖွဲ့နှင့် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း MCPA, ICT Tour (Digitai Transformation) နယ်လှည့် နည်းပညာဟောပြောပွဲကိုမေ(၂၀)ရက်မွန်းလွဲ(၁)နာရီကတောင်ကြီးမြို့ရှမ်း ပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က Government စနစ်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်ဖို့ ICT လူ့စွမ်းအားအရင်းအဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အရည်အသွေးပြည့်ဝတဲ့ ICT ကျွမ်းကျင်ဝန်ထမ်းများ မဖြစ်မနေလိုအပ်လာမှာဖြစ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ "နိုင်ငံကောင်းမယ်" ဆိုသည့် စကားပုံ အတိုင်း ဝန်ထမ်းများ အဖက်ဖက်မှ အရည်အချင်းတိုးတက်လာမှသာ နိုင်ငံတော်အတွက် အားထားရသည့်ဝန်ထမ်းကောင်း တွေကို မွေးထုတ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ ICT ဟာကမ္ဘာတစ်ဝှမ်းမှာ နေရာတိုင်းလိုလိုတွင် မရှိမဖြစ်ပါဝင်လာပြီးဖြစ်လို့ မိမိတို့တိုင်းဒေသကြီးများတွင် ICTတိုးတက်ဖို့ရန် တစ်တပ်တစ်အားပါဝင်ဆောင်ရွက်သွားကြရမှာဖြစ်ပါကြောင်း ပြောကြား သည်။

  ဆက်လက်၍ တက်ရောက်လာသည့်ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် မြန်မာ နိုင်ငံကွန်ပျူတာရှင်အသင်းမှ ဒုတိယဥက္ကဌနှင့် အဖွဲ့ဝင်များ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးကြသည်။

  ထို့နောက် မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဌ ဦးမင်းဦး၊ အတွင်းရေးမှူး ဦးဇော်ဝင်းထွန်းနှင့် အလုပ်အမှု ဆောင်များက "Cyber Security "၊ "Building Capacity And Readiness for e- Government Transformation"၊ "Current Trends ln Digital Economy" အကြောင်းတို့ကို powerpoint ဖြင့်ရှင်းလင်းဟောပြောပြီး တက်ရောက်လာသည့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများက သိလိုသည်များမေးမြန်းရာ မြန်မာနိုင်ငံကွန်ပျူတာရှင်အသင်း ဒုတိယဥက္ကဋ္ဌ တာဝန်ရှိသူတို့က ကဏ္ဍအလိုက်ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရသည်။ 

မောင်မောင်သန်း(တောင်ကြီး)

09− 250132943

 

ေတာင္ႀကီးၿမိဳ႕၌ ကမၻာ့ၾကက္ေျခနီေန႔က်င္းပ

ေတာင္ႀကီး  ေမ  −  ၁၉

101

၂၀၁၉ခုႏွစ္၊ (၇၁)ႏွစ္ေျမာက္ ကမၻာ့ၾကက္ေျခနီေန႔အခမ္းအနားကို ေမ(၁၉)ရက္ နံနက္(၈)နာရီခြဲက ေတာင္ႀကီးၿမိဳ႕ ျမန္မာႏိုင္ငံဆရာဝန္မ်ားအသင္း႐ုံး၌ က်င္းပေၾကာင္းသိရသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ကမၻာ့ၾကက္ေျခနီေန႔အခမ္းအနားမ်ားကိုက်င္းပ ရာ ႏွစ္စဥ္ေဆာင္ပုဒ္မ်ားသတ္မွတ္ၿပီး လႈပ္ရွားမႈအသြင္ျဖင့္ ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ ယခုႏွစ္အတြက္ေဆာင္ပုဒ္မွာ LOVE ခ်စ္ျခင္းေမတၱာျဖစ္ၿပီး ေစတနာလုပ္အားရွင္မ်ားႏွင့္ ျပည္သူမ်ားအတြက္ေသာ္လည္းေကာင္း၊ ေစတနာလုပ္အားရွင္မ်ားအခ်င္း ခ်င္းတြင္ေသာ္လည္းေကာင္း၊ ခ်စ္ျခင္းေမတၱာအျပည့္ထားရွိေဆာင္႐ြက္ရင္း ျပည္သူမ်ားဆင္းရဲဒုကၡနည္းပါးသက္သာေစရန္ဆို သည့္ျမန္မာႏိုင္ငံၾကက္ေျခနီအသင္းႀကီး၏ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ၾကမည့္ အဓိပၸာယ္ျဖစ္ၿပီး ယေန႔လိုအပ္ေန ေသာ ၿငိမ္းခ်မ္းသည့္ကမၻာႀကီးျဖစ္ေစရန္လည္း တစ္စိတ္တစ္ေဒသပါဝင္ကူညီၾကရန္ ရည္ၫြန္းပါေၾကာင္း၊ လူသားခ်င္းစာနာ ေထာက္ထားမႈကို အရင္းခံကာ ဖြဲ႕စည္းခဲ့သည့္ ၾကက္ေျခနီတပ္ဖြဲ႕ဝင္ အသင္းဝင္ေမာင္မယ္မ်ားသည္ ျပည္သူတို႔ကို ေဘးဒုကၡ ႀကံ႕ႀကံ႕ခံရင္ဆိုင္ႏိုင္ေအာင္ ကူညီေဆာင္႐ြက္ေပးၾကရန္ႏွင့္ ႏိုင္ငံေတာ္တည္ေဆာက္ေရးလုပ္ငန္းမ်ားတြင္ တတ္ႏိုင္သည့္ဖက္က ပါဝင္ကူညီေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီဥကၠ႒ ေဒါက္တာလွေအးမွ သဝဏ္လႊာဖတ္ၾကားၿပီး၊ အျပည္ျပည္ဆိုင္ရာၾကက္ေျခနီေကာ္မတီ ရွမ္းျပည္နယ္(ေျမာက္ပိုင္း) လား႐ႈိး႐ုံးခြဲ ဒုတိယတာဝန္ခံ မာဆာရွီ ဆူဒါကာမွ ႏႈတ္ခြန္းဆက္စကားေျပာၾကားကာ ဆုရရွိသည့္ၾကက္ေျခနီေမာင္မယ္မ်ားႏွင့္ ေစတနာလုပ္အားရွင္မ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ရွမ္းျပည္နယ္ၾကက္ေျခနီႀကီးၾကပ္မႈေကာ္မတီ ဥကၠ႒ေဒါက္တာလွေအး၊ လား႐ႈိး႐ုံးခြဲ ဒုတိယတာဝန္ခံ မာဆာရွီ ဆူဒါကာတို႔မွအသီးသီး ဂုဏ္ျပဳဆုခ်ီးျမႇင့္ၾကၿပီး ၾကက္ေျခနီ ေမာင္မယ္မ်ားမွ ေရွးဦးျပဳစုျခင္းသ႐ုပ္ျပသ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

      09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ကမ္ဘာ့ကြက်ခြေနီနေ့ကျင်းပ

တောင်ကြီး  မေ  −  ၁၉

၂၀၁၉ခုနှစ်၊ (၇၁)နှစ်မြောက် ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားကို မေ(၁၉)ရက် နံနက်(၈)နာရီခွဲက တောင်ကြီးမြို့ မြန်မာနိုင်ငံဆရာဝန်များအသင်းရုံး၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကမ္ဘာ့ကြက်ခြေနီနေ့အခမ်းအနားများကိုကျင်းပ ရာ နှစ်စဉ်ဆောင်ပုဒ်များသတ်မှတ်ပြီး လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခုနှစ်အတွက်ဆောင်ပုဒ်မှာ LOVE ချစ်ခြင်းမေတ္တာဖြစ်ပြီး စေတနာလုပ်အားရှင်များနှင့် ပြည်သူများအတွက်သော်လည်းကောင်း၊ စေတနာလုပ်အားရှင်များအချင်း ချင်းတွင်သော်လည်းကောင်း၊ ချစ်ခြင်းမေတ္တာအပြည့်ထားရှိဆောင်ရွက်ရင်း ပြည်သူများဆင်းရဲဒုက္ခနည်းပါးသက်သာစေရန်ဆို သည့်မြန်မာနိုင်ငံကြက်ခြေနီအသင်းကြီး၏ရည်မှန်းချက်ကို အကောင်အထည်ဖော်ကြမည့် အဓိပ္ပာယ်ဖြစ်ပြီး ယနေ့လိုအပ်နေ သော ငြိမ်းချမ်းသည့်ကမ္ဘာကြီးဖြစ်စေရန်လည်း တစ်စိတ်တစ်ဒေသပါဝင်ကူညီကြရန် ရည်ညွန်းပါကြောင်း၊ လူသားချင်းစာနာ ထောက်ထားမှုကို အရင်းခံကာ ဖွဲ့စည်းခဲ့သည့် ကြက်ခြေနီတပ်ဖွဲ့ဝင် အသင်းဝင်မောင်မယ်များသည် ပြည်သူတို့ကို ဘေးဒုက္ခ ကြံ့ကြံ့ခံရင်ဆိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးကြရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများတွင် တတ်နိုင်သည့်ဖက်က ပါဝင်ကူညီပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဒေါက်တာလှအေးမှ သဝဏ်လွှာဖတ်ကြားပြီး၊ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာမှ နှုတ်ခွန်းဆက်စကားပြောကြားကာ ဆုရရှိသည့်ကြက်ခြေနီမောင်မယ်များနှင့် စေတနာလုပ်အားရှင်များအား ပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌဒေါက်တာလှအေး၊ လားရှိုးရုံးခွဲ ဒုတိယတာဝန်ခံ မာဆာရှီ ဆူဒါကာတို့မှအသီးသီး ဂုဏ်ပြုဆုချီးမြှင့်ကြပြီး ကြက်ခြေနီ မောင်မယ်များမှ ရှေးဦးပြုစုခြင်းသရုပ်ပြသ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

      09-250132943

 

ကဆုန်လပြည့် ဗုဒ္ဓအခါတော်နေ့ တောင်ကြီးမြို့တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်

တောင်ကြီး မေ - ၁၈

100

ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော တောင်ကြီးမြို့ စူဠာမုနိလောကချမ်းသာစေတီတော်မြတ်ကြီး ၌ မေ ၁၈ ရက် ညနေ ၄ နာရီက ပရိဘောဂစေတီခေါ် မဟာဗောဓိညောင်ပင်အား ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ တွင် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြကြောင်း သိရသည်။

အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိတ်သတ်တို့က ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်သည့်ပွဲကို နမောတဿ သုံးကြိမ် ဘုရားကန်တော့ဖွင့်လှစ်ပြီး ကဆုန်လပြည့်ဗုဒ္ဓအခါတော်နေ့ ဂုဏ်ပြုပူဇော် မင်္ဂလာအခါတော်ကို ဝတ်အသင်းများမှ သံပြိုင်ညီညာရွတ်ဆိုပူဇော်၍ နဂါး၊ ဂဠန်၊ နတ်၊ ဗြဟ္မာအပေါင်းတို့၏ ဝမ်းမြောက်ကြည်နူးချီးကျူးကြွေးကြော်ကဗျာကို သံပြိုင်ညီညာရွတ်ဆိုပူဇော်ကာ ဦးနေမင်းခမှ ပရိတ်သတ်ကိုယ်စား ဘောဓိရုပ်က္ခေါဒကသိဉ္ဈနမင်္ဂလာဂါထာတော်ဖြင့် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က ဘောဓိညောင်ခြေပလ္လင်ဗွေ၌ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ဦးနေမင်းခမှ ပတ္တာနုမောဒနာဂါထာတော် ဖြင့် ညောင်ရေတော်သွန်းလောင်းမှုအကြောင်းပြု၍ ကောင်းမှုအဖို့ဘာဂကို နတ်ဗြဟ္မာသတ္တဝါတို့အား အမျှပေးဝေကြ ကာ ကဆုန်ညောင်ရေသွန်းလောင်းပူဇော်သည့် မင်္ဂလာအခမ်းအနားကို ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းပြီး ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ဧည့်ပရိတ်သတ်တို့က စူဠာမုနိလောကချမ်းသာစေတီတော် မြတ်ကြီးအား လက်ယာရစ်လှည့်ပတ်ကာ ဗုဒ္ဓရုပ်ပွားတော်အား ပန်းရေချမ်းဆက်ကပ်ပူဇော်ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09250132943

 (Unicode)++

ကဆုန္လျပည့္ ဗုဒၶအခါေတာ္ေန႔ ေတာင္ႀကီးၿမိဳ႕တြင္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္

ေတာင္ႀကီး ေမ - ၁၈

ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ႀကီးမႉးက်င္းပေသာ ေတာင္ႀကီးၿမိဳ႕ စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ျမတ္ႀကီး ၌ ေမ ၁၈ ရက္ ညေန ၄ နာရီက ပရိေဘာဂေစတီေခၚ မဟာေဗာဓိေညာင္ပင္အား ကဆုန္လျပည့္ဗုဒၶအခါေတာ္ေန႔ တြင္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကေၾကာင္း သိရသည္။

အခမ္းအနားတြင္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က ကဆုန္ေညာင္ေရသြန္းေလာင္း ပူေဇာ္သည့္ပြဲကို နေမာတႆ သုံးႀကိမ္ ဘုရားကန္ေတာ့ဖြင့္လွစ္ၿပီး ကဆုန္လျပည့္ဗုဒၶအခါေတာ္ေန႔ ဂုဏ္ျပဳပူေဇာ္ မဂၤလာအခါေတာ္ကို ဝတ္အသင္းမ်ားမွ သံၿပိဳင္ညီညာ႐ြတ္ဆိုပူေဇာ္၍ နဂါး၊ ဂဠန္၊ နတ္၊ ျဗဟၼာအေပါင္းတို႔၏ ဝမ္းေျမာက္ၾကည္ႏူးခ်ီးက်ဴးေႂကြးေၾကာ္ကဗ်ာကို သံၿပိဳင္ညီညာ႐ြတ္ဆိုပူေဇာ္ကာ ဦးေနမင္းခမွ ပရိတ္သတ္ကိုယ္စား ေဘာဓိ႐ုပ္ေကၡါဒကသိၪၩနမဂၤလာဂါထာေတာ္ျဖင့္ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဧည့္ပရိတ္သတ္တို႔က ေဘာဓိေညာင္ေျခပလႅင္ေဗြ၌ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္ၾကၿပီး ဦးေနမင္းခမွ ပတၱာႏုေမာဒနာဂါထာေတာ္ ျဖင့္ ေညာင္ေရေတာ္သြန္းေလာင္းမႈအေၾကာင္းျပဳ၍ ေကာင္းမႈအဖို႔ဘာဂကို နတ္ျဗဟၼာသတၱဝါတို႔အား အမၽွေပးေဝၾက ကာ ကဆုန္ေညာင္ေရသြန္းေလာင္းပူေဇာ္သည့္ မဂၤလာအခမ္းအနားကို ဗုဒၶသာသနံ စိရံ တိဌတု သုံးႀကိမ္႐ြတ္ဆို ဆုေတာင္းၿပီး ႐ုတ္သိမ္းလိုက္ေၾကာင္း သိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ ဧည့္ပရိတ္သတ္တို႔က စူဠာမုနိေလာကခ်မ္းသာေစတီေတာ္ ျမတ္ႀကီးအား လက္ယာရစ္လွည့္ပတ္ကာ ဗုဒၶ႐ုပ္ပြားေတာ္အား ပန္းေရခ်မ္းဆက္ကပ္ပူေဇာ္ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09250132943

 

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကလောမြို့နယ် နန်းတိုင်းကျေးရွာတွင် One Stop Shop ရွေ့လျားဝန်ဆောင်မှု ကွင်းဆင်းကြည့်ရှု အားပေး

တောင်ကြီး မေ-၁၈

99

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ဗမာတိုင်းရင်းသား လူမျိုး ရေးရာဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တာဝန်ရှိသူ များနှင့်အတူ မေ ၁၇ ရက် နံနက်ပိုင်းက ကလောမြို့နယ် နန်းတိုင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ One Stop Shop ရွေ့လျားဝန်ဆောင်မှု လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုကြကြောင်း သိရသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေသော တိုင်းရင်းဆေးကုသနေမှု၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံပြည်သူများအား ပညာပေးသင်တန်းပို့ချနေမှု၊ လျှပ်စစ်မီတာ ဆောင်ရွက်နေမှု၊ မီးသတ်ဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်နေမှုတို့ကို ကြည့်ရှုအားပေးကြပြီး လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတို့မှ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းတွင် ဆောင်ရွက်ပြီးစီးသော မြေစာရင်းပုံစံ(၇)နှင့် မွေးစာရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားများကို ဒေသခံပြည်သူများအား ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက အသီးသီးပေးအပ်၍ အသက် (၈၅)နှစ်ကျော် အဘိုးနှစ်ဦးကို ထောက်ပံ့ငွေပေးအပ်ကာ ဒေသခံပြည်သူများနှင့်တွေ့ဆုံ ပြည်သူများမှ ဒေသလိုအပ်ချက်ဖြစ်သော ကျန်းမာရေး၊ ပညာရေး၊ လမ်းတံတားကိစ္စရပ်များတင်ပြမှုအပေါ် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများမှ ဘဏ္ဍာရေးအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင် ရှင်းလင်းပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ကလောမြို့နယ် ဆောင်းဘွဲ့ကျေးရွာ တွင် ရေဂါလံ (၁၀၀၀၀)ဆံ့ (23ပေ ၃လက်မ × ၁၄ပေ × ၆ပေ) တည်ဆောက်မည့်နေရာသို့ ရောက်ရှိရာ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် စိမ့်စမ်းရေသွယ်လုပ်ငန်းဆောင်ရွက်မည့် ရေပိုက်များအား ဆောင်ရွက်နေမှုကို ကြည့်ရှု၍ ကလောမြို့နယ် ရပ်ကွက် (၆)တွင် စက်ရေတွင်းတူးဖော်နေမှုကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို ဖြည့်စွက်မှာကြားပြီး အောင်ပန်းမြို့ ဗိုလ်မှူးကြီး ဗထူးကျောက်တိုင် ပြန်လည်တည်ဆောက်မည့်နေရာနှင့် လမ်းတိုးချဲ့ဆောင်ရွက်နေမှုတို့ကို သွားရောက်ကြည့်ရှုခဲ့ ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း (တောင်ကြီး)

09250132943

 (Unicode)++

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ကေလာၿမိဳ႕နယ္ နန္းတိုင္းေက်း႐ြာတြင္ One Stop Shop ေ႐ြ႕လ်ားဝန္ေဆာင္မႈ ကြင္းဆင္းၾကည့္႐ႈ အားေပး

ေတာင္ႀကီး ေမ-၁၈

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ဗမာတိုင္းရင္းသား လူမ်ိဳး ေရးရာဝန္ႀကီး၊ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ား၊ တာဝန္ရွိသူ မ်ားႏွင့္အတူ ေမ ၁၇ ရက္ နံနက္ပိုင္းက ကေလာၿမိဳ႕နယ္ နန္းတိုင္းေက်း႐ြာ အေျခခံပညာအထက္တန္းေက်ာင္း၌ One Stop Shop ေ႐ြ႕လ်ားဝန္ေဆာင္မႈ လုပ္ငန္းေဆာင္႐ြက္ေနမႈအား ကြင္းဆင္းၾကည့္႐ႈၾကေၾကာင္း သိရသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနေသာ တိုင္းရင္းေဆးကုသေနမႈ၊ စိုက္ပ်ိဳးေရးဦးစီးဌာနမွ ေဒသခံျပည္သူမ်ားအား ပညာေပးသင္တန္းပို႔ခ်ေနမႈ၊ လၽွပ္စစ္မီတာ ေဆာင္႐ြက္ေနမႈ၊ မီးသတ္ဦးစီးဌာနမွ လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို ၾကည့္႐ႈအားေပးၾကၿပီး လယ္ယာေျမစီမံခန္႔ခြဲေရးႏွင့္ စာရင္းအင္းဦးစီးဌာန၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ အမ်ိဳးသားမွတ္ပုံတင္ေရးဦးစီးဌာနတို႔မွ ေ႐ြ႕လ်ားဝန္ေဆာင္မႈလုပ္ငန္းတြင္ ေဆာင္႐ြက္ၿပီးစီးေသာ ေျမစာရင္းပုံစံ(၇)ႏွင့္ ေမြးစာရင္း၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမ်ားကို ေဒသခံျပည္သူမ်ားအား ျပည္နယ္ ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားက အသီးသီးေပးအပ္၍ အသက္ (၈၅)ႏွစ္ေက်ာ္ အဘိုးႏွစ္ဦးကို ေထာက္ပံ့ေငြေပးအပ္ကာ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ ျပည္သူမ်ားမွ ေဒသလိုအပ္ခ်က္ျဖစ္ေသာ က်န္းမာေရး၊ ပညာေရး၊ လမ္းတံတားကိစၥရပ္မ်ားတင္ျပမႈအေပၚ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ ျပည္နယ္ဝန္ႀကီးမ်ားမွ ဘ႑ာေရးအလိုက္ ျဖည့္ဆည္း ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္ ရွင္းလင္းေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ကေလာၿမိဳ႕နယ္ ေဆာင္းဘြဲ႕ေက်း႐ြာ တြင္ ေရဂါလံ (၁၀၀၀၀)ဆံ့ (23ေပ ၃လက္မ × ၁၄ေပ × ၆ေပ) တည္ေဆာက္မည့္ေနရာသို႔ ေရာက္ရွိရာ ဆည္ေျမာင္းႏွင့္ ေရအသုံးခ်မႈစီမံခန္႔ခြဲေရးဦးစီးဌာန (ေရအရင္းအျမစ္)မွ တာဝန္ရွိသူတစ္ဦးက ရွင္းလင္းတင္ျပၿပီး ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ အဖြဲ႕သည္ စိမ့္စမ္းေရသြယ္လုပ္ငန္းေဆာင္႐ြက္မည့္ ေရပိုက္မ်ားအား ေဆာင္႐ြက္ေနမႈကို ၾကည့္႐ႈ၍ ကေလာၿမိဳ႕နယ္ ရပ္ကြက္ (၆)တြင္ စက္ေရတြင္းတူးေဖာ္ေနမႈကို သြားေရာက္ၾကည့္႐ႈကာ လိုအပ္သည္မ်ားကို ျဖည့္စြက္မွာၾကားၿပီး ေအာင္ပန္းၿမိဳ႕ ဗိုလ္မႉးႀကီး ဗထူးေက်ာက္တိုင္ ျပန္လည္တည္ေဆာက္မည့္ေနရာႏွင့္ လမ္းတိုးခ်ဲ႕ေဆာင္႐ြက္ေနမႈတို႔ကို သြားေရာက္ၾကည့္႐ႈခဲ့ ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း (ေတာင္ႀကီး)

09250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 58 guests and no members online

Latest Updates