Articles

ကလေးသူငယ်အား လူမဆန်စွာညှင်းပန်းနှိပ်စက်သူကို ဥပဒေနှင့် အညီ အရေးယူ

တောင်ကြီး   ဇွန်  ၂၀

 

1

 

   (၁၉.၆.၂၀၁၃)ရက်နေ့တွင် တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ အမှတ်(၁၅) မူလွန်ကျောင်း၌ ဒေါက်တာဝင်းဝင်းခိုင် ခေါင်းဆောင်သော ကျောင်းကျန်းမာရေး အဖွဲ့က ကျောင်းသား/သူများ ကျန်းမာရေးစစ်ဆေးပေးရာ ယင်းကျောင်း၌ ပညာသင်ကြားနေသော ပထမတန်း ကျောင်းသူ မသက်ထားခင်၊ (ဘ) ဦးဝင်းနိုင်၊ (၇)နှစ်၊ ကျောင်းကြီးစုရပ်ကွက်သည် မျက်နှာတွင် ညိုမဲဒဏ်ရာကို တွေ့ရှိရ၍ မေးမြန်းရာ ခန္ဓာကိုယ်အနှံ့အပြားတွင်လည်း ဒဏ်ရာများတွေ့ရှိရသဖြင့် လူမှုဝန်ထမ်း ရုံးသို့ အကြောင်းကြားခဲ့ပါသည်။


   ထိုသို့ အကြောင်းကြားချက်အရ ရှမ်းပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေး ကြီးကြပ်မှုကော်မတီ/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း/အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဌ နှင့် အဖွဲ့၊ ပြည်နယ်လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်အောင်ရီ နှင့် ဦးစီးမှူး ဒေါ်ချယ်ရီ တို့မှ မသက်ထားခင်၏ မိဘအုပ်ထိန်းသူများကို ခေါ်ယူ စစ်ဆေးရာ အုပ်ထိန်းသူ ဒေါ်ပြုံးညို၊ (ဘ)ဦးကြည်၊ (၄၉)နှစ်၊ ကျောင်းကြီးစုရပ်ကွက် နှင့် သမီးဖြစ်သူ မဝေဝေဖြိုး၊ (ဘ)ဦးမျိုးသစ်၊ (၁၇)နှစ် တို့က ရိုက်နှက်ထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ဒေါ်ချယ်ရီ(ကလေးသူငယ်ကြီးကြပ်သူ)၊ မြို့နယ်ကလေး သူငယ်အခွင့်အရေးများ ဆိုင်ရာကော်မတီ အတွင်းရေးမှူး က တောင်ကြီးမြို့အမှတ်(၁) ရဲစခန်းသို့ အမှုဖွင့် အရေးယူပေးရန် တိုင်ကြားခဲ့ရာ၊ ၎င်းတို့ နှစ်ဦးအား အမှတ်(၁) ရဲစခန်းမှ ဥပဒေနှင့် အညီ အမှုဖွင့် အရေးယူလျက်ရှိကြောင်း သတင်းရရှိပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် Prime Energy Partners Co.Ltd အဖွဲ့ တွေ့ဆုံ

တောင်ကြီး   ဇွန်  ၁၈

 

8

 

9

 

10

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် Prime Energy Partners Co.Ltd အဖွဲ့တို့ ဇွန်(၁၈)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ တွေ့ဆုံခဲ့ရာ Mr.Kemeth Shein (Managing Partner & CEO Prime) (USA) မှ ရှမ်းပြည်နယ်ဒေသတွင် ကြံများ စိုက်ပျိုးပြီး သကြားစက်ရုံ တည်ဆောက်၍ ပြည်ပနိုင်ငံသို့ တင်ပို့နိုင်ရန်အတွက် ဆွေးနွေးပြောကြားသည်။


   တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူ၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး(ညွှန်ကြားရေးမှူး) ဦးမြတ်ကျော်ကျော်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ Prime Energy Partners Co.Ltd အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့ တွေ့ဆုံ

တောင်ကြီး   ဇွန်   ၁၈

 

5

 

6

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ နှင့် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့တို့ ဇွန်(၁၈)ရက်၊ မွန်းလွဲ(၂)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်း၌ တွေ့ဆုံသည်။


   တွေ့ဆုံမှုတွင် ICRC အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီအဖွဲ့၊ တာဝန်ရှိသူမှ ရှမ်းပြည်နယ် အတွင်းရှိဒေသများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ရေကောင်းရေသန့် ရရှိရေး၊ ကိုယ်လက်အင်္ဂါချို့တဲ့သူများ ခြေတု၊ လက်တုများ တပ်ဆင်ပေးရေး၊ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်များတွင် သင်တန်းများပို့ချနိုင်ရေးတို့ကို ဆွေးနွေးပြောကြားသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

တောင်ကြီး  ဇွန်  ၁၈

 

1

 

2

 

3

 

   (၂၆-၆-၂၀၁၃)ရက်နေ့တွင် ကျရောက်မည့် (၂၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပရေး၊ ပြခန်းများခင်းကျင်းပြသရေးနှင့် ဖမ်းဆီး/သိမ်းဆည်းရမိ မူးယစ်ဆေးဝါးများနှင့် ဆေးရည်များ မီးရှို့ဖျက်ဆီးပွဲအခမ်းအနား ကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကို ဇွန်(၁၈)ရက်၊ နေ့လည်(၁)နာရီက ရှမ်းပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ အခမ်းအနား ကျင်းပရေးဦးစီးကော်မတီ ဥက္ကဌ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သူ တက်ရောက်အမှာစကားပြောကြားသည်။


   ထို့နောက် ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်အောင်က ဆွေးနွေးပြောကြားပြီး ပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါး များအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့ ဒု-ဥက္ကဌ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဝင်းထွန်းက အခမ်းအနားကျင်းပရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


   ဆက်လက်ပြီး သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများက ကဏ္ဍအလိုက် အသီးသီး ရှင်းလင်းတင်ပြကြပြီးနောက် အခမ်းအနားကျင်းပရေး ဦးစီးကော်မတီ ဥက္ကဌက နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

taung-yoeရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလော(ဟဲဟိုး)၊ ရပ်စောက်နှင့် ညောင်ရွှေမြို့နယ်တို့တွင် အများဆုံး နေထိုင်ကြသည်။

We have 63 guests and no members online

Latest Updates