Articles

ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်လှစ်

တောင်ကြီး ဇွန်   −   ၅

123

၂၀၁၉ခုနှစ် ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၂၅)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲဖွင့်ပွဲကို ဇွန်(၅)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်(ကိုယ်စား)ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ပိုက်ကျော်ခြင်း အားကစားနည်းသည် နည်းစနစ်ကိုအခြေခံပြီး တစ်ဦးချင်းကျွမ်းကျင်မှု၊ လျင်မြန်ဖျတ်လက်မှု၊ သက်လုံနှင့် ကြံ့ခိုင်မှုတို့ပါပြည့်ဝရန်လိုအပ်သည့် အားကစားနည်းဖြစ်သည့်အပြင် အသင်းလိုက်စုစည်းညီညာစွာနှင့် အပေးအယူမျှတစွာ ကစားရသည့် အားကစားနည်းဖြစ်ပါကြောင်း၊ အနိုင်မခံအရှုံးမပေးသောဇွဲစိတ်ဓာတ်နှင့် သတ်မှတ်ပြဋ္ဌာန်းထားသည့်ဥပဒေ များကိုတသွေမတိမ်းလိုက်နာရသည့် စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင်အနိုင်ရမှုကို ထပ်မံကျင့်သုံးခြင်းဆိုသည့် သဘောထားဖြူစင်မှုကြံရည်ဖန်ရည်ကို အားကိုးအားထားပြုသောဉာဏစွမ်းအားကောင်းမှု၊ မိမိအသင်းသားများနှင့် ညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှုစသည့် ကာယဉာဏစာရိတ္တနှင့် မိတ္တစွမ်းရည်ကိုပါ ဘက်စုံဖွံ့ဖြိုးတိုးတက်ပါစေရန် ပြောကြားသွားသည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကအားကစားသစ္စာအဓိဋ္ဌာန်ရွတ်ဆိုကြပြီး၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့်တာဝန်ရှိသူများသည် အသင်းအုပ်ချုပ်သူများ၊ အားကစားသမားများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကြကာ ပြိုင်ပွဲပထမပွဲစဉ်အဖြစ် လင်းခေးမြို့နယ်အသင်းနှင့်လောက်ကိုင်မြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကြသည်။

အဆိုပါပြိုင်ပွဲသို့ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၃၈)မြို့နယ်မှ ပြိုင်ပွဲဝင်အသင်း(၃၇)သင်းတို့မှ ဇွန်(၅)ရက်နေ့မှ (၉)ရက်နေ့ထိ ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင်ဆုရရှိသူများနှင့် အကောင်းဆုံးအားကစားသမားများအားရွေးချယ်၍ နေပြည်တော်၌ ဇွန်(၂၅)ရက်နေ့မှ ဇူလိုင်(၅)ရက်နေ့ထိ ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီး/ပြည်နယ်ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အသင်းအနေဖြင့်သွားရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

(Unicode)+++


တောင်ကြီး ဇွန်   −   ၅






09-250132943

 


တောင်ကြီး ဇွန်   −   ၅

121





09-250132943

ကမ္ဘာ့ပတ်ဝန်းက်င္ထိန်းသိမ်းရေးနေ့အထိမ်းအမွတ်တောင်ကြီးမြို့၌က်င်းပ

တောင်ကြီး ဇြန်   −   ၅

ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းက်င္ထိန်းသိမ်းရေးအတြက် အလြန္ထူျးခားလေးနက်သည့်မွတ္တိုင္တစ်ရပ်၊ စိုက္ထူခဲ့သည့် ဇြန်(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းက်င္ထိန်းသိမ်းရေးနေ့အထိမ်းအမွတ်အျဖစ် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တ္ခောန်းမ၌ က်င်းပေကြာင်းသိရသည်။

ရွမ်ျးပည္နယ်အစိုးရအဖြျဲ့ပည္နယ်ဝန်ကြီးခ်ုပ်ဒေါက္တာလင်းထြဋ္က ၂၀၁၉ခုနွစ် ကမ္ဘာ့ပတ်ဝန်းက်င္ထိန်းသိမ်းရေးနေ့ အတြက် သတ္မွတ္ထားသောဆောင္ပုဒ္မွာ “Beat Air Pollution”ျဖစ်ပြီး “သန့်စင်သောလေရှူရှိုက္ဖို့၊ လေထုညစ်ညမ်းမှု တိုက္ဖ်က္စို့”ျဖစ္ပါကြောင်း၊ ရည်ရယ္ခ်ြက္မွာလေထုညစ်ညမ်းမှုလျွော့ခ်ရန် တစ်ဦးတစ်ယောက္ခ်င်းစီ၏ ကာဗြန္ထုတ္လုပ္မှု လော့်ခ်ျခင်း၊ျပန္လည်ျပည့်ဖြိုးမြဲစြမ်းအင်သုံးစျြဲခင်းနွင့် သန့်စင်သောလောင္စာသုံးစျြဲခင်း၊ အစိမ်းရောင္နည်းပညာမ်ားပိုမို က်ယ်ျပန့်စြာသုံးစျြဲခင်းနွင့် အျခားနည်းလမ်းမ်ားရွာဖြေဖ္ထာုတ်ျခင်းတို့ကို အတူတကြပူးပေါင်းဆောင်ရက်ြကြရန် အစိုးရ အဖြဲ့အစည်းမ်ား၊ စက္မှုလုပ်ငန်းမ်ား၊ျပည်သူအစုအဖြဲ့အစည်းမ်ားနွင့် တစ်ဦးခ်င်းစီ အတူတကြပူးပေါင်းဆောင်ရက်ြသြား ကြရမည်ျဖစ်ကြောင်း၊ လူသားမ်ားကြောင့်ျဖစ်ပေါ်လာသော လေထုညစ်ညမ်းမှုမ်ားကို လူသားမ်ားမျွပန္လည္ကုစားရန္တာဝန် ရွိနေပြီး လေထုညစ်ညမ်းမှုကိုလော့်က်စေမည့် နည်းလမ်းမ်ားရွာဖြေအသုံျးပျုခင်း၊ လေထုညစ်ညမ်းမှုတိုက္ဖ်က်ရေးလုပ်ငန်း စဉ္မ်ားဆောင်ရကြ်ျခင်းသည် မိမိအတြက်သာမက အမ်ားအကိုျးပုလုပ်ငန်းစဉ္တစ်ရပ်ျဖစ်သည့်အတြက် ပါဝင်ဆောင်ရက်ြသြား ကြရန်ျေပာကြားသြားသည်။

ဆက္လက်၍ျမန္မာနိုင်ငံအမိုးသားပတ်ဝန်းက်င်ရေးရာမူဝါဒအား နိုင်ငံတ္မေွာခ်မွတ္ထုတ်ျပန်ပြီျးဖစ်ကြောင်း အသိ ပေးကြေညာ၍ အျေခခံပညာအထက္တန်းအဆင့်၊ အလယ္တန်းအဆင့်၊ စာစီစာကုံးပြိုင္ပြဲတြင် ပထမ၊ ဒုတိယ၊ တတိယနွင့် အထူးဆုရရွိသူမ်ားအား ရွမ်ျးပည္နယ်အစိုးရအဖြျဲ့ပည္နယ်ဝန်ကြီးခ်ုပ်ဒေါက္တာလင်းထြဋ်၊ျပည္နယ်သယံဇာတနွင့်သဘာဝ ပတ်ဝန်းက်င္ထိန်းသိမ်းရေးဝန်ကြီး ဒေါက္တာညီညီအောင်၊ျပည္နယ္လမ်းပန်းဆက်သြယ်ရေးဝန်ကြီး ဦးခြန်ရဲထြေးတို့မွဆု ခ်ီျးမှင့်ပေး၍လည်းကောင်း၊ စိမ်းလန်းသန့်ရွင်းသောကော်င်း Green School အျဖစ်ရြေးခ်ယ္ခံရေသာ ကော်င်းမ်ားအာျးပည္နယ္စာရင်းစစ္ခ်ုပ် ဒေါ်နန်းဝိုဟိန်းမွ ဂုဏ်ျပုဆုမ်ားခ်ီျးမှင့်ပေး၍လည်းကောင်း၊ စြန့်ပစ္ပစ္စည်းမ်ာျးဖင့်ျပန္လည်အသုံျးပု နိုင်သည့်အိမ္တြင်းလက္မှုပစ္စည်းမ်ား တီထြင္ဖန္တီျးပုလုပ်ျခင်းအတြက် ဂုဏ်ျပုမွတ္တမ်းလွှာမ်ားရရွိသူမ်ားအား ရွမ်ျးပည္နယ် အစိုးရအဖြျဲ့ပည္နယ်ဝန်ကြီးခ်ုပ်၏ဇနီးဒေါ်နန်းရျွှေမင့်မွ ဆုခ်ီျးမှင့်ပေး၍လည်းကောင်း၊ ရွမ်ျးပည္နယ်(တောင္ပိုင်း၊ျေမာက္ပိုင်း၊ အေရွ့ပိုင်း)ရွိ အျေခခံပညာကော်င်းမ်ားအတြက် ကိုယ္က်င့်တရားနွင့်ပတ်ဝန်းက်င်ဆောင်းပါးပေါင်းခ်ုပ္စာအုပ် မ်ားလှူဒါန်း ပေးပါသော စာရေးဆရာဦျးမသန်း၊ ကေလာင်အမည် ဇာဏီဟိန်း(သီပေါ)အား ဂုဏ်ျပုမွတ္တမ်းလွှာနွင့် ကမ္ဘာ့ပတ်ဝန်းက်င် ထိန်းသိမ်းရေးနေ့အခမ်းအနား အထိမ်းအမွတ္တီရွပ္မ်ားပံ့ပိုးပေးသောကုမ္ပဏီ(၈)ခုအား ဂုဏ်ျပုမွတ္တမ်းလွှာမ်ားကျိုပည္နယ် အစိုးရအဖြဲ့အတြင်းရေးမှူးဦးစိုးစိုးဇ္မေွာဆုခ်ီျးမှင့်ပေးပြီး၊ျပည္နယ်ဝန်ကြီးခ်ုပ္နွင့်ဇနီး၊ျပည္နယ်ဝန်ကြီးမ်ား၊ တာဝန်ရွိသူမ်ား နွင့်ဧည့်သည်တ္မော်ားမွ ခန်းမအတြင်းခင်းက်င်ျးပသထားသော ၂၀၁၉ခုနွစ္ပကမ္ဘာ့ပတ်ဝန်းက်င္ထိန်းသိမ်းရေးနေ့အခမ်းအနား အသိပညာပေျးပခန်းအား လွည့်လည်ကြည့်ရှုကြေကြာင်းသိရွိရသည်။


09-250132943

Unicode++++++++++++++-+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး ဇွန်   −   ၅

ကမ္ဘာလုံးဆိုင်ရာပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် အလွန်ထူးခြားလေးနက်သည့်မှတ်တိုင်တစ်ရပ်၊ စိုက်ထူခဲ့သည့် ဇွန်(၅)ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပကြောင်းသိရသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ၂၀၁၉ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အတွက် သတ်မှတ်ထားသောဆောင်ပုဒ်မှာ “Beat Air Pollution” ဖြစ်ပြီး “သန့်စင်သောလေရှူရှိုက်ဖို့၊ လေထုညစ်ညမ်းမှု တိုက်ဖျက်စို့” ဖြစ်ပါကြောင်း၊ ရည်ရွယ်ချက်မှာလေထုညစ်ညမ်းမှုလျှော့ချရန် တစ်ဦးတစ်ယောက်ချင်းစီ၏ ကာဗွန်ထုတ်လုပ်မှု လျော့ချခြင်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သုံးစွဲခြင်းနှင့် သန့်စင်သောလောင်စာသုံးစွဲခြင်း၊ အစိမ်းရောင်နည်းပညာများပိုမို ကျယ်ပြန့်စွာသုံးစွဲခြင်းနှင့် အခြားနည်းလမ်းများရှာဖွေဖော်ထုတ်ခြင်းတို့ကို အတူတကွပူးပေါင်းဆောင်ရွက်ကြရန် အစိုးရ အဖွဲ့အစည်းများ၊ စက်မှုလုပ်ငန်းများ၊ ပြည်သူအစုအဖွဲ့အစည်းများနှင့် တစ်ဦးချင်းစီ အတူတကွပူးပေါင်းဆောင်ရွက်သွား ကြရမည်ဖြစ်ကြောင်း၊ လူသားများကြောင့်ဖြစ်ပေါ်လာသော လေထုညစ်ညမ်းမှုများကို လူသားများမှပြန်လည်ကုစားရန်တာဝန် ရှိနေပြီး လေထုညစ်ညမ်းမှုကိုလျော့ကျစေမည့် နည်းလမ်းများရှာဖွေအသုံးပြုခြင်း၊ လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးလုပ်ငန်း စဉ်များဆောင်ရွက်ခြင်းသည် မိမိအတွက်သာမက အများအကျိုးပြုလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သည့်အတွက် ပါဝင်ဆောင်ရွက်သွား ကြရန်ပြောကြားသွားသည်။

ဆက်လက်၍မြန်မာနိုင်ငံအမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒအား နိုင်ငံတော်မှချမှတ်ထုတ်ပြန်ပြီးဖြစ်ကြောင်း အသိ ပေးကြေညာ၍ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် အထူးဆုရရှိသူများအား ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးတို့မှဆု ချီးမြှင့်ပေး၍လည်းကောင်း၊ စိမ်းလန်းသန့်ရှင်းသောကျောင်း Green School အဖြစ်ရွေးချယ်ခံရသော ကျောင်းများအား ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဂုဏ်ပြုဆုများချီးမြှင့်ပေး၍လည်းကောင်း၊ စွန့်ပစ်ပစ္စည်းများဖြင့်ပြန်လည်အသုံးပြု နိုင်သည့်အိမ်တွင်းလက်မှုပစ္စည်းများ တီထွင်ဖန်တီးပြုလုပ်ခြင်းအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများရရှိသူများအား ရှမ်းပြည်နယ် အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ်၏ဇနီးဒေါ်နန်းရွှေမြင့်မှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ အခြေခံပညာကျောင်းများအတွက် ကိုယ်ကျင့်တရားနှင့်ပတ်ဝန်းကျင်ဆောင်းပါးပေါင်းချုပ်စာအုပ် များလှူဒါန်း ပေးပါသော စာရေးဆရာဦးမြသန်း၊ ကလောင်အမည် ဇာဏီဟိန်း(သီပေါ)အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနား အထိမ်းအမှတ်တီရှပ်များပံ့ပိုးပေးသောကုမ္ပဏီ(၈)ခုအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်မှဆုချီးမြှင့်ပေးပြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ နှင့်ဧည့်သည်တော်များမှ ခန်းမအတွင်းခင်းကျင်းပြသထားသော ၂၀၁၉ခုနှစ်ပကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အခမ်းအနား အသိပညာပေးပြခန်းအား လှည့်လည်ကြည့်ရှုကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943


တောင်ကြီး ဇွန်   −   ၅





09-250132943

 

 


တောင်ကြီး ဇွန် - ၅

122




အစရ(ရှမ်း)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင်တော်ဦးတစ်ခွင် အထိမ်းအမှတ်မော်ကွန်းကျောက်စာတိုင် ဖွင့်လှစ်

တောင်ကြီး ဇွန် - ၅

 

၂၀၁၉ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့အထိမ်းအမှတ် ဆေးလိပ်ငွေ့ကင်းစင် အင်းလေးဖောင် တော်ဦးတစ်ခွင် အထိမ်းအမှတ် မော်ကွန်းကျောက်စာတိုင်ဖွင့်ပွဲအခမ်းအနားကို ဇွန် ၄ ရက် နံနက် ၉ နာရီက ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးဘုရား၌ ကျင်းပကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းနှင့် အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဒေါက်တာထွန်းလှိုင် တို့က အမှာစကားပြောကြားသည်။ ဆက်လက်၍ ပြည်နယ်ကုသရေးနှင့် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသူဇာချစ်တင်က အင်းလေးဒေသ ဖောင်တော်ဦးဘုရားနယ်မြေကို ဆေးလိပ်ငွေ့ကင်းစင်သော ယဉ်ကျေးမှုအမွေအနှစ် နယ်မြေအဖြစ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဆေးလိပ်ငွေ့ကင်းစင် ဖောင်တော်ဦးတစ်ခွင် မော်ကွန်းကျောက်စာတိုင်ကို ပြည်နယ်လူမှုရေးဝန်ကြီး၊ အင်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အင်းလေး ဖောင်တော်ဦးဘုရား ပတ်ဝန်းကျင်တွင် ဆေးလိပ်ငွေ့ကင်းစင်နယ်မြေအဖြစ် ပြည်သူ လူထုများအနေဖြင့် ကျန်းမာရေးပိုမိုကောင်းမွန်လာစေရန်၊ ဖောင်တော်ဦးဘုရားသို့ လာရောက်သော ဧည့်သည်များ ကြည်ညိုသဒ္ဓါပွားများစေရန်၊ စည်းကမ်းရှိမှုကို ပြသခြင်းအားဖြင့် အင်းလေးဒေသ၏ ဂုဏ်သိက္ခာကို မြှင့်မားစေရန်စသည့် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

အစရ(ရှမ်း)

 


ကလော ဇွန် - ၎

120





09-250132943

(Unicode)++++++

မြန်မာဆယ်မားအူလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်

ကလော ဇွန် - ၄

မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းမှ စီမံကိန်း တတိယနှစ်၏ဆောင်ရွက်ချက်များအပေါ် ထူးချွန်သည့်ကျေးရွာ များသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ပွဲကို ကလောမြို့နယ်၊  လက်ပံပင်(SMU) ခန်းမ၌ ဇွန်လ (၄) ရက် မွန်းလွဲ (၁)နာရီ (၂၀)မိနစ်က ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားကို နိုင်ငံတော်သီချင်းသီဆို၍ ဖွင့်လှစ်ကာ၊ ရှမ်းပြည်နယ်အတွင်း မြန်မာဆယ်မားအူလ်အွန်ဒုံကျေးရွာသစ် စီမံကိန်း ဆောင်ရွက်မှု ဗွီဒီယို ပြသပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က  မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်းကို ရှမ်းပြည်နယ်တွင် တောင်ကြီးမြို့နယ်ရှိ လူရိုးတောင်၊ ဘုရားမဲ၊ ဘန်းကန် (ရွာမ)၊ ကျောက်စု၊ ညောင်စဉ်ကျေးရွာနဲ့ ကလောမြို့နယ်မှာ လက်ပံပင်၊ နောင်လွယ်၊ ဥဿကံ၊ သာမိုင်းခမ်း၊ ပုန်းအင်းကျေးရွာ စုစုပေါင်း ကျေးရွာ(၁၀)ရွာတွင် ၂၀၁၆ ခုနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် စတုတ္ထနှစ်ကို ရောက်ရှိလာပြီဖြစ်ကြောင်း၊ ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာတွင် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းရဲ့ စိတ်ဓါတ် ဖြစ်သည့် ကိုယ်ထူကိုယ်ထ ကိုယ့်အားကိုယ်ကိုးခြင်း၊ ကြိုးစားအားထုတ်ခြင်း၊ စုပေါင်းညီညာစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကျေးရွာတွင်း ကျောက်ချောလမ်းခင်းနိုင်ခြင်း၊ ကွန်ကရစ်တံတားများခင်းနိုင်ခြင်း၊ စုဝေးခန်းမဆောင်လုပ်ပြီးစီးခြင်း၊ ဆွမ်းစား ကျောင်းဆောင်ဆောက်လုပ်ပြီးစီးခြင်း၊ ကျေးရွာစာသင်ကျောင်း အုတ်တံတိုင်းဆောက်လုပ်ပြီးစီးခြင်း၊ ရေသန့်စက်များ ထူထောင်ခြင်း၊ ရေလွှဲပြွန်များ ကောင်းမွန်လာခြင်းစသည့် တိုးတက်မှုများကို တွေ့ရပါကြောင်း၊ မြန်မာဆယ်မာအူးလ်အွန်ဒုံ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် ကျေးရွာခေါင်းဆောင်များရွေးချယ်ခြင်း၊ လုပ်ငန်းစီမံချက် ရေးဆွဲခြင်း၊ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းတို့ကို ကျေးရွာသူကျေးရွာသားများမှ စုပေါင်းဆွေးနွေးတိုင်ပင် ဆောင်ရွက်ကြပြီး စီမံကိန်းတစ်နှစ်ပြီးပါက စီမံကိန်းမန်နေဂျာ၊ စိုက်ပျိုးရေးဦးစီးဌာန(ရုံးချုပ်)မှတာဝန်ရှိသူများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် မြန်မာဆယ်မားအူးလ်အွန်ဒုံ စီမံကိန်းတာဝန်ယူဆောင်ရွက်သူများမှ လုပ်ငန်း ဆောင်ရွက်မှုများကို အကဲဖြတ်အမှတ်ပေး၍ (A/B/C)အဆင့်သတ်မှတ်ပြီး ယခုနှစ် တတိယနှစ်အတွက်ဆုအဖြစ် Aအဆင့် ဒေါ်လာ(၁၅၀၀၀)၊ Bအဆင့်ဒေါ်လာ(၁၀၀၀၀)နှင့် Cအဆင့်ဒေါ်လာ(၅၀၀၀)ချီးမြှင့်သွားမည်ကိုသိရပါကြောင်း၊ ရှမ်းပြည်နယ် အနေဖြင့် ၂၀၁၆ခုနှစ်တွင် Aအဆင့်ကျေးရွာ(၄)ရွာ၊ Bအဆင့်ကျေးရွာ(၄)ရွာ၊ ၂၀၁၇ခုနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့် ကျေးရွာ(၆)ရွာနှင့် ၂၀၁၈ခုနှစ် တတိယနှစ်တွင် Aအဆင့်ကျေးရွာ(၂)ရွာ၊ Bအဆင့်ကျေးရွာ(၆)ရွာနှင့် Cအဆင့် ကျေးရွာ (၂)ရွာရရှိခဲ့သည့်အတွက် ယခုထပ်ဆောင်းဆုကြေးငွေကျပ်သိန်း(၁၅၀၀)ကျော်ကို သက်ဆိုင်ရာအဆင့်လိုက်ဂုဏ်ပြုပေးအပ် သွားမှာဖြစ်ကြောင်း၊ ၂၀၁၉ခုနှစ် စတုတ္ထနှစ်တွင်လည်း ကျေးရွာအားလုံးသည် Aအဆင့်ရရှိအောင်ဆောင်ရွက်ခဲ့သည့် ကျေးရွာများကို အတုယူအားကျပြီး အရှိန်အဟုန်နှင့် ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား အားလုံးပူးပေါင်းပြီး စည်းလုံးညီညွတ်စွာကြိုးပမ်းဆောင်ရွက်သွားကြရန်ပြောကြားသွားသည်။

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ(SMU)စီမံကိန်း ဒါရိုက်တာ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှ စံပြကျေးရွာများ၏ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အစီအစဉ်များအား ရှင်းလင်းတင်ပြပြီး၊ ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ ရှမ်းပြည်နယ်အတွင်း စီမံကိန်းကျေးရွာများတွင် ဆောင်ရွက်ထားမှုအခြေအနေများနှင့် ရှေ့ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများအား ရှင်းလင်းတင်ပြကာ ထူးချွန်သည့် ကျေးရွာများသို့ ထပ်ဆောင်းဆုကြေးငွေများပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌဦးအာကာလင်း၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဦးစိုင်းလုံကျော်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီးဦးစိုင်းစွံဆိုင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ်ဦးအေးကိုကိုတို့မှ ထပ်ဆောင်းဆုကြေးငွေများ ပေးအပ်ရာ တာဝန်ရှိသူအသီးသီးကလက်ခံရယူပြီး  ကျေးရွာငွေတိုက်စနစ် (SMG) ထူထောင်ရန် ကလောမြို့နယ်၊ လက်ပံပင်ကျေးရွာ မြန်မာဆယ်မားအူလ်ရဂွန်ဂို ကျေးရွာငွေတိုက်အတွက် မီးခံသေတ္တာကို ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအေးကိုကိုမှပေးအပ်ရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူ၍ မြန်မာဆယ်မားအူးလ်အွန်ဒုံ ကျေးရွာသစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ကျေးရွာများမှ ကျေးရွာခေါင်းဆောင်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 64 guests and no members online