Articles

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ပင်းတယမြို့နယ်အတွင်း လှည့်လည်ကြည့်ရှု

တောင်ကြီး  ဇွန်  ၀၆

 

4

 

5

 

6

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်ဝန်ကြီး များလိုက်ပါလျှက် ဇွန်(၆)ရက်၊ နံနက်(၉)နာရီခွဲက ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၊ ကျုံးကျေးရွာရှိ စေတော်ဝင်ဆုတောင်းပြည့်ဘုရား ရွှေထီးတော်တင်လှူ ပူဇော်ပွဲသို့ တက်ရောက်၍ ဆရာတော်သံဃာတော်များအား ဖူးမျှော်ကန်တော့ပြီး ရွှေထီးတော်ဘုံအဆင့်ဆင့်ကို တင်လှူပူဇော်ခဲ့ကြသည်။

 

8

 

9

 

10

 

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျုံးကုန်စည်ဒိုင် တည်ဆောက်ပြီးစီးမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပင်းတယ မြို့နယ်လုံးဆိုင်ရာ(၆၁/၅၉)ကြိမ်မြောက် စာပြန်ပွဲတော်သို့ တက်ရောက်၍ နာယက ဆရာတော်များအား ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

 

12

 

13

 

14

 

15

 

၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် နေ့လည်(၁)နာရီတွင် ပင်းတယမြို့၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ရုံး၌ ကျင်းပသော ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌ ဦးထူးကိုကိုက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်များမှ ဆင်းရဲမှုလျော့ချရေးလုပ်ငန်းကော်မတီများ၏ တာဝန်ရှိသူများက အသီးသီး ရှင်းလင်း တင်ပြသည်။


ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပြည်နယ်ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က ကျေးရွာမီးလင်းရေးလုပ်ငန်း ဆောင်ရွက်ရန်အတွက် ချေးငွေ သိန်း(၂၀၀)ကျပ်ကို ပေးအပ်ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဌမှ လက်ခံရယူသည်။

 

18

 

19

 

17
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပင်းတယမြို့၊ ရွှေဥမှင်သဘာဝလိုဏ်ဂူဘုရား သို့ ရောက်ရှိပြီး အသစ်တည်ဆောက်တပ်ဆင်မည့် ဓါတ်လှေကား နေရာအား ကြည့်ရှု၍ ဘုရားအတွင်း လှည့်လည် ဖူးမျှော်ကြည်ညိုခဲ့ကြသည်။

 

မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  ဇွန်  ၀၅

REDD-05

 

REDD-04

 

REDD-03

 

REDD-02

 

REDD-01

 

    မြန်မာနိုင်ငံ REDD+ လမ်းပြမြေပုံရေးဆွဲရေးဆိုင်ရာ ဒေသအဆင့်ညှိနှိုင်းမှု အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်(၅)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊  ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စာပေ ယဉ်ကျေးမှုအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။
    ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး သစ်တောဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါက်တာသောင်းနိုင်ဦးက REDD+ ၏ အဓိပ္ပါယ်နှင့် သဘောသဘာဝ၊ လုပ်ငန်းစဉ်များနှင့် လမ်းပြမြေပုံဖွဲ့စည်းပုံ၊ အလုပ်ရုံဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်များ ကို ရှင်းလင်းတင်ပြသည်။
    ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများသည် သင်တန်းသား Partripant များနှင့် အမှတ်တရ မှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့သည်။

တောင်ကြီးတက္ကသိုလ်၊ စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှု အခြေအနေများ ကြည့်ရှုစစ်ဆေး

တောင်ကြီး  ဇွန်  ၀၄

TU-01

 

TU-02

 

TU-03

 

TU-04

 

TU-05

 

TU-06

 

TU-07

 

        ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစိုင်းနော်ခမ်းနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇွန်(၄)ရက်၊ နံနက်(၁၀)နာရီက တောင်ကြီးတက္ကသိုလ် စာကြည့်တိုက်နှင့် သုံးထပ်စာသင်ဆောင်သစ်များ ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို လိုက်လံ ကြည့်ရှုစစ်ဆေးရာ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်နှင့် တာဝန်ရှိသူများမှ လိုက်လံရှင်းလင်း တင်ပြခဲ့ကြသည်။

 

TU-08

 

      ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် တောင်ကြီးချုပ်တက္ကသိုလ်၊ ဘက်စုံခန်းမ တွင် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူးများ၊ တက္ကသိုလ်တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လမ်းညွှန် အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာ ဒေါ်မူမူမြင့်က တောင်ကြီး တက္ကသိုလ်နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်နယ်အဆင့် ဆောင်ရွက်မည့်အစီအမံများချမှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

တောင်ကြီး  ဇွန်  ၀၃

Work-04

 

     ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် စတုတ္ထအဆင့်ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် Working Group ဖွဲ့စည်း၍ Working Level Meeting ဆွေးနွေးချက်ရလာဒ်များအပေါ် ပြည်နယ်အဆင့် ဆောင်ရွက်မည့် အစီအမံများချမှတ်ရေး ညှိနှိုင်းဆွေးနွေးပွဲကို ဇွန်(၃)ရက်၊ နေ့လည်(၂)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက် အမှာစကား ပြောကြားသည်။

Work-02

 

Work-03

 

     ထို့နောက် ပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က လုပ်ငန်းစဉ်နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး တက်ရောက်လာသူများများမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

 

Work-01

 

   အဆိုပါ ဆွေးနွေးပွဲသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ ဥက္ကဌနှင့် အတွင်းရေးမှူးများ၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ အစိုးရ အဖွဲ့တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ ကြသည်။ 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-nay

ရှမ်းပြည်နယ်(မြောက်ပိုင်း) မူဆယ်၊ နမ့်ခမ်းနှင့် ကွမ်းလုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 80 guests and no members online

Latest Updates