Articles

(၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ ကျင်းပ

တောင်ကြီး   ဇွန်  ၂၆

 

1

 

2

 

3

 

    ရှမ်းပြည်နယ်၏ (၂၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့၊ ဖမ်းဆီးရမိ မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲ အခမ်းအနားကို ဇွန်(၂၆)ရက်၊ နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ၊ ပြည်နယ်လွှတ်တော် ဥက္ကဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား/ကျောင်းသူလေးများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ရှေးဦးစွာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကား ပြောကြားပြီး၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုထံမှ ပေးပို့သော သဝဏ်လွှာကို ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဖတ်ကြားသည်။


    ထို့နောက် ဆုရရှိသူများနှင့် ဆုရကျောင်းသား/ကျောင်းသူများအား တာဝန်ရှိသူများက အသီးသီး ဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။


    ဆက်လက်ပြီး မြို့တော်ခန်းမဝန်းအတွင်း ဖွင့်လှစ်ပြသထားသည့် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်း အသီးသီး၏ ပြခန်းများအား တာဝန်ရှိသူများက ဖွင့်လှစ်ပေးပြီး ပြခန်းအတွင်း လှည့်လည် ကြည့်ရှုခဲ့ကြသည်။


    ၎င်းနောက် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများနှင့် ဓာတုဆေးရည်များ မီးရှို့ဖျက်ဆီးပွဲကို နံနက်(၁၀)နာရီတွင် အဝေရာမီးပုံးပျံကွင်း၌ ဆက်လက်ကျင်းပရာ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူက အမှာစကားပြောကြားပြီး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက မီးရှို့ဖျက်ဆီးရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။


    ထို့နောက် ဓာတုဆေးရည်များကို မြေကျင်းအတွင်း ပစ်ချဖျက်ဆီးပြီး၊ မူးယစ်ဆေးဝါးများကို စက်ခလုတ်နှိပ်၍ မီးရှို့ဖျက်ဆီးခဲ့ကြသည်။ ထိုသို့ မီးရှို့ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးနှင့် ဓာတုဆေးရည်များ၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၆၄)သန်း တန်ဖိုးရှိကြောင်း သိရှိရသည်။

ပြည်နယ်ဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားတက်ရောက်

တောင်ကြီး   ဇွန်   ၂၇

 

1

 

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် အာဆီယံသွေးလွန်တုပ်ကွေးနေ့ အခမ်းအနားကို ဇွန် (၂၇)ရက်၊ နံနက်(၉)နာရီက မြန်မာနိုင်ငံဆရာဝန်အသင်း(တောင်ကြီး)၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း တက်ရောက်ခဲ့သည်။


    ရှေးဦးစွာ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာ ဖေသက်ခင် ပေးပို့သော သဝဏ်လွှာကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဒေါက်တာမျိုးထွန်းက ဖတ်ကြားပေးပြီး၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးမှ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားရခြင်းနှင့် ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ရှင်းလင်းဟောပြော တင်ပြခဲ့သည်။


    အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းဆမ်တစ်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သူနာပြုဆရာမများ၊ ကြက်ခြေနီ ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်အသီးသီးမှ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။


    ထို့နောက် ပြည်နယ်ဝန်ကြီးနှင့် အဖွဲ့သည် ကျောင်းကြီးစုရပ်ကွက်၊ အမှတ်(၁၅) မူလတန်းကျောင်းတွင် ဖုံးသွန်လဲစစ်(အပတ်စဉ် သောကြာနေ့တိုင်း ရေအိုးရေခွက်များ ရေသွန်မှောက်ထားခဲ့ပါရန်)ဆောင်ရွက်ခြင်း၊ Abate ဆေးခပ်ခြင်းနှင့် လောက်လန်းစား ငါးထည့်ခြင်းတို့ ဆောင်ရွက်ခြင်းအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံ

တောင်ကြီး  ဇွန်  ၂၀

 

 5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်အဖွဲ့ တွေ့ဆုံပွဲကို ဇွန်(၂၀)ရက်၊ နံနက်(၈)နာရီခွဲက ရှမ်းပြည်နယ်အစိုးရရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။


   အခမ်းအနားတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး၊ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီဝင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဆွေးနွေးပြောကြားသည်။


   ဆက်လက်၍ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ ( RCSS/SSA ) ဥက္ကဌ ဦးယွက်စစ်နှင့် ဦးဘောင်ခေး၊ ဦးစိုင်းလူးတို့က ဒေသခံဖွံ့ဖြိုးရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ အသီးသီး ဆွေးနွေးတင်ပြကြသည်။

 

7


   ထို့နောက် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးမော်သာထွေးက အထက်ကျိုင်းတောင်း ရေအားလျှပ်စစ်စက်ရုံ တည်ဆောက်မှုအား ပရိုဂျက်တာဖြင့် ရှင်းလင်းတင်ပြပြီး၊ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဝင်၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိဂုံးချုပ်စကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။

ပြည်နယ်၀န်ကြီး ဦးအောင်ကျော်ညွှန့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်

တောင်ကြီး  ဇွန်  ၂၀

 

3

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး၊ ရှမ်းပြည်နယ်သမဝါယမ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွန့်သည် ၂၀၁၃ခုနှစ်၊ ဇွန်လ(၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ အစည်းအဝေးခမ်းမ၌ ပြုလုပ်သည့် ရှမ်းပြည်နယ်သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၄/၂၀၁၃)သို့ တက်ရောက်ခဲ့သည်။


   အစည်းအဝေးတွင် ဝန်ကြီးမှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနအပါအဝင် အခြားအစိုးရဌာနများ၊ ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်တို့ ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့တွင် ပါဝင်သည့် ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်ရေး၊ သမဝါယမသဘောတရား၊ သမဝါယမလုပ်ငန်းများ ပြန့်ပွားရေးအတွက် ပညာပေးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရေးရရှိသည့် ချေးငွေများအား အကျိုးရှိစွာ အသုံးပြုရေးတို့အား ဆွေးနွေးမှာကြားခဲ့သည်။


   ၎င်းနောက် ပြည်နယ်သမဝါယမဦးစီးဌာနတွင် (၁၇.၆.၂၀၁၃ မှ ၁၉.၆.၂၀၁၃ )ထိ ဖွင့်လှစ်လျက်ရှိသည့် သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ပညာပေး ရက်တိုသင်တန်းတွင် တက်ရောက်လျက်ရှိသည့် ရှမ်းပြည်နယ်အတွင်းရှိ သမဝါယမအသင်း အဆင့်ဆင့်မှ အသင်းအမှုဆောင် (၅၃)ဦးအား လိုအပ်သည်များ မှာကြား၍ သင်တန်းဆင်းလက်မှတ်များ ချီးမြှင့်ခဲ့သည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-yuneရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံနှင့် မိုင်းယောင်း(မိုင်းယု)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 58 guests and no members online

Latest Updates