Articles

ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း(ေအ႐ိုးဗစ္) ၉ဦးတြဲေလ့က်င့္စဥ္အသစ္ ဆင့္ပြားသင္တန္း(၁/၂၀၁၉) သင္တန္းဆင္းပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၂၂

202

ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီႏွင့္ ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာဦးစီးဌာနတို႔ ပူးေပါင္းဖြင့္လွစ္သည့္ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ေလ့က်င့္စဥ္အသစ္ ဆင့္ပြားသင္တန္း(၁/၂၀၁၉) သင္တန္းဆင္းပြဲကို ၾသဂုတ္(၂၂)ရက္ နံနက္(၁၀)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္ေလ့က်င့္ေရးအားကစား႐ုံ၌ က်င္းပသည္။

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္၏ဇနီး ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီနာယက ေဒၚနန္းေ႐ႊျမင့္က ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္(၂၉)ၿမိဳ႕နယ္ အေျခခံပညာေက်ာင္းမ်ားမွ ဆရာမ(၁၁၇)ဦး၊ ေက်ာင္းသူ(၆၅) ဦး၊ ျပင္ပမွ(၁၁)ဦးအပါအဝင္ စုစုေပါင္းသင္တန္းသား(၂၁၄)ဦး တက္ေရာက္ခဲ့သည္ကို သိရွိရပါေၾကာင္း၊ ယခုသင္တန္းနည္းတူ လား႐ႈိးၿမိဳ႕တြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ(၅)ရက္မွ(၉)ရက္ေန႔အထိ သင္တန္းသူ(၃၀၀)ဦးႏွင့္ ဆင့္ပြားသင္တန္းကို ေအာင္ျမင္စြာ ဖြင့္လွစ္ေပးႏိုင္ခဲ့ေၾကာင္း၊ သင္တန္းကိုဖြင့္လွစ္ရသည့္ ရည္႐ြယ္ခ်က္မွာ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ၿပိဳင္ပြဲကို ေလ့က်င့္စဥ္အသစ္ ျပန္လည္မြမ္းမံလိုက္ၿပီး၊ ၂၀၁၉ခုႏွစ္ ေနျပည္ေတာ္တြင္ က်င္းပမည့္တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ေအ႐ိုးဗစ္ၿပိဳင္ပြဲတြင္ ၉ဦးတြဲေလ့က်င့္စဥ္အသစ္သာ ယွှဥ္ၿပိဳင္ရမွာျဖစ္၍ ရွမ္းျပည္နယ္အတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္လည္း အသစ္ ျပန္လည္မြမ္းမံလိုက္သည့္ ေလ့က်င့္စဥ္အသစ္မ်ားကို သိရွိေလ့က်င့္ႏိုင္ရန္အတြက္ ျပန္လည္ၿပီး ဆင့္ပြားသင္တန္းေပးရျခင္း ျဖစ္ေၾကာင္းေျပာၾကားသြားသည္။

ဆက္လက္၍ သင္တန္းသူမ်ားကဖြင့္လွစ္သည့္ ကိုယ္ကာယႀကံ႕ခိုင္မႈေလ့က်င့္ခန္း (ေအ႐ိုးဗစ္) ၉ဦးတြဲ ေလ့က်င့္စဥ္ အသစ္ႏွင့္သ႐ုပ္ျပသၿပီး၊ အႀကီးတန္းသင္တန္းသားစံျပဆု ရရွိသူမ်ားအား ဆုတံဆိပ္ႏွင့္ေငြသားခ်ီးျမႇင့္ရာ သင္တန္းသားစံျပဆု တတိယဆုရရွိေသာ ကေလာၿမိဳ႕နယ္မွ ေမာင္တင္ထြန္းဝင္း၊ ဒုတိယဆုရရွိေသာ ေနာင္ခ်ိဳၿမိဳ႕နယ္မွ ဝင့္သူဇာထြန္း၊ ပထမဆုရရွိ ေသာပင္းတယၿမိဳ႕နယ္မွ ေအးမြန္မြန္သိမ့္တို႔ကို ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားအဖြဲ႕ဆပ္ေကာ္မတီနာယက ေဒၚနန္းေ႐ႊျမင့္ မွဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ အငယ္တန္းသင္တန္းသားစံျပဆု ရရွိသည့္ တတိယဆုရရွိေသာ ေတာင္ႀကီးၿမိဳ႕ အလက(၁၄) ေက်ာင္းမွ မၾကည္စင္သန္႔၊ ဒုတိယဆုရရွိေသာ အထက(၁)ေက်ာင္းမွ မရွင္ဖုန္းျမတ္၊ ပထမဆုရရွိေသာ အထက(၅)ေက်ာင္းမွ မသင္းစုစုစံတို႔ကို ရွမ္းျပည္နယ္အမ်ိဳးသမီးအားကစားဆပ္ေကာ္မတီနာယက ျပည္နယ္စာရင္းစစ္ခ်ဳပ္ ေဒၚနန္းဝိုဟိန္းမွ ဆုခ်ီးျမႇင့္ေပး၍လည္းေကာင္း၊ ဂုဏ္ျပဳဆုရရွိသူမ်ားကို ရွမ္းျပည္နယ္ အမ်ိဳးသမီးအားကစားဆပ္ေကာ္မတီ ဒုတိယဥကၠ႒ ေဒၚၫိုၫိုလြင္ႏွင့္ သင္တန္းဆင္းလက္မွတ္မ်ားကို ဥကၠ႒ေဒၚနန္းခ်ိဳခ်ိဳၿပဳံးတို႔မွ အသီးသီးဆုမ်ား ခ်ီးျမႇင့္ေပးၾကေၾကာင္း သိရွိရ သည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်) ၉ဦးတွဲလေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၂၂

ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနှင့် ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ လေ့ကျင့်စဉ်အသစ် ဆင့်ပွားသင်တန်း(၁/၂၀၁၉) သင်တန်းဆင်းပွဲကို သြဂုတ်(၂၂)ရက် နံနက်(၁၀)နာရီက တောင်ကြီးမြို့ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ကျင်းပသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့်က ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၉)မြို့နယ် အခြေခံပညာကျောင်းများမှ ဆရာမ(၁၁၇)ဦး၊ ကျောင်းသူ(၆၅) ဦး၊ ပြင်ပမှ(၁၁)ဦးအပါအဝင် စုစုပေါင်းသင်တန်းသား(၂၁၄)ဦး တက်ရောက်ခဲ့သည်ကို သိရှိရပါကြောင်း၊ ယခုသင်တန်းနည်းတူ လားရှိုးမြို့တွင် ၂၀၁၉ခုနှစ် သြဂုတ်လ(၅)ရက်မှ(၉)ရက်နေ့အထိ သင်တန်းသူ(၃၀၀)ဦးနှင့် ဆင့်ပွားသင်တန်းကို အောင်မြင်စွာ ဖွင့်လှစ်ပေးနိုင်ခဲ့ကြောင်း၊ သင်တန်းကိုဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ ပြိုင်ပွဲကို လေ့ကျင့်စဉ်အသစ် ပြန်လည်မွမ်းမံလိုက်ပြီး၊ ၂၀၁၉ခုနှစ် နေပြည်တော်တွင် ကျင်းပမည့်တိုင်းဒေသကြီးနှင့်ပြည်နယ် အေရိုးဗစ်ပြိုင်ပွဲတွင် ၉ဦးတွဲလေ့ကျင့်စဉ်အသစ်သာ ယှှဉ်ပြိုင်ရမှာဖြစ်၍ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင်လည်း အသစ် ပြန်လည်မွမ်းမံလိုက်သည့် လေ့ကျင့်စဉ်အသစ်များကို သိရှိလေ့ကျင့်နိုင်ရန်အတွက် ပြန်လည်ပြီး ဆင့်ပွားသင်တန်းပေးရခြင်း ဖြစ်ကြောင်းပြောကြားသွားသည်။

ဆက်လက်၍ သင်တန်းသူများကဖွင့်လှစ်သည့် ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) ၉ဦးတွဲ လေ့ကျင့်စဉ် အသစ်နှင့်သရုပ်ပြသပြီး၊ အကြီးတန်းသင်တန်းသားစံပြဆု ရရှိသူများအား ဆုတံဆိပ်နှင့်ငွေသားချီးမြှင့်ရာ သင်တန်းသားစံပြဆု တတိယဆုရရှိသော ကလောမြို့နယ်မှ မောင်တင်ထွန်းဝင်း၊ ဒုတိယဆုရရှိသော နောင်ချိုမြို့နယ်မှ ဝင့်သူဇာထွန်း၊ ပထမဆုရရှိ သောပင်းတယမြို့နယ်မှ အေးမွန်မွန်သိမ့်တို့ကို ရှမ်းပြည်နယ် အမျိုးသမီးအားကစားအဖွဲ့ဆပ်ကော်မတီနာယက ဒေါ်နန်းရွှေမြင့် မှဆုချီးမြှင့်ပေး၍လည်းကောင်း၊ အငယ်တန်းသင်တန်းသားစံပြဆု ရရှိသည့် တတိယဆုရရှိသော တောင်ကြီးမြို့ အလက(၁၄) ကျောင်းမှ မကြည်စင်သန့်၊ ဒုတိယဆုရရှိသော အထက(၁)ကျောင်းမှ မရှင်ဖုန်းမြတ်၊ ပထမဆုရရှိသော အထက(၅)ကျောင်းမှ မသင်းစုစုစံတို့ကို ရှမ်းပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီနာယက ပြည်နယ်စာရင်းစစ်ချုပ် ဒေါ်နန်းဝိုဟိန်းမှ ဆုချီးမြှင့်ပေး၍လည်းကောင်း၊ ဂုဏ်ပြုဆုရရှိသူများကို ရှမ်းပြည်နယ် အမျိုးသမီးအားကစားဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါ်ညိုညိုလွင်နှင့် သင်တန်းဆင်းလက်မှတ်များကို ဥက္ကဋ္ဌဒေါ်နန်းချိုချိုပြုံးတို့မှ အသီးသီးဆုများ ချီးမြှင့်ပေးကြကြောင်း သိရှိရ သည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ ရန္ကုန္ၿမိဳ႕ ဆြစ္ဇာလန္သံ႐ုံး၏ပထမအတြင္းဝန္ႏွင့္ Skills And Market Development ျဖစ္သူ Mrs. Renate Lefroy အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ၾသဂုတ္   −   ၂၁

201

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ဗမာတိုင္းရင္းသားလူမ်ိဳးေရးရာဝန္ႀကီး ေဒါက္တာေအာင္သန္းေမာင္၊ အစိုးရအဖြဲ႕အတြင္းေရးမႉး ဦးစိုးစိုးေဇာ္ႏွင့္ အတူ ၾသဂုတ္(၂၁)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရအဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္Callခန္းမ၌ ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ ေဆာင္႐ြက္လ်က္ရွိသည့္စီမံခ်က္အတြက္ လိုအပ္သည့္အခ်က္အလက္မ်ား၊ အေထာက္အပံမ်ား ပံ့ပိုးေပးအပ္ႏိုင္ေရးႏွင့္ ျမန္မာႏိုင္ငံ၏နည္းပညာ၊ သက္ေမြးပညာႏွင့္ ေလ့က်င့္ေရးက႑တြင္ ခ်ိတ္ဆက္ေဆာင္႐ြက္ႏိုင္မည့္ ကိစၥရပ္မ်ားႏွင့္စပ္လ်ဥ္း၍ ရန္ကုန္ၿမိဳ႕ ဆြစ္ဇာလန္သံ႐ုံး၏ပထမအတြင္းဝန္ႏွင့္ Skills And Market Development ျဖစ္သူ Mrs. Renate Lefroy အဖြဲ႕ႏွင့္ ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ရန္ကုန္ၿမိဳ႕ ဆြစ္ဇာလန္သံ႐ုံး၏ပထမအတြင္းဝန္ႏွင့္ Skills And Market Development ျဖစ္သူ Mrs. Renate Lefroy အဖြဲ႕မွ မိမိတို႔အဖြဲ႕သည္ ၂၀၁၉ခုႏွစ္တြင္ မြန္၊ ကရင္၊ တနသၤာရီတို႔တြင္ လုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး၊ ယခု ရွမ္းျပည္နယ္(ေတာင္ပိုင္း)တြင္ေဆာင္႐ြက္လိုေၾကာင္း၊ ေနာက္ထပ္(၁၀)ႏွစ္တြင္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၌ လုပ္ငန္းမ်ား လုပ္ကိုင္လိုေၾကာင္း၊ ေဈးကြက္ခ်ိတ္ဆက္မႈအပိုင္းကို ပူးေပါင္းခ်ိတ္ဆက္ႏိုင္မည့္အဖြဲ႕မ်ားျဖင့္ ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ ေဒသတြင္ သင္တန္းလိုအပ္ခ်က္မ်ားႏွင့္ သင္တန္းပို႔ခ်ေပးပါက လူငယ္မ်ားနည္းပညာရရွိြပီး သင္တန္းမ်ား ဖြင့္လွစ္လိုေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရန်ကုန်မြို့ ဆွစ်ဇာလန်သံရုံး၏ပထမအတွင်းဝန်နှင့် Skills And Market Development ဖြစ်သူ Mrs. Renate Lefroy အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး သြဂုတ်   −   ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်၊ အစိုးရအဖွဲ့အတွင်းရေးမှူး ဦးစိုးစိုးဇော်နှင့် အတူ သြဂုတ်(၂၁)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်Callခန်းမ၌ ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် ဆောင်ရွက်လျက်ရှိသည့်စီမံချက်အတွက် လိုအပ်သည့်အချက်အလက်များ၊ အထောက်အပံများ ပံ့ပိုးပေးအပ်နိုင်ရေးနှင့် မြန်မာနိုင်ငံ၏နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးကဏ္ဍတွင် ချိတ်ဆက်ဆောင်ရွက်နိုင်မည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရန်ကုန်မြို့ ဆွစ်ဇာလန်သံရုံး၏ပထမအတွင်းဝန်နှင့် Skills And Market Development ဖြစ်သူ Mrs. Renate Lefroy အဖွဲ့နှင့် တွေ့ဆုံရခြင်းဖြစ်ကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် ရန်ကုန်မြို့ ဆွစ်ဇာလန်သံရုံး၏ပထမအတွင်းဝန်နှင့် Skills And Market Development ဖြစ်သူ Mrs. Renate Lefroy အဖွဲ့မှ မိမိတို့အဖွဲ့သည် ၂၀၁၉ခုနှစ်တွင် မွန်၊ ကရင်၊ တနင်္သာရီတို့တွင် လုပ်ငန်းများဆောင်ရွက်ပြီး၊ ယခု ရှမ်းပြည်နယ်(တောင်ပိုင်း)တွင်ဆောင်ရွက်လိုကြောင်း၊ နောက်ထပ်(၁၀)နှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၌ လုပ်ငန်းများ လုပ်ကိုင်လိုကြောင်း၊ ဈေးကွက်ချိတ်ဆက်မှုအပိုင်းကို ပူးပေါင်းချိတ်ဆက်နိုင်မည့်အဖွဲ့များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒေသတွင် သင်တန်းလိုအပ်ချက်များနှင့် သင်တန်းပို့ချပေးပါက လူငယ်များနည်းပညာရရှိြပီး သင်တန်းများ ဖွင့်လှစ်လိုကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕ႏွင့္ေတြ႕ဆုံ

ေတာင္ႀကီး ၾသဂုတ္   −   ၂၁

200

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္၊ ျပည္နယ္စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္၊ ျပည္နယ္စိုက္ပ်ိဳးေရးေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီး ဦးစိုင္းလုံေက်ာ္၊ အစိုးရအဖြဲ႕အတြင္းေရးမႉးဦးစိုးစိုးေဇာ္၊ သက္ဆိုင္ရာျပည္နယ္အဆင့္ဌာနဆိုင္ရာမ်ားႏွင့္အတူ ၾသဂုတ္(၂၁)ရက္ နံနက္(၁၁)နာရီ ကေတာင္ႀကီးၿမိဳ႕ ရွမ္းျပည္နယ္အစိုးရ အဖြဲ႕႐ုံး ျပည္နယ္ဝန္ႀကီးခ်ဳပ္Callခန္းမ၌ ရွမ္းျပည္နယ္ရွိ ေမြးျမဴေရးစက္႐ုံမ်ားအေပၚ ရင္းႏွီးျမႇဳပ္ႏွံမႈမူဝါဒမ်ား၊ လုပ္ထုံး လုပ္နည္းမ်ားႏွင့္ အစိုးရ၏ရည္မွန္းခ်က္မ်ား၊ အခြင့္အလမ္းကိစၥရပ္မ်ားႏွင့္ စပ္လ်ဥ္း၍ International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕ႏွင့္ေတြ႕ဆုံေၾကာင္းသိရသည္။

ထိုသို႔ေတြ႕ဆုံရာတြင္ ေနျပည္ေတာ္၊ ရန္ကုန္ၿမိဳ႕တြင္ ျပဳလုပ္မည့္အခမ္းအနားကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝန္ႀကီးမ်ား ကိုဖိတ္ၾကားလိုေၾကာင္း၊ ဖြင့္ပြဲကိုေအာက္တိုဘာလတြင္ စီစဥ္ထားပါေၾကာင္းႏွင့္ ယခုလာေရာက္ေတြ႕ဆုံရသည္မွာ ျမန္မာျပည္ တြင္ျဖစ္ေပၚေနေသာ ဝက္ျပႆနာမ်ားႏွင့္ပတ္သက္၍ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း၊ ေတာင္သူလယ္သမားႏွင့္ လုပ္ငန္းရွင္မ်ားကိုဖိတ္ၾကားၿပီး ျပႆနာကိုရင္ဆိုင္ေျဖရွင္းႏိုင္ရန္ စီစဥ္ထားပါေၾကာင္း၊ ပုဂၢလိကက႑တြင္ ထုတ္လုပ္မႈႏွင့္ အျမတ္အစြန္းပိုမိုရရွိေအာင္ သန္႔ရွင္းေသာပုဂၢလိကမ်ားကို စနစ္တက်ေဆာင္႐ြက္ေပးျခင္း၊ ဝက္သားမ်ားထုတ္လုပ္ျခင္းက႑ တြင္အစားအစာမ်ားကို စမ္းသပ္ေဆာင္႐ြက္ေပးလ်က္ရွိေၾကာင္း၊ ကုမၸဏီႏွင့္လယ္သမား လက္လွမ္းမီေအာင္ အတူတူေဆာင္႐ြက္ရန္ ရွိပါေၾကာင္း၊ စုစည္းေဆာင္႐ြက္ရန္လည္း ယုံၾကည္ပါေၾကာင္းႏွင့္ ႏိုင္ငံတကာစံခ်ိန္စံၫႊန္းႏွင့္ ကိုက္ညီမႈမရွိမည္ကိုေတြ႕ရပါ ေၾကာင္း၊ အစိုးရအဖြဲ႕အစည္းႏွင့္ဌာနမ်ားက အဓိကအခန္းက႑တြင္ ပါဝင္ေနသည္ကိုေတြ႕ရပါေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးထုတ္လုပ္မႈက႑တြင္ ဝက္သားကိုအဓိကထုတ္လုပ္သည္ကိုေတြ႕ရပါေၾကာင္း၊ ေရာဂါကူးစက္မႈခံရပါက ဝက္မ်ားကို သတ္ပစ္ရန္လိုပါေၾကာင္း၊ ေရာဂါျဖစ္ပြားၿပီးပါက ဝက္မ်ားကိုအသစ္ျပန္လည္ေမြးျမဴရန္ မျဖစ္ႏိုင္ေၾကာင္း၊ ေနရာ အသစ္ရွာေဖြရန္လိုအပ္ေၾကာင္းႏွင့္ ေနရာအသစ္တြင္ ျပန္လည္ေမြးျမဴရန္လိုေၾကာင္း၊ လက္ရွိဝက္သားထုတ္လုပ္မႈက႑တြင္ ဘယ္လိုကာကြယ္ရန္လိုေၾကာင္း၊ စံခ်ိန္စံၫႊန္းေကာင္းပါကႏိုင္ငံျခားသို႔တင္ပို႔ႏိုင္ေၾကာင္းႏွင့္ အစိုးရႏွင့္ျပည္သူ႕သေဘာထား လိုအပ္ပါေၾကာင္း၊ အစိုးရမူဝါဒႏွင့္ ရင္းႏွီးျမႇဳပ္ႏွံမႈဌာနမွ ပိတ္ဆို႔မႈမရွိရန္လိုေၾကာင္း၊ ဝက္မ်ားေမြးျမဴပါက တစ္ၿခံႏွင့္တစ္ၿခံနီးစပ္ ရန္မလိုေၾကာင္း၊ ေျမေနရာလိုေၾကာင္းႏွင့္အကြာအေဝးရွိရန္လိုေၾကာင္း၊ အစိုးရအဖြဲ႕အေနျဖင့္ အႀကံေပးေဆြးေႏြးေစလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က ယခုလို International Finance Corporation (IFC) မွ Mr. Bas Rozemuller အဖြဲ႕မွ ပထမဆုံးအေနျဖင့္လာေရာက္ေတြ႕ဆုံသည့္အတြက္ ေက်းဇူးတင္ပါ ေၾကာင္းႏွင့္ ႀကိဳဆိုပါေၾကာင္းေျပာၾကားၿပီး၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ မိတ္ဆက္ေပးကာ ယခုလိုဝက္ေမြးျမဴေရးႏွင့္ ေရာဂါ က်ေရာက္မႈကို ရွင္းျပေပးသည့္အတြက္ ဗဟုသုတရရွိေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ေဆာင္႐ြက္ထားရွိမႈ တင္ျပရျခင္းျဖစ္ၿပီး၊ ရွမ္းျပည္နယ္တြင္ ေဝးလံေသာေဒသမ်ားလည္းရွိပါေၾကာင္းႏွင့္ ထိေရာက္မႈရွိေအာင္ ေဆးဝါးပစၥည္းမ်ားႏွင့္ ကုသမႈမ်ားကို လိုအပ္ပါေၾကာင္း ေဆြးေႏြးသြားသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့နှင့်တွေ့ဆုံ

တောင်ကြီး သြဂုတ်   −   ၂၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်၊ ပြည်နယ်စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်၊ ပြည်နယ်စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးစိုင်းလုံကျော်၊ အစိုးရအဖွဲ့အတွင်းရေးမှူးဦးစိုးစိုးဇော်၊ သက်ဆိုင်ရာပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ သြဂုတ်(၂၁)ရက် နံနက်(၁၁)နာရီ ကတောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရ အဖွဲ့ရုံး ပြည်နယ်ဝန်ကြီးချုပ်Callခန်းမ၌ ရှမ်းပြည်နယ်ရှိ မွေးမြူရေးစက်ရုံများအပေါ် ရင်းနှီးမြှုပ်နှံမှုမူဝါဒများ၊ လုပ်ထုံး လုပ်နည်းများနှင့် အစိုးရ၏ရည်မှန်းချက်များ၊ အခွင့်အလမ်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့နှင့်တွေ့ဆုံကြောင်းသိရသည်။

ထိုသို့တွေ့ဆုံရာတွင် နေပြည်တော်၊ ရန်ကုန်မြို့တွင် ပြုလုပ်မည့်အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးများ ကိုဖိတ်ကြားလိုကြောင်း၊ ဖွင့်ပွဲကိုအောက်တိုဘာလတွင် စီစဉ်ထားပါကြောင်းနှင့် ယခုလာရောက်တွေ့ဆုံရသည်မှာ မြန်မာပြည် တွင်ဖြစ်ပေါ်နေသော ဝက်ပြဿနာများနှင့်ပတ်သက်၍ လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ တောင်သူလယ်သမားနှင့် လုပ်ငန်းရှင်များကိုဖိတ်ကြားပြီး ပြဿနာကိုရင်ဆိုင်ဖြေရှင်းနိုင်ရန် စီစဉ်ထားပါကြောင်း၊ ပုဂ္ဂလိကကဏ္ဍတွင် ထုတ်လုပ်မှုနှင့် အမြတ်အစွန်းပိုမိုရရှိအောင် သန့်ရှင်းသောပုဂ္ဂလိကများကို စနစ်တကျဆောင်ရွက်ပေးခြင်း၊ ဝက်သားများထုတ်လုပ်ခြင်းကဏ္ဍ တွင်အစားအစာများကို စမ်းသပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုမ္ပဏီနှင့်လယ်သမား လက်လှမ်းမီအောင် အတူတူဆောင်ရွက်ရန် ရှိပါကြောင်း၊ စုစည်းဆောင်ရွက်ရန်လည်း ယုံကြည်ပါကြောင်းနှင့် နိုင်ငံတကာစံချိန်စံညွှန်းနှင့် ကိုက်ညီမှုမရှိမည်ကိုတွေ့ရပါ ကြောင်း၊ အစိုးရအဖွဲ့အစည်းနှင့်ဌာနများက အဓိကအခန်းကဏ္ဍတွင် ပါဝင်နေသည်ကိုတွေ့ရပါကြောင်း၊ မြန်မာနိုင်ငံတွင် စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်လုပ်မှုကဏ္ဍတွင် ဝက်သားကိုအဓိကထုတ်လုပ်သည်ကိုတွေ့ရပါကြောင်း၊ ရောဂါကူးစက်မှုခံရပါက ဝက်များကို သတ်ပစ်ရန်လိုပါကြောင်း၊ ရောဂါဖြစ်ပွားပြီးပါက ဝက်များကိုအသစ်ပြန်လည်မွေးမြူရန် မဖြစ်နိုင်ကြောင်း၊ နေရာ အသစ်ရှာဖွေရန်လိုအပ်ကြောင်းနှင့် နေရာအသစ်တွင် ပြန်လည်မွေးမြူရန်လိုကြောင်း၊ လက်ရှိဝက်သားထုတ်လုပ်မှုကဏ္ဍတွင် ဘယ်လိုကာကွယ်ရန်လိုကြောင်း၊ စံချိန်စံညွှန်းကောင်းပါကနိုင်ငံခြားသို့တင်ပို့နိုင်ကြောင်းနှင့် အစိုးရနှင့်ပြည်သူ့သဘောထား လိုအပ်ပါကြောင်း၊ အစိုးရမူဝါဒနှင့် ရင်းနှီးမြှုပ်နှံမှုဌာနမှ ပိတ်ဆို့မှုမရှိရန်လိုကြောင်း၊ ဝက်များမွေးမြူပါက တစ်ခြံနှင့်တစ်ခြံနီးစပ် ရန်မလိုကြောင်း၊ မြေနေရာလိုကြောင်းနှင့်အကွာအဝေးရှိရန်လိုကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် အကြံပေးဆွေးနွေးစေလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ယခုလို International Finance Corporation (IFC) မှ Mr. Bas Rozemuller အဖွဲ့မှ ပထမဆုံးအနေဖြင့်လာရောက်တွေ့ဆုံသည့်အတွက် ကျေးဇူးတင်ပါ ကြောင်းနှင့် ကြိုဆိုပါကြောင်းပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးများနှင့် မိတ်ဆက်ပေးကာ ယခုလိုဝက်မွေးမြူရေးနှင့် ရောဂါ ကျရောက်မှုကို ရှင်းပြပေးသည့်အတွက် ဗဟုသုတရရှိကြောင်းနှင့် မြန်မာနိုင်ငံတွင်ဆောင်ရွက်ထားရှိမှု တင်ပြရခြင်းဖြစ်ပြီး၊ ရှမ်းပြည်နယ်တွင် ဝေးလံသောဒေသများလည်းရှိပါကြောင်းနှင့် ထိရောက်မှုရှိအောင် ဆေးဝါးပစ္စည်းများနှင့် ကုသမှုများကို လိုအပ်ပါကြောင်း ဆွေးနွေးသွားသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ျပည္နယ္အဆင့္ ေက်ာင္းက်န္းမာေရးသီတင္းပတ္လႈပ္ရွားမႈ အထိမ္းအမွတ္ဖြင့္ပြဲ က်င္းပ

က်ိဳင္းတုံ ဩဂုတ္ - ၂၀

199

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ပညာေရးမႉး ဦးေအာင္ေက်ာ္ျမင့္၊ တာခ်ီလိတ္ၿမိဳ႕နယ္ပညာေရးမႉး ဦးေအာင္သင္းတို႔အဖြဲ႕သည္ ၂၀၁၉ ဩဂုတ္လ ၁၉  ရက္ မြန္းလြဲ ၃ နာရီက တာခ်ီလိတ္ၿမိဳ႕နယ္၊ အ.မ.က (ခြဲ) ေဟြဟြယ္ေက်ာင္းသို႔ သြားေရာက္ၿပီး UWS မွ ကူညီပံ့ပိုးေနမႈမ်ားကို သြားေရာက္ၾကည့္႐ႈ အားေပးစကားေျပာၾကားခဲ့သည္။

ထို႔ေနာက္ ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရွိ ေက်ာင္းသားလူငယ္တစ္ရပ္လုံးတြင္ က်န္းမာေရးႏွင့္ ညီၫြတ္ေသာ လူေနမႈပုံစံမ်ား သိရွိက်င့္သုံးစြဲၿမဲေစရန္၊ က်န္းမာေရးအဆင့္အတန္း တိုးတက္ျမင့္မားလာေစရန္ႏွင့္ ေက်ာင္းက်န္းမာ ေရး သီတင္းပတ္လႈပ္ရွားမႈမ်ား၊ ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္မ်ားကို ျပည္သူလူထုႏွင့္ ေက်ာင္းသားမိဘမ်ား ပိုမိုသိရွိၿပီး ပိုမိုပူးေပါင္းေဆာင္႐ြက္လာႏိုင္ေစရန္ ရည္႐ြယ္၍ ျပည္နယ္အဆင့္ ေက်ာင္းက်န္းမာေရးသီတင္းပတ္ လႈပ္ရွားမႈ အထိမ္းအမွတ္ဖြင့္ပြဲ အခမ္းအနားကို ဩဂုတ္လ ၂၀ ရက္ေန႔ နံနက္ ၉ နာရီက က်ိဳင္းတုံၿမိဳ႕၊ Amazing Hotel အစည္းအေဝးခန္းမ၌ က်င္းပေၾကာင္းသိရသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္းက က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနအေနျဖင့္ ပညာေရးဝန္ႀကီးဌာနႏွင့္ ပူးေပါင္းၫွိႏႈိင္းၿပီး ႏွစ္စဥ္ဩဂုတ္လ ဒုတိယပါတ္ကို ေက်ာင္းက်န္းမာေရးသီတင္းပတ္အျဖစ္ သတ္မွတ္ၿပီး ေက်ာင္းက်န္းမာေရးလုပ္ငန္းစဥ္မ်ားကို တစ္ႏိုင္ငံလုံးအတိုင္း အတာျဖင့္ ေဆာင္႐ြက္လၽွက္ရွိပါေၾကာင္း အဖြင့္အမွာစကား၌ ေျပာၾကားၿပီး ၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ ေက်ာင္းက်န္းမာေရး စံျပဆုရေက်ာင္းမ်ားႏွင့္ ဆုဥေက်ာင္းသား/ ေက်ာင္းသူမ်ားအား ျပည္နယ္လူမႈေရးဝန္ႀကီးႏွင့္ တာဝန္ရွိသူတို႔က ဆုမ်ားအသီးသီးေပးအပ္ခ်ီးျမႇင့္ကာ စုေပါင္းမွတ္တမ္းဓာတ္ပုံမ်ား ႐ိုက္ကူးၾကသည္။

အဆိုပါအခမ္းအနားသို႔ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး ေဒါက္တာမ်ိဳးထြန္း၊ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုး၊ ျပည္နယ္ဒုတိယအုပ္ခ်ဳပ္ေရးမႉး ဦးရဲႏိုင္၊ ျပည္နယ္/ ခ႐ိုင္/ ၿမိဳ႕နယ္ အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ စံျပဆုရေက်ာင္းမ်ားမွ တာဝန္ရွိသူမ်ားႏွင့္ ေက်ာင္းသား/ေက်ာင္းသူမ်ား၊ တိုင္းရင္းသားယဥ္ေက်းမႈအဖြဲ႕မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

အစရ(ရွမ္း)

(Unicode)++++++

ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ ကျင်းပ

ကျိုင်းတုံ ဩဂုတ် - ၂၀

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့်၊ တာချီလိတ်မြို့နယ်ပညာရေးမှူး ဦးအောင်သင်းတို့အဖွဲ့သည် ၂၀၁၉ ဩဂုတ်လ ၁၉  ရက် မွန်းလွဲ ၃ နာရီက တာချီလိတ်မြို့နယ်၊ အ.မ.က (ခွဲ) ဟွေဟွယ်ကျောင်းသို့ သွားရောက်ပြီး UWS မှ ကူညီပံ့ပိုးနေမှုများကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားခဲ့သည်။

ထို့နောက် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျောင်းသားလူငယ်တစ်ရပ်လုံးတွင် ကျန်းမာရေးနှင့် ညီညွတ်သော လူနေမှုပုံစံများ သိရှိကျင့်သုံးစွဲမြဲစေရန်၊ ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် ကျောင်းကျန်းမာ ရေး သီတင်းပတ်လှုပ်ရှားမှုများ၊ ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့် ကျောင်းသားမိဘများ ပိုမိုသိရှိပြီး ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်စေရန် ရည်ရွယ်၍ ပြည်နယ်အဆင့် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှု အထိမ်းအမှတ်ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ Amazing Hotel အစည်းအဝေးခန်းမ၌ ကျင်းပကြောင်းသိရသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းညှိနှိုင်းပြီး နှစ်စဉ်ဩဂုတ်လ ဒုတိယပါတ်ကို ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် သတ်မှတ်ပြီး ကျောင်းကျန်းမာရေးလုပ်ငန်းစဉ်များကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ဆောင်ရွက်လျှက်ရှိပါကြောင်း အဖွင့်အမှာစကား၌ ပြောကြားပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ကျောင်းကျန်းမာရေး စံပြဆုရကျောင်းများနှင့် ဆုဥကျောင်းသား/ ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

အဆိုပါအခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုး၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ စံပြဆုရကျောင်းများမှ တာဝန်ရှိသူများနှင့် ကျောင်းသား/ကျောင်းသူများ၊ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များ တက်ရောက်ကြကြောင်း သိရသည်။

 

အစရ(ရှမ်း)

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 75 guests and no members online