Articles

အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းဝင်ကတ်များပေးအပ်လှူဒါန်း

တောင်ကြီး  ဧပြီ   ၂၉

 

1

 

2

 

     ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့ ပြည်သူ့အားကစားကွင်း၌ ကွမ်းလုံ၊ ချင်းရေွှဟော်၊ ဟိုပန်နှင့် သိန်းနီမြို့နယ်တို့မှ သာမဏေ (၁၀၈)ပါး၊ ရဟန်းအပါး (၃၀)တို့၏ အတိဒုလ္လဘတရ ဥပသမ္ပဒ ပဗ္ဗဇ္ဇသာမဏေရမင်္ဂလာနှင့် ဗုဒ္ဓဘာသာအဆုံးအမခံယူပွဲ၊ နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များ    ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဧပြီ ၉ ရက် နံနက်ပိုင်းက ကျင်းပသည်။


     အခမ်းအနားတွင် နိုင်ငံတော် သံဃမဟာနာယက ဒုတိယဥက္ကဌ အဂ္ဂမဟာပဏ္ဍိတ ရေဦး ဆရာတော် ဘဒ္ဒန္တဥတ္တမ ဉာဏာဘိဝံသ ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။


     ဆက်လက်၍ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် မိုးကုတ်မြို့ ညောင်သုံးပင် ပရိယတ္တိ စာသင်တိုက် ဆရာတော်က ကိုးကန့်အထူးတိုက်ခိုက်ရေးခေါင်းဆောင် ဦးဟော်ရှောက်ချမ်း နှင့် "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဥက္ကဌ ဦးခွန်ထွန်းလူတို့အား ဗုဒ္ဓရုပ်ပွား ဆင်းတုတော်များကို လည်းကောင်း၊ ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် ဇနီး ဒေါ်ခင်မလေးတို့က ဗုဒ္ဓ အဆုံးအမခံယူလာသူများကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလင်ဟုန်ရှမ်ထံ ဗုဒ္ဓဆင်းတုတော်နှင့် အဝတ်အထည်များကို လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက ဗုဒ္ဓအဆုံးအမခံယူလာသူများကိုယ်စား "ဝ"တိုင်းရင်းသား ဦးအိုက်မောင်ထံ ဘုရားပုံတော်ပါ လည်ဆွဲ ရတနာများကို လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။


     ထို့နောက် ညွှန်ကြားရေးမှူးချုပ် ဦးခိုင်အောင်က မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟ အသင်းဝင်ကတ်များအား ကွမ်းလုံ မြို့နယ် သာသနာနုဂ္ဂဟအသင်း ဥက္ကဌ ဦးကျော်သန်းထွန်းထံသို့ လည်းကောင်း၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသသာသနာနုဂ္ဂဟအသင်း(ဗဟို) ကော်မတီဝင် သီရိသုဓမ္မမဏိ ဇောတဓရ ဦးအောင်သိန်းနှင့် ဇနီး ဒေါ်ခင်လှသိန်းတို့က ပုတီး (၅၆၂၂)ကုံးကို ဗုဒ္ဓအဆုံးအမခံယူလာသူများ (၅၇၇၃-ဦး)ကိုယ်စား ကိုးကန့်တိုင်းရင်းသား ဦးလောင်ဟယ်အား လည်းကောင်း ပေးအပ်လှူဒါန်းကြသည်။

 

ရှမ်းပြည်နယ် တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းများ စတင်ထုတ်ပေး

တောင်ကြီး   ဧပြီ   ၂၄

 

CDMA

 

  ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ ကျပ်(၁၅ဝဝ)တန်ဖုန်းကတ်များကို မဲပေါက်သူများကို ဧပြီ(၂၄)ရက် နံနက်(၉)နာရီမှစတင်၍ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ထုတ်ပေးလျှက်ရှိရာ လာရောက်ထုတ်ယူသူများနှင့် စည်ကားလျှက်ရှိသည်။


   ထိုသို့ ထုတ်ယူရာတွင် မှတ်ပုံတင်နှင့် ရောင်စုံဓာတ်ပုံ(၂)ပုံနှင့် အတူ လူကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလွှတ်၍ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် မဲပေါက်သူများ၏ စာရင်းများကိုလည်း မြို့နယ်အုပ်ချုပ်ရေးမှူးရုံး မြောက်ဘက်ရှိ မြို့တော်ခန်းမတွင် ကြော်ငြာသင်ပုန်းထောင်၍ မိမိပေါက်မဲနံပါတ်များကို ကြည့်ရှုစုံစမ်းနိုင်သည်။

တောင်ကြီးမြို့၌ CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေး

‌တောင်ကြီး ဧပြီ ၂၃

 

1

 

 

 

2

 

    အခြေခံလူတန်းစားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်ဆောင်ရွက်မှုဖြင့် ကျပ်(၁၅ဝဝ)နှုန်းနှင့် CDMA – 800MHz တန်ဖိုးနည်း မိုဘိုင်းဖုန်းများအား မဲစနစ်ဖြင့် ထုတ်ပေးခြင်းကို ဧပြီ (၂၃)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့  မြို့တော်ခန်းမ၌ ပြုလုပ်ခဲ့သည်။


   ရှေးဦးစွာ တောင်ကြီးမြို့နယ် တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ ဥက္ကဌ ၊ တောင်ကြီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မြင့်သိန်းက တန်ဖိုးနည်းဖုန်းများ မဲစနစ်ဖြင့် ချထားပေးခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဖုန်းလျှောက်ထားသည့် ပြည်သူများကိုယ်စား ဒေသခံတိုင်းရင်းသားကိုယ်စားလှယ်များက ဖုန်းပေါက်မဲများကို မဲနှိုက်ရွေးချယ်ပေးကြသည်။


   ထိုသို့ တန်ဖိုးနည်းမိုဘိုင်းဖုန်းများ မဲစနစ်ဖြင့် ထုတ်ပေးရာတွင် လျှောက်ထားသူ ပြည်သူပေါင်း(၄၇ဝဝ)ဦးရှိသည့်အနက် (၂၅၅ဝ)ဦး မဲပေါက်မည်ဖြစ်ပြီး မဲမပေါက်သူများကိုလည်း နောင်လာမည့်အကြိမ်တွင် ထည့်သွင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တန်ဖိုးနည်းမိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးလုပ်ငန်းကော်မတီ တာဝန်ရှိသူ တစ်ဦးမှ ပြောကြားသွားသည်။

 

 

ပြည်နယ်  ပြန်/ဆက်

 

တန်းဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များ ရောင်းချရေးဆောင်ရွက်

တောင်ကြီး   ဧပြီ   ၂၀

 

ရှမ်းပြည်နယ်တွင် တန်းဖိုးနည်း မိုဘိုင်းဖုန်းဆင်းကတ်များကို အများပြည်သူများသို့ ရောင်းချနိုင်ရေးအတွက် ဧပြီ (၁၉)ရက်နေ့မှ စတင်ဆောင်ရွက်ပေးလျက်ရှိပါသည်။

 

CDMA 1

 

CDMA 2

 

CDMA 3

 

CDMA 4

 

CDMA 5

CDMA-6

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-sar ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲ၊ လင်းခေး၊ မောက်မယ်၊ မိုင်းပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 55 guests and no members online