Articles

ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံတြင္ သြားႏွင့္ခံတြင္းေဆးခန္းဖြင့္

႐ြာငံ ဇူလိုင္   -   ၁၈

168

ရွမ္းျပည္နယ္(ေတာင္ပိုင္း) ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ႐ြာငံၿမိဳ႕နယ္ ျပည္သူ႕ေဆး႐ုံတြင္ သြားႏွင့္ခံတြင္းေဆးခန္း ဖြင့္ပြဲကို ဇူလိုင္(၁၈)ရက္ နံနက္(၁၀)နာရီမိနစ္(၂၀)က အဆိုပါေဆး႐ုံ၌က်င္းပသည္။

ဖြင့္ပြဲကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ ဥကၠ႒ဦးအာကာလင္း၊ ျပည္နယ္ကုသေရးႏွင့္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉးေဒါက္တာေဒၚသူဇာခ်စ္တင္၊ အလႉရွင္ (Forever Group CEO) ဦးဝင္းေမာ္တို႔က ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၾကၿပီး၊ သြားႏွင့္ခံတြင္းကဗၼည္းေမာ္ကြန္းအား အေမႊးနံသာပတ္ဖ်န္းေပး ၾကသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ဥပေဒခ်ဳပ္ေဒသ ဦးစီးဥကၠ႒ အလႉရွင္မ်ားႏွင့္ တာဝန္ရွိသူတို႔သည္ ေဆး႐ုံအတြင္းလွည့္လည္ၾကည့္႐ႈၿပီး၊ ေဆး႐ုံတက္ေရာက္ေဆးကုသခံယူေနေသာ လူနာ မ်ားအား ေထာက္ပံ့ေငြမ်ားေပးအပ္ခဲ့ၾကသည္။

ထို႔ေနာက္ အခမ္းအနားဒုတိယပိုင္းတြင္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ျမန္မာ ႏိုင္ငံတြင္ျပဳလုပ္ေသာ သြားႏွင့္ခံတြင္းစစ္တမ္းမ်ားအရ ျပည္သူလူထုအတြင္း သြားႏွင့္ခံတြင္းက်န္းမာေရးဆိုင္ရာအသိပညာမ်ား သိရွိနားလည္မႈအားနည္းျခင္း၊ သြားႏွင့္ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈကို လြယ္လင့္တကူလက္လွမ္းမွီရရွိမႈမရွိျခင္း၊ သြားႏွင့္ ခံတြင္းက်န္းမာေရးေစာင့္ေရွာက္မႈေပးႏိုင္သည့္ သြားဘက္ဆိုင္ရာဆရာဝန္ႏွင့္ ကၽြမ္းက်င္ဝန္ထမ္းမ်ား နည္းပါးေနေသးျခင္းႏွင့္ Dental Chair အပါအဝင္ ေဆးႏွင့္ေဆးပစၥည္းမ်ားမလုံေလာက္ျခင္းတို႔ကို ေတြ႕ရွိရပါေၾကာင္း အလႉရွင္ဦးဝင္းေမာ္မိသားစုမွ ႐ြာငံေဆး႐ုံအတြက္ သြားေဆးခန္းျပဳျပင္ျခင္း (သိန္း၉ဝက်ပ္)၊ Dental Chair (၂)လုံး (သိန္း၁၃ဝက်ပ္)ခန္႔ႏွင့္ Dental X-Ray (၁)လုံး (သိန္း၈၀)က်ပ္ခန္႔ လႉဒါန္းေပးသည့္အတြက္ ႐ြာငံျပည္သူလူထုကိုယ္စား အထူးေက်းဇူးတင္ရွိပါေၾကာင္းႏွင့္ အလႉရွင္ မိသားစုမွ ပင္းတယၿမိဳ႕နယ္ေဆး႐ုံတြင္ သြားႏွင့္ခံတြင္းလူနာစုစုေပါင္း(၄၁၃)ဦးကို ေဆးကုသေပးရာတြင္ ပံ့ပိုးလႉဒါန္းေပးခဲ့ၿပီး၊ သြားက်န္းမာေရးေဆးခန္းအတြက္ က်ပ္သိန္း(၃၀၀)ႏွင့္ ပင္းတယေဆး႐ုံအတြက္ အဝတ္ေလၽွာ္စက္ႏွင့္ အဝတ္အေျခာက္ခံစက္ တစ္လုံး၊ ေစာင္ေခါင္းအုံးႏွင့္အိပ္ယာခင္းမ်ား စုစုေပါင္းက်ပ္(၃၇)သိန္းခန္႔ လႉဒါန္းေပးခဲ့သည့္အတြက္ ေက်းဇူးတင္ပါေၾကာင္း၊ ႐ြာငံၿမိဳ႕နယ္တြင္ သြားဘက္ဆိုင္ရာဆရာဝန္(၃)ဦးရွိၿပီး၊ သြားႏွင့္ခံတြင္းဆိုင္ရာက်န္းမာေရးေစာင့္ေရွာက္ေပးလ်က္ရွိသည္ကို သိရပါေၾကာင္း၊ ၂၀၁၇ခုႏွစ္မွစၿပီး ယခုအခ်ိန္အထိ သြားပိုးစားေရာဂါလူနာ(၁၃၃၉)ဦး၊ သြားဖုံးေရာဂါလူနာ(၂၄၂)ဦး၊ အျခား သြားႏွင့္ခံတြင္းေရာဂါဆိုင္ရာလူနာ(၂၀၀)ေက်ာ္တို႔ကို ကုသမႈေပးႏိုင္ခဲ့သည့္ကိုသိရပါေၾကာင္း၊ ေက်ာင္းက်န္းမာေရးလုပ္ငန္း မ်ားေဆာင္႐ြက္ခ်ိန္တြင္ ႏွစ္စဥ္ေက်ာင္းသားေက်ာင္းသူ(၃၀၀၀)ေက်ာ္ကို သြားႏွင့္ခံတြင္းစစ္ေဆးေပးခဲ့ၿပီး၊ ေရာဂါျဖစ္ပြားသည့္ ေက်ာင္းသား ေက်ာင္းသူ(၆၅၀)ဦးခန္႔ကို ကုသေပးႏိုင္ခဲ့ပါေၾကာင္း၊ အလႉရွင္မွလႉဒါန္းေသာ သြားေဆးခန္း Dental Chair ႏွင့္ Dental X-Ray မ်ားျဖင့္ ႐ြာငံၿမိဳ႕ေနျပည္သူလူထုကို အရည္အေသြးျပည့္ဝေသာ သြားႏွင့္ခံတြင္းက်န္းမာေရး ေစာင့္ေရွာက္မႈမ်ား ဆက္လက္ေပးၾကရန္ေျပာၾကားသည္။

၎ေနာက္ ဓႏုကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ ဦးစီးအဖြဲ႕ဥကၠ႒ဦးအာကာလင္းမွ အမွာစကားေျပာၾကားၿပီး အလႉရွင္ (Forever Group) CEO ဦးဝင္းေမာ္မွ လႉဒါန္းရသည့္ အေၾကာင္းအရာႏွင့္ပတ္သက္၍ ရွင္းလင္းကာ သြားႏွင့္ခံတြင္းေဆးခန္း ဆိုင္ရာစာ႐ြက္စာတမ္းမ်ားကိုအလႉရွင္ Forever Group CEO ဦးဝင္းေမာ္မွေပးအပ္ရာ ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရးဦးစီးဌာနမႉး ေဒါက္တာခြန္ဝင္းလတ္က လက္ခံရယူၿပီး၊ ဂုဏ္ျပဳမွတ္တမ္းလႊာမ်ား ျပန္လည္ေပးအပ္ကာ သြားဓါတ္မွန္စက္အား ပင္းတယ ၿမိဳ႕နယ္ ျပည္သူ႕က်န္းမာေရးဌာနဦးစီးမႉးေဒါက္တာမို႔မို႔ၾကည္မွ လက္ခံရယူ၍ ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးၿပီး၊ သြားႏွင့္ ခံတြင္းေဆးခန္းႏွင့္ သြားဘက္ဆိုင္ရာစက္ကရိယာမ်ားကို ျပင္ဆင္ေဆာက္လုပ္ရန္စီစဥ္ေပးပါေသာ ေဒါက္တာထြန္းလွအား ၿမိဳ႕နယ္ျပည္သူ႕က်န္းမာေရး ဦးစီးဌာနမႉး ေဒါက္တာခြန္ဝင္းလတ္မွ ဂုဏ္ျပဳမွတ္တမ္းလႊာျပန္လည္ေပးအပ္၍ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအးမင္းစိုးက ေက်းဇူးတင္စကားျပန္လည္ေျပာၾကားေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09−250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားနှင့်ခံတွင်းဆေးခန်းဖွင့်

ရွာငံ ဇူလိုင်   -   ၁၈

ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ် ပြည်သူ့ဆေးရုံတွင် သွားနှင့်ခံတွင်းဆေးခန်း ဖွင့်ပွဲကို ဇူလိုင်(၁၈)ရက် နံနက်(၁၀)နာရီမိနစ်(၂၀)က အဆိုပါဆေးရုံ၌ကျင်းပသည်။

ဖွင့်ပွဲကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဒေါက်တာဒေါ်သူဇာချစ်တင်၊ အလှူရှင် (Forever Group CEO) ဦးဝင်းမော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး၊ သွားနှင့်ခံတွင်းကဗ္မည်းမော်ကွန်းအား အမွှေးနံသာပတ်ဖျန်းပေး ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်ဒေသ ဦးစီးဥက္ကဋ္ဌ အလှူရှင်များနှင့် တာဝန်ရှိသူတို့သည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှုပြီး၊ ဆေးရုံတက်ရောက်ဆေးကုသခံယူနေသော လူနာ များအား ထောက်ပံ့ငွေများပေးအပ်ခဲ့ကြသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က မြန်မာ နိုင်ငံတွင်ပြုလုပ်သော သွားနှင့်ခံတွင်းစစ်တမ်းများအရ ပြည်သူလူထုအတွင်း သွားနှင့်ခံတွင်းကျန်းမာရေးဆိုင်ရာအသိပညာများ သိရှိနားလည်မှုအားနည်းခြင်း၊ သွားနှင့်ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုကို လွယ်လင့်တကူလက်လှမ်းမှီရရှိမှုမရှိခြင်း၊ သွားနှင့် ခံတွင်းကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်သည့် သွားဘက်ဆိုင်ရာဆရာဝန်နှင့် ကျွမ်းကျင်ဝန်ထမ်းများ နည်းပါးနေသေးခြင်းနှင့် Dental Chair အပါအဝင် ဆေးနှင့်ဆေးပစ္စည်းများမလုံလောက်ခြင်းတို့ကို တွေ့ရှိရပါကြောင်း အလှူရှင်ဦးဝင်းမော်မိသားစုမှ ရွာငံဆေးရုံအတွက် သွားဆေးခန်းပြုပြင်ခြင်း (သိန်း၉ဝကျပ်)၊ Dental Chair (၂)လုံး (သိန်း၁၃ဝကျပ်)ခန့်နှင့် Dental X-Ray (၁)လုံး (သိန်း၈၀)ကျပ်ခန့် လှူဒါန်းပေးသည့်အတွက် ရွာငံပြည်သူလူထုကိုယ်စား အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် အလှူရှင် မိသားစုမှ ပင်းတယမြို့နယ်ဆေးရုံတွင် သွားနှင့်ခံတွင်းလူနာစုစုပေါင်း(၄၁၃)ဦးကို ဆေးကုသပေးရာတွင် ပံ့ပိုးလှူဒါန်းပေးခဲ့ပြီး၊ သွားကျန်းမာရေးဆေးခန်းအတွက် ကျပ်သိန်း(၃၀၀)နှင့် ပင်းတယဆေးရုံအတွက် အဝတ်လျှော်စက်နှင့် အဝတ်အခြောက်ခံစက် တစ်လုံး၊ စောင်ခေါင်းအုံးနှင့်အိပ်ယာခင်းများ စုစုပေါင်းကျပ်(၃၇)သိန်းခန့် လှူဒါန်းပေးခဲ့သည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ ရွာငံမြို့နယ်တွင် သွားဘက်ဆိုင်ရာဆရာဝန်(၃)ဦးရှိပြီး၊ သွားနှင့်ခံတွင်းဆိုင်ရာကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိသည်ကို သိရပါကြောင်း၊ ၂၀၁၇ခုနှစ်မှစပြီး ယခုအချိန်အထိ သွားပိုးစားရောဂါလူနာ(၁၃၃၉)ဦး၊ သွားဖုံးရောဂါလူနာ(၂၄၂)ဦး၊ အခြား သွားနှင့်ခံတွင်းရောဂါဆိုင်ရာလူနာ(၂၀၀)ကျော်တို့ကို ကုသမှုပေးနိုင်ခဲ့သည့်ကိုသိရပါကြောင်း၊ ကျောင်းကျန်းမာရေးလုပ်ငန်း များဆောင်ရွက်ချိန်တွင် နှစ်စဉ်ကျောင်းသားကျောင်းသူ(၃၀၀၀)ကျော်ကို သွားနှင့်ခံတွင်းစစ်ဆေးပေးခဲ့ပြီး၊ ရောဂါဖြစ်ပွားသည့် ကျောင်းသား ကျောင်းသူ(၆၅၀)ဦးခန့်ကို ကုသပေးနိုင်ခဲ့ပါကြောင်း၊ အလှူရှင်မှလှူဒါန်းသော သွားဆေးခန်း Dental Chair နှင့် Dental X-Ray များဖြင့် ရွာငံမြို့နေပြည်သူလူထုကို အရည်အသွေးပြည့်ဝသော သွားနှင့်ခံတွင်းကျန်းမာရေး စောင့်ရှောက်မှုများ ဆက်လက်ပေးကြရန်ပြောကြားသည်။

၎င်းနောက် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်းမှ အမှာစကားပြောကြားပြီး အလှူရှင် (Forever Group) CEO ဦးဝင်းမော်မှ လှူဒါန်းရသည့် အကြောင်းအရာနှင့်ပတ်သက်၍ ရှင်းလင်းကာ သွားနှင့်ခံတွင်းဆေးခန်း ဆိုင်ရာစာရွက်စာတမ်းများကိုအလှူရှင် Forever Group CEO ဦးဝင်းမော်မှပေးအပ်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်က လက်ခံရယူပြီး၊ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကာ သွားဓါတ်မှန်စက်အား ပင်းတယ မြို့နယ် ပြည်သူ့ကျန်းမာရေးဌာနဦးစီးမှူးဒေါက်တာမို့မို့ကြည်မှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးပြီး၊ သွားနှင့် ခံတွင်းဆေးခန်းနှင့် သွားဘက်ဆိုင်ရာစက်ကရိယာများကို ပြင်ဆင်ဆောက်လုပ်ရန်စီစဉ်ပေးပါသော ဒေါက်တာထွန်းလှအား မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာခွန်ဝင်းလတ်မှ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းစိုးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09−250132943

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ဆြစ္ဇာလန္သံ႐ုံး၏ သံ႐ုံးယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ေတြ႕ဆုံ

ေတာင္ႀကီး ဇူလိုင္   −   ၁၇

167

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာ ေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္တို႔ႏွင့္အတူ ဇူလိုင္(၁၇)ရက္ ညေန(၃)နာရီက ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္ Callခန္းမ၌ ဆြစ္ဇာလန္သံ႐ုံး၏ယာယီတာဝန္ခံျဖစ္သူ Mr. Giacomo Solari ဦးေဆာင္လ်က္ လူသားခ်င္း စာနာေထာက္ထားမႈဆိုင္ရာ ဒုတိယအႀကီးအကဲျဖစ္သူ Mr. Mark Haeussermann ႏွင့္ National Project Officer ျဖစ္သူ ေဒၚအိသႏၲာလြင္လိုက္ပါလ်က္ လူသားခ်င္းစာနာေထာက္ထားမႈႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈအကူအညီေပးေရးဆိုင္ရာ ကိစၥရပ္ မ်ားႏွင့္ စပ္လ်ဥ္း၍ လာေရာက္ေတြ႕ဆုံေၾကာင္း သိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ Mr. Giacomo Solari မွ ယခုလို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီး မ်ားႏွင့္ ေတြ႕ဆုံရသည့္အတြက္ဝမ္းသာပါေၾကာင္း၊ မိမိတို႔အဖြဲ႕ႏွင့္ မိတ္ဆက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံသည္ ပူးေပါင္းေဆာင္႐ြက္ေရးအတြက္ ၂၀၀၈ခုႏွစ္တြင္ ျမန္မာႏိုင္ငံ၌ ပူးေပါင္းေဆာင္႐ြက္ေရးကို ေဆာင္႐ြက္ခဲ့ပါေၾကာင္း၊ က်န္းမာေရး၊ ပညာေရး စသည့္ အေဆာက္အဦးႏွင့္ ေက်ာင္းမ်ားကို ျပဳျပင္ျပန္လည္ေဆာင္႐ြက္ေပးေၾကာင္း၊ ၂၀၁၃ခုႏွစ္တြင္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ကိစၥရပ္မ်ားေဆာင္႐ြက္ၿပီး ၂၀၁၃ခုႏွစ္တြင္ သံ႐ုံးဖြင့္လွစ္ကာ ေမာ္လၿမိဳင္ၿမိဳ႕တြင္လည္း ႐ုံးဖြင့္လွစ္ၿပီး လုပ္ငန္းစတင္ခဲ့ပါေၾကာင္း၊ လုပ္ငန္းပထမပိုင္းတြင္ က်န္းမာေရး၊ ပညာေရးမ်ားကို စတင္အေကာင္အထည္ေဖာ္ၿပီး၊ စိုက္ေမြးပညာရပ္မ်ားကိုလည္း စီမံခ်က္ေရးဆြဲ၍ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အစိုးရေဒသအုပ္ခ်ဳပ္မႈေအာက္ႏွင့္ တိုင္းရင္းသား အုပ္ခ်ဳပ္မႈေအာက္တြင္ေဆာင္႐ြက္လ်က္ရွိၿပီး ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္ပါဝင္ေဆာင္႐ြက္လ်က္ရွိၿပီး ဆြစ္ဇာလန္ႏိုင္ငံ၏ ပူးေပါင္းေဆာင္႐ြက္ေရးလုပ္ငန္းသည္ (၅)ႏွစ္တာစီမံကိန္းျဖစ္ေၾကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္လည္း တိုးခ်ဲ႕ေဆာင္႐ြက္ ရန္လ်ာထားပါေၾကာင္းႏွင့္ ရွမ္းျပည္နယ္တြင္ လူမႈေရးကိစၥရပ္မ်ားလည္း စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္ရန္ ႐ုံးမ်ား လည္းထားရွိပါေၾကာင္း၊ ရွမ္းျပည္နယ္တြင္လည္း ေနာင္မ်ားတြင္မည္ကဲ့သို႔ေဆာင္႐ြက္ရန္ စီစဥ္ထားရွိမႈမ်ားကို တင္ျပလို ေၾကာင္း၊ အင္းေလးေဒသကိုေဆာင္႐ြက္ရန္လ်ာထားပါေသာ္လည္း အင္းေလးေဒသသည္ စီမံခ်က္မ်ားရွိပါေၾကာင္းႏွင့္ ေရေဝ ေရလဲေဒသႏွင့္ အျခားၿမိဳ႕နယ္မ်ားကို ေဆာင္႐ြက္ရန္ရွိပါေၾကာင္း၊ ဆြစ္ဇာလန္ႏိုင္ငံအျဖစ္ စီမံခ်က္မ်ားကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ရာတြင္ ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္မ်ားႏွင့္ ေဒသမ်ားတြင္ လုပ္ငန္းမ်ားေဆာင္႐ြက္ရန္ႏွင့္ ၿငိမ္းခ်မ္းေရးပိုမိုခိုင္မာ လာေအာင္ ပူးေပါင္းေဆာင္႐ြက္ရန္လိုပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ဆွစ်ဇာလန်သံရုံး၏ သံရုံးယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari တွေ့ဆုံ

တောင်ကြီး ဇူလိုင်   −   ၁၇

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာ အောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်တို့နှင့်အတူ ဇူလိုင်(၁၇)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ် Callခန်းမ၌ ဆွစ်ဇာလန်သံရုံး၏ယာယီတာဝန်ခံဖြစ်သူ Mr. Giacomo Solari ဦးဆောင်လျက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်သူ Mr. Mark Haeussermann နှင့် National Project Officer ဖြစ်သူ ဒေါ်အိသန္တာလွင်လိုက်ပါလျက် လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအကူအညီပေးရေးဆိုင်ရာ ကိစ္စရပ် များနှင့် စပ်လျဉ်း၍ လာရောက်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် Mr. Giacomo Solari မှ ယခုလို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီး များနှင့် တွေ့ဆုံရသည့်အတွက်ဝမ်းသာပါကြောင်း၊ မိမိတို့အဖွဲ့နှင့် မိတ်ဆက်ပေးသွားမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် ပူးပေါင်းဆောင်ရွက်ရေးအတွက် ၂၀၀၈ခုနှစ်တွင် မြန်မာနိုင်ငံ၌ ပူးပေါင်းဆောင်ရွက်ရေးကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ကျန်းမာရေး၊ ပညာရေး စသည့် အဆောက်အဦးနှင့် ကျောင်းများကို ပြုပြင်ပြန်လည်ဆောင်ရွက်ပေးကြောင်း၊ ၂၀၁၃ခုနှစ်တွင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များဆောင်ရွက်ပြီး ၂၀၁၃ခုနှစ်တွင် သံရုံးဖွင့်လှစ်ကာ မော်လမြိုင်မြို့တွင်လည်း ရုံးဖွင့်လှစ်ပြီး လုပ်ငန်းစတင်ခဲ့ပါကြောင်း၊ လုပ်ငန်းပထမပိုင်းတွင် ကျန်းမာရေး၊ ပညာရေးများကို စတင်အကောင်အထည်ဖော်ပြီး၊ စိုက်မွေးပညာရပ်များကိုလည်း စီမံချက်ရေးဆွဲ၍ဆောင်ရွက်လျက်ရှိကြောင်း၊ အစိုးရဒေသအုပ်ချုပ်မှုအောက်နှင့် တိုင်းရင်းသား အုပ်ချုပ်မှုအောက်တွင်ဆောင်ရွက်လျက်ရှိပြီး ငြိမ်းချမ်းရေးလုပ်ငန်းများတွင်ပါဝင်ဆောင်ရွက်လျက်ရှိပြီး ဆွစ်ဇာလန်နိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းသည် (၅)နှစ်တာစီမံကိန်းဖြစ်ကြောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်လည်း တိုးချဲ့ဆောင်ရွက် ရန်လျာထားပါကြောင်းနှင့် ရှမ်းပြည်နယ်တွင် လူမှုရေးကိစ္စရပ်များလည်း စတင်အကောင်အထည်ဖော်ဆောင်ရွက်ရန် ရုံးများ လည်းထားရှိပါကြောင်း၊ ရှမ်းပြည်နယ်တွင်လည်း နောင်များတွင်မည်ကဲ့သို့ဆောင်ရွက်ရန် စီစဉ်ထားရှိမှုများကို တင်ပြလို ကြောင်း၊ အင်းလေးဒေသကိုဆောင်ရွက်ရန်လျာထားပါသော်လည်း အင်းလေးဒေသသည် စီမံချက်များရှိပါကြောင်းနှင့် ရေဝေ ရေလဲဒေသနှင့် အခြားမြို့နယ်များကို ဆောင်ရွက်ရန်ရှိပါကြောင်း၊ ဆွစ်ဇာလန်နိုင်ငံအဖြစ် စီမံချက်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်နယ်၊ ခရိုင်၊ မြို့နယ်များနှင့် ဒေသများတွင် လုပ်ငန်းများဆောင်ရွက်ရန်နှင့် ငြိမ်းချမ်းရေးပိုမိုခိုင်မာ လာအောင် ပူးပေါင်းဆောင်ရွက်ရန်လိုပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရွမ္းျပည္နယ္ ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲက်င္းပ

ေတာင္ႀကီး ဇူလိုင္- ၁၇

166

၂၀၁၉ခုႏွစ္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသား ေဘာလုံးၿပိဳင္ပြဲ ဆုခ်ီးျမႇင့္ပြဲကို ဇူလိုင္(၁၅)ရက္ မြန္းလြဲ(၂)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌ က်င္းပသည္။

ခ႐ိုင္အလိုက္ အသက္(၁၇)ႏွစ္ေအာက္ အမ်ိဳးသားေဘာလုံးၿပိဳင္ပြဲ ဗိုလ္လုပြဲတြင္ ေတာင္ႀကီးခ႐ိုင္အသင္းႏွင့္ ေက်ာက္မဲ ခ႐ိုင္အသင္း ယွဥ္ၿပိဳင္ကစားၾကရာ ေတာင္ႀကီးခ႐ိုင္အသင္းမွ အႏိုင္ရဗိုလ္စြဲသြားၿပီး၊ အားကစားယွဥ္ၿပိဳင္ေနမႈကို ရွမ္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္ တာဝန္ရွိသူတို႔က ၾကည့္႐ႈ အားေပးၾကသည္။

ဆက္လက္၍ ဆုခ်ီးျမႇင့္ပြဲက်င္းပရာ ပူးတြဲတတိယဆုရရွိေသာ လား႐ႈိးခ႐ိုင္အသင္းႏွင့္ လင္းေခးခ႐ိုင္အသင္းတို႔အား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၂)သိန္းစီကို ေတာင္ႀကီးစဝ္စံထြန္းေဆး႐ုံအုပ္ႀကီး ေဒါက္တာဦးျမင့္သိန္းႏွင့္ ျပည္နယ္ စီမံကိန္းေရးဆြဲေရးဦးစီးဌာန ၫႊန္ၾကားေရးမႉးဦးသန္းေဇာ္တို႔မွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဒုတိယဆုရရွိေသာ ေက်ာက္မဲ ခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)သိန္းကို ျပည္နယ္ရသုံးမွန္းေျခ ေငြစာရင္းဦးစီးဌာန ၫႊန္ၾကားေရးမႉး ဦးႏိုင္ႏိုင္ဝင္းမွ လည္းေကာင္း၊ ပထမဆုရရွိေသာ ေတာင္ႀကီးခ႐ိုင္အသင္းအား တစ္ဦးခ်င္းဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၇)သိန္းကို ေတာင္ႀကီးတကၠသိုလ္ ဒုတိယပါေမာကၡခ်ဳပ္ ေဒၚခ်ိဳခ်ိဳအိမွလည္းေကာင္း၊ ေနရာအလိုက္ အေကာင္းဆုံး ေဘာလုံးကစားသမား ဆုရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ ေငြသားက်ပ္(၅)ေသာင္းစီကို အားကစားႏွင့္ ကာယပညာသိပၸံ (ေတာင္ႀကီး) ေက်ာင္းအုပ္ႀကီးဦးသက္လြင္ဦးႏွင့္ ရွမ္းျပည္နယ္ေဘာလုံးဥကၠ႒ ဦးခင္ေမာင္လြင္ႀကီးတို႔မွ အသီးသီးဆုခ်ီးျမႇင့္ေပး ၾကသည္။

ထို႔ေနာက္ ပထမဆုရရွိေသာေတာင္ႀကီးခ႐ိုင္အသင္းအား တံခြန္စိုက္ဆုဖလားကို ရွမ္းျပည္နယ္ဝန္ႀကီးခ္်ဳပ(ကိုယ္စား) ျပည္နယ္လူမႈေရးဝန္ႀကီး အားကစားႏွင့္ ကာယပညာေကာ္မတီဥကၠ႒ ေဒါက္တာမ်ိဳးထြန္းကခ်ီးျမႇင့္ေပးေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 

09−250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ 

တောင်ကြီး ဇူလိုင်- ၁၇

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်(၁၅)ရက် မွန်းလွဲ(၂)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။

ခရိုင်အလိုက် အသက်(၁၇)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် တောင်ကြီးခရိုင်အသင်းနှင့် ကျောက်မဲ ခရိုင်အသင်း ယှဉ်ပြိုင်ကစားကြရာ တောင်ကြီးခရိုင်အသင်းမှ အနိုင်ရဗိုလ်စွဲသွားပြီး၊ အားကစားယှဉ်ပြိုင်နေမှုကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူတို့က ကြည့်ရှု အားပေးကြသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲကျင်းပရာ ပူးတွဲတတိယဆုရရှိသော လားရှိုးခရိုင်အသင်းနှင့် လင်းခေးခရိုင်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၂)သိန်းစီကို တောင်ကြီးစဝ်စံထွန်းဆေးရုံအုပ်ကြီး ဒေါက်တာဦးမြင့်သိန်းနှင့် ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးသန်းဇော်တို့မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဒုတိယဆုရရှိသော ကျောက်မဲ ခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သိန်းကို ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ဝင်းမှ လည်းကောင်း၊ ပထမဆုရရှိသော တောင်ကြီးခရိုင်အသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားကျပ်(၇)သိန်းကို တောင်ကြီးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါ်ချိုချိုအိမှလည်းကောင်း၊ နေရာအလိုက် အကောင်းဆုံး ဘောလုံးကစားသမား ဆုရရှိသူများအား ဆုတံဆိပ်နှင့် ငွေသားကျပ်(၅)သောင်းစီကို အားကစားနှင့် ကာယပညာသိပ္ပံ (တောင်ကြီး) ကျောင်းအုပ်ကြီးဦးသက်လွင်ဦးနှင့် ရှမ်းပြည်နယ်ဘောလုံးဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးတို့မှ အသီးသီးဆုချီးမြှင့်ပေး ကြသည်။

ထို့နောက် ပထမဆုရရှိသောတောင်ကြီးခရိုင်အသင်းအား တံခွန်စိုက်ဆုဖလားကို ရှမ်းပြည်နယ်ဝန်ကြီးချု်ပ(ကိုယ်စား) ပြည်နယ်လူမှုရေးဝန်ကြီး အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒေါက်တာမျိုးထွန်းကချီးမြှင့်ပေးကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး) 

09−250132943

 

တီက်စ္ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ ထိခိုက္မႈဆန္းစစ္ျခင္း အစီရင္ခံစာ အား အမ်ားျပည္သူဖတ္႐ႈ သုံးသပ္အႀကံျပဳႏိုင္ရန္ ေၾကျငာျခင္း။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာအုပ္စု၊ ျပင္သာေက်း႐ြာအနီးတြင္ တည္ရွိေသာ တီက်စ္ေက်ာက္မီးေသြးသုံးဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းအစီရင္ခံစာအား အမ်ားျပည္သူ ဖတ္႐ႈေလ့လာ သုံးသပ္အႀကံျပဳႏိုင္ရန္အတြက္ အစီရင္ခံစာႏွင့္အတူ အမ်ားျပည္သူ၏ သုံးသပ္အႀကံျပဳခ်က္မ်ား ေရးသြင္းရန္ပုံစံကို ေအာက္ေဖာ္ျပပါေနရာမ်ားတြင္ ထားရွိၿပီးျဖစ္ပါသည္။

၁။ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ပင္ေလာင္းၿမိဳ႕နယ္

၂။ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ေနာင္တရားၿမိဳ႕

၃။ တီက်စ္/ ဘန္းျပင္/ ဘုရားျဖဴ/ ျမင္းတြင္း ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ား

၄။ ျပည္သူ႕ဆက္ဆံေရး႐ုံး၊ တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံ

၅။ E Guard Enviromental Services ႐ုံး၊ အမွတ္(၁၁)၊ ေလဆိပ္ရိပ္သာလမ္း၊ (၁၀)မိုင္ကုန္း၊ အင္းစိတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

၆။ http://www.eguardservices.com/disclosure တြင္လည္း download ရယူႏိုင္ပါသည္။

 

မွတ္ခ်က္ ။ အႀကံျပဳခ်က္ပုံစံမ်ားအား အထက္ေဖာ္ျပပါေနရာမ်ားတြင္ ရယူႏိုင္ၿပီး ယခုေၾကျငာၿပီး   (၁၄)ရက္အတြင္း ေနာက္ဆုံးထား၍ သုံးသပ္အႀကံျပဳခ်က္မ်ားကို  အထက္ပါေနရာမ်ားသို႔ ေပးပို႔ႏိုင္ပါသည္။

ဆက္သြယ္ရန္ စက္႐ုံမႉး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ္စာ This email address is being protected from spambots. You need JavaScript enabled to view it.

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ အား အများပြည်သူဖတ်ရှု သုံးသပ်အကြံပြုနိုင်ရန် ကြေငြာခြင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအနီးတွင် တည်ရှိသော တီကျစ်ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာအား အများပြည်သူ ဖတ်ရှုလေ့လာ သုံးသပ်အကြံပြုနိုင်ရန်အတွက် အစီရင်ခံစာနှင့်အတူ အများပြည်သူ၏ သုံးသပ်အကြံပြုချက်များ ရေးသွင်းရန်ပုံစံကို အောက်ဖော်ပြပါနေရာများတွင် ထားရှိပြီးဖြစ်ပါသည်။

၁။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပင်လောင်းမြို့နယ်

၂။ မြို့အုပ်ချုပ်ရေးမှူးရုံး၊ နောင်တရားမြို့

၃။ တီကျစ်/ ဘန်းပြင်/ ဘုရားဖြူ/ မြင်းတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ

၄။ ပြည်သူ့ဆက်ဆံရေးရုံး၊ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓါတ်အားပေးစက်ရုံ

၅။ E Guard Enviromental Services ရုံး၊ အမှတ်(၁၁)၊ လေဆိပ်ရိပ်သာလမ်း၊ (၁၀)မိုင်ကုန်း၊ အင်းစိတ်မြို့နယ်၊ ရန်ကုန်မြို့။

၆။ http://www.eguardservices.com/disclosure တွင်လည်း download ရယူနိုင်ပါသည်။

 

မှတ်ချက် ။ အကြံပြုချက်ပုံစံများအား အထက်ဖော်ပြပါနေရာများတွင် ရယူနိုင်ပြီး ယခုကြေငြာပြီး   (၁၄)ရက်အတွင်း နောက်ဆုံးထား၍ သုံးသပ်အကြံပြုချက်များကို  အထက်ပါနေရာများသို့ ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန် စက်ရုံမှူး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.

 

 

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 91 guests and no members online

Latest Updates