Articles

ဟဲဟိုး - မိုင်းဆတ် ခရီးစဉ်အတိုင်း ပျံသန်းလာသော မြန်မာ့လေကြောင်း ဆင်းသက်စဉ် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုဖြစ်ပွား

တောင်ကြီး   မေ   ၁၆

 

     မေ ၁၆ (၁၁၅၅)အချိန်ခန့်တွင် လေယာဉ်မှူးကြီး ဦမောင်မောင်စိုး မောင်းနှင်ပြီး ခရီးသည် (၅၅)ဦးတင်ဆောင်၍ ဟဲဟိုး - မိုင်းဆတ် ခရီးစဉ်အတိုင်း ပျံသန်းလာသော မြန်မာ့လေကြောင်းပိုင် XY- AIQ, MA 60 ခရီးစဉ်အမှတ် (၆၄၅)လေယာဉ်သည် မိုင်းဆတ်လေဆိပ် ခန့်မှန်မြေပုံညွှန်း (NC-201300)လေယာဉ်ပြေးလမ်းပေါ် ဆင်းသက်စဉ် ဘရိတ်ပိုင်းဆိုင်ရာ ချို့ယွင်းပြီး ပြေးလမ်းထိပ် ပေ(၃၀၀)ခန့်အကွာရောက်ရှိ ရပ်တန့်သွားခဲ့သည်။


   အဆိုပါဖြစ်စဉ်တွင် လေယာဉ်တွင်ပါရှိသော ခရီးသည်များအနက် ဒေါ်နန်းမြင့်အေး၊ အသက် (၆၇)နှစ်(ဘ)ဦးအိုက်ကြူး၊  ၁၃/မဆန(နိုင်)၀၀၂၈၅၂၊ ရှမ်း/ဗုဒ္ဓ၊ မြို့သစ်ရပ်၊ မိုင်းဆတ်မြို့နေသူသည် ဝဲပခုံးအဆစ်လွှဲ(မစိုးရိမ်ရ)နှင့် ဒေါ်နွေဦးမော်၊ (သ)၂၈နှစ်၊ (ဘ)ဦးဝင်း၊ စျေးရောင်း၊ မယ်ဆွမ်မြောက်ရပ်၊ မိုင်းဆတ်မြို့နေသူသည် ခါးရိုးကျိုး(မစိုးရိမ်ရ)အသီးသီးဒဏ်ရာများရရှိခဲ့ရာ ဒေါ်နန်းမြင့်အေးအား(၁၁/၁၀၀) တပ်မတော်ဆေးရုံသို့လည်းကောင်း၊ ဒေါ်နွေဦးမော်အား မိုင်းဆတ်ပြည်သူ့ဆေးရုံသို့လည်းကောင်း အသီးသီးတင်ပို့ကုသစေခဲ့သည်။


    ၎င်းလေယာဉ်သည် ဝဲဘက်တောင်ပံကျိုး၊ ဝဲဘက်ဘီးနောက်သို့ ခေါက်ဝင်၊ ဝဲဘက် ပန်ကာကျိုးသွားကြောင်း သိရှိရပါသည်။

 

ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွှန့်၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး   မေ   ၁၀

 

 

2

 

1

 

   မေလ(၉/၁ဝ)ရက်နေ့များတွင် ရှမ်းပြည်နယ်သမဝါယမဦးစီးဌာနရုံးခန်း၌ ကျင်းပသော ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျော့ချရေးနှင့် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အစည်းအဝေးကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ စီးပွားရေးနှင့် စီမံကိန်း ဝန်ကြီး၊ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ကျော်ညွှန့်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။


    အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ညွှန့်မှ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဖွဲ့ဝင်များမှ နယ်မြေအလိုက် ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ အဖွဲ့၏ ရည်ရွယ်ချက်ဖြစ်သော ဆင်းရဲမှုလျော့ချရေးအတွက် တောင်သူလယ်သမား၊ ဆင်းရဲသားများ၊ ပြည်သူများ အရင်းအနှီးရရှိရေးအတွက် ချေးငွေ ချေးပေးရန်လိုကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထုတ်ချေးငွေကျပ်သိန်း(၅၁ဝဝ)အား သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ရယူ၍ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ အဖွဲ့တွင် ပါဝင်သည့် အဖွဲ့ဝင်(၁၄)ဦးတို့မှ တာဝန်ယူ/ တာဝန်ခံ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထုတ်ချေးရာတွင် ထုတ်ချေးမည့် မြို့နယ်အသင်းများအား ပြည်နယ်သမဝါယမဦးစီးဌာန၊ ရှမ်းပြည်နယ် သမဝါယမအသင်းစုချုပ်များ အပါအဝင် အဖွဲ့ဝင်များက ညှိနှိုင်းစိစစ်၍ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့အစည်းအဝေးတွင် တင်ပြပြီး အဖွဲ့၏ ဆုံးဖြတ်သဘောတူညီချက်ဖြင့် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း လမ်းညွှန်မှာကြား ခဲ့ပါသည်။

 

    အစည်းအဝေးဆုံးဖြတ်ချက်အရ ရှမ်းပြည်နယ်အတွင်းရှိ မြို့နယ်(၂၂)မြို့နယ်မှ အခြေခံ သမဝါယမအသင်း (၉၅)သင်းသို့ ကျပ်သိန်း(၅၁ဝဝ)အား ထုတ်ချေးရန် ဆုံးဖြတ်ခဲ့ကြပါသည်။ ရှမ်းပြည်နယ်အတွင်း အခြေခံသမဝါယမအသင်းပေါင်း (၉၃၅)သင်း ဖွဲ့စည်းထားပြီး ၂ဝ၁၃ ခုနှစ်၊ မေလအထိ ထုတ်ချေးငွေ စုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၃၃ဝဝဝ)ကျော်ထုတ်ချေးထားပြီးဖြစ်ပါသည်။

 

ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်ဖြူဖြူညွန့် ခြေလေးချောင်းနှင့် ထူးဆန်းစွာ မွေးဖွားလာသည့် ကလေးငယ်အား သွားရောက်ကြည့်ရှုအားပေး

တောင်ကြီး    မေ    ၁၀

 

 

4

 

   ရှမ်းပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီး ဒေါ်ဖြူဖြူညွန့်သည် မေ(၁၀)ရက် ညနေ(၄)နာရီတွင် တောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီး၌ ကုသမှုခံယူရန်အတွက် ရောက်ရှိနေသော ခြေလေးချောင်းနှင့် ထူးဆန်းစွာမွေးဖွားလာသည့် ကလေးငယ်နှင့် မိဘတို့အား သွားရောက်ကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။


  ဆက်လက်ပြီး ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကဒေါ်ဖြူဖြူညွန့် နှင့်အဖွဲ့ဝင်များသည် ဆေးရုံအတွင်း တက်ရောက်ကုသမှုခံယူနေသော မိခင်များနှင့်မွေးကင်းစကလေးများကို လိုက်လံကြည့်ရှုအားပေးစကားပြောကြားပြီး ထောက်ပံ့ငွေပေးအပ်ရာ ဆေးရုံတာဝန်ရှိသူတစ်ဦးမှ လက်ခံရယူ ခဲ့သည်။


    အဆိုပါ ခြေလေးချောင်းနှင့် မအင်္ဂါနှစ်ခုဖြင့် ထူးဆန်းစွာမွေးဖွားလာသော ကလေးငယ်အား ရှမ်း တိုင်းရင်းသား မိဘများဖြစ်ကြသော ဖခင် ခွန်စံတွေး အသက်(၄၀)နှစ်၊ မိခင် နန်းနောင့်နောင့် အသက်(၂၆)နှစ် တို့မှ (၂.၂.၂၀၁၃) ရက်နေ့ နံနက်(၃)နာရီအချိန်တွင် လွိုင်လင်ခရိုင်၊ ပင်လုံမြို့နယ်၊ စလောင်းကျေးရွာအုပ်စု၊ လွယ်မွတ် ကျေးရွာနေအိမ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ယခုတောင်ကြီးမြို့ အမျိုးသမီးနှင့် ကလေးဆေးရုံကြီးသို့ (၉.၅.၂၀၁၃) ရက်နေ့ည ( ၉ )နာရီအချိန်တွင် ရောက်ရှိလာခြင်းဖြစ်သည်။

 

   ဆေးရုံသို့ရောက်ရှိလာသည့် အချိန်မှစတင်၍ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်သိင်္ဂီညွန့်၏ ကြီးကြပ်မှုဖြင့် ကလေးအထူးကုဆရာဝန်ကြီး ဒေါက်တာခင်မို့မို့ မှ လိုအပ်သည့် ပြုစုစောင့်ရှောက်ကုသမှု များကို ဆောင်ရွက်ပေးထားလျှက်ရှိပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ်တို့၏ လမ်းညွှန်မှုဖြင့် လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

 

အင်းလေးကန်ပတ်ဝန်းကျင်ရှိ ဟိုတယ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံပွဲကျင်းပ

တောင်ကြီး   မေ   ၀၈

 

2

 

   ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးကန်ပတ်ဝန်းကျင်ရှိ ဟိုတယ်များနှင့် စပ်လျဉ်းသည့် တွေ့ဆုံပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ မေလ ၈ ရက်၊ နေ့လည် ၁ နာရီ၌ ညောင်ရွှေမြို့နယ်၊ မိုင်းသောက် ကျေးရွာအနီးရှိ Aureum Palace ဟိုတယ်တွင်ကျင်းပရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်နှင့် ရှမ်းပြည်နယ်အစိုးအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်တို့က ဦးဆောင်ဆွေးနွေးပြီး အခမ်းအနားသို့တက်ရောက်လာသည့် သတင်းမီဒီယာများနှင့် အသင်းအဖွဲ့များက မေးမြန်းသည့် မေးခွန်းများကို ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပွင့်လင်းမြင်သာစွာ ပြန်လည်ရှင်းလင်းဖြေကြားသည်။


   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ညောင်ရွှေမြို့နယ်မှ ပြည်သူ့လွှတ်တော်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြည်တွင်းပြည်ပသတင်း မီဒီယာများ၊ ညောင်ရွှေမြို့နယ်ရှိ ဟိုတယ်လုပ်ငန်းရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူ လူထုများ အင်အား(၁၅၀)ခန့်တက်ရောက်သည်။


      အခမ်းအနားအပြီးတွင် ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်တို့သည် အခမ်းအနား တက်ရောက်လာသူများအား ရင်းနှီးခင်မင်စွာလိုက်လံနှုတ်ဆက်သည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

koe-kantရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံ၊ ကုန်းကြမ်း၊ လောက်ကိုင်နှင့် ဟိုပန်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 76 guests and no members online

Latest Updates