Articles

ဆရာအတတ်သင်(၃)နှစ်သင်တန်း၊ အမှတ်စဉ်(၄၅) သင်တန်းသားများအပြီးသတ်ရွေးချယ်ရန် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ ကျောင်းသား/ကျောင်းသူများ အခမဲ့ လေ့ကျင့်ခန်းစာအုပ်များ ဖြန့်ဝေပေးရန်

တောင်ကြီး   မေ   ၂၃

 

a

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်း၊ ရှမ်းပြည်နယ်ပညာရေး ညွှန်ကြားရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထူးမြင့်နှင့် အတူ (၁၄-၅-၂၀၁၃)ရက်နေ့တွင် တာချီလိတ်မြို့၌ လည်းကောင်း၊ (၁၅-၅-၂၀၁၃)ရက်နေ့တွင် လားရှိုးမြို့၌ လည်းကောင်း၊          (၁၇-၅-၂၀၁၃)ရက်နေ့တွင် တောင်ကြီးမြို့၌ လည်းကောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် မူလတန်းဆရာအတတ်သင်(၃)နှစ်သင်တန်း၊ အမှတ်စဉ်(၄၅) သင်တန်းသား များ အပြီးသတ်ရွေးချယ်ခြင်းနှင့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်၊ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူများ အားလုံးအတွက် လေ့ကျင့်ခန်းစာအုပ်များ အခမဲ့ ထောက်ပံ့ပေးရန်နှင့် ထောက်ပံ့ပေးမည့်စာအုပ်များအား မြို့နယ်၊ ကျောင်း၊ ကျောင်းသား/ကျောင်းသူများ လက်ဝယ်သို့ ပေးပို့သွားရန် သက်ဆိုင်ရာ ပြည်နယ်ပညာရေးမှူးများ၊ မြို့နယ်ပညာရေးမှူးများနှင့် ညှိနှိုင်းကာ သယ်ယူဖြန့်ဖြူးရေး ကုန်ကျစရိတ်များအား ထုတ်ပေးခဲ့ပါသည်။


   လေ့ကျင့်ခန်းစာအုပ်များအား ကျောင်းသား/ကျောင်းသူများ လက်ဝယ်အရောက် ဖြန့်ဝေပေးသွားရန်အတွက် မြို့နယ်ပညာရေးမှူးများမှ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် ရပ်မိရပ်ဖများတို့အား ဖိတ်ကြားပြီး ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

ရှမ်းပြည်နယ်မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအစည်းအဝေး(၃/၂၀၁၃)ကျင်းပ

တောင်ကြီး   မေ   ၂၃

 

1

 

4

 

   ရှမ်းပြည်နယ် မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေး အမှတ်စဉ်(၃/၂၀၁၃)ကို မေ(၂၃)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်မြို့ပြစနစ်စီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် တက်ရောက်အမှာစကားပြောကြားသည်။

 

3

 

2

 

 ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ပြည်နယ်မြို့ပြစနစ်စီမံကိန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး၊ ပြည်နယ်စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုင်းဆာလူက ဖြည့်စွက်ဆွေးနွေးတင်ပြသည်။


 ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။ အဆိုပါ အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

 

 

တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် ကွက်ဖြည့်စိုက်ခင်းထူထောင်ရေးနှင့် မြို့သောက်သုံးရေ ဖူလုံစေရေး၊ သဘာဝရေ အရင်းအမြစ်များ ရရှိရေး ပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းစစ်ဆေး

တောင်ကြီး   မေ   ၂၂

 

1

 

    တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် ကွက်ဖြည့်စိုက်ခင်းထူထောင်ရေးနှင့် မြို့သောက်သုံးရေ ဖူလုံစေရေး၊ သဘာဝရေ အရင်းအမြစ်များ ရရှိရေးအတွက် မေ(၂၂)ရက် နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး(ညွှန်ကြားရေးမှူး) ဦးမြတ်ကျော်ကျော်၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအဖွဲ့သည် တောင်ကြီးမြို့၊ ဆုတောင်းပြည့်စေတီ ကိုးနဝင်းကျောင်းတိုက် ဘုရားကုန်းပေါ်နေရာတွင် သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့သည်။

 

2

 

   ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီဘုရားသို့ ရောက်ရှိလာရာ ဘုရားတွင် ပန်း၊ ရေချမ်း၊ ဆီမီးကပ်လှူပြီး ဘုရားရင်ပြင်ပေါ်ရှိ တောင်ကြီးမြို့ပေါ် ရှုခင်းကြည့်နေရာတွင် တောင်ကြီး၊ တောင်စိမ်းလန်းစိုပြေရေးအတွက် တောင်ခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်မောင်စိုးက မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

3

 

4

 

   ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် တောင်ကြီးမြို့၊ ဘုရားဖြူရပ်ကွက်၊ ထီသိမ်ရေကန်သို့ သွားရောက်ပြီး ရေကန်အတွင်း ရေများ သိုလှောင်ထားရှိမှုနှင့် ရေပေးဝေမှု၊ မိုးရာသီ သစ်ပင်စိုက်ပျိုးမည့်နေရာများကို လိုက်လံကြည့်ရှု၍ လည်းကောင်း၊ တောင်ကြီးမြို့ ရေအေးကွင်းရပ်ကွက်ရှိ ရေထွက်ဦးရေကန်၌ ရေသိုလှောင်ထားရှိမှုနှင့် ရေထွက်များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်မှ လိုအပ်သည်များမှာကြားခဲ့ပါသည်။

 

5

 

6

 

7

 

   ၎င်းနောက်  ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများတို့သည် ကျောင်းကြီးစုရပ်ကွက်ရှိ ဂနိုင်ရေကန်နှင့် ရေစုကန် ပြန်လည်ပြုပြင်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ မြေပုံကားချပ်ဖြင့် ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် တောင်ကြီးမြို့၊ တိုင်းရင်းသားသုသာန် မီးသဂြိုဟ်စက်သို့ သွားရောက်ကြည့်ရှု စစ်ဆေးရာ ကားအသွားအလာများ ပြားသဖြင့် ကားလမ်းများ ကျဉ်းမြောင်းသဖြင့် ကားလမ်းများတိုးချဲ့ရန်နှင့် သတ်မှတ် စည်ပင်မြေ မကျူးကျော်စေရေးတို့ကို ဂရုတစိုက် လုပ်ဆောင်သွားရန် မှာကြားခဲ့ကြောင်းသိရှိရသည်။

 

8

ရှမ်းပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း(ရှမ်း/တောင်)ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တောင်ကြီး    မေ    ၂၂

 

a

 

b

 

c

 

   ရှမ်းပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း(ရှမ်း/တောင်)ဖွဲ့စည်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ(၂၂)ရက်၊ နေ့လည်(၁)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီး ဦးစိုင်းအိုက်ပေါင်း တက်ရောက် အမှာစကားပြောကြားသည်။


   ဆက်လက်ပြီး ဘူမိဗေဒနှင့် ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် အစည်းအဝေး တက်ရောက်လာသည့် သတ္တုတူးဖော်ရေးလုပ်ငန်းရှင်များမှ အထွေထွေကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း တင်ပြခဲ့ကြသည်။


    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်သစ်တောနှင့် သတ္တု ဝန်ကြီးက တင်ပြဆွေးနွေးချက် များကို ထပ်မံဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားသည်။


    ရှမ်းပြည်နယ် သတ္တုလုပ်ငန်းရှင်များအသင်း(ရှမ်း/တောင်)ကို အဖွဲ့ဝင်(၁၁)ဦးဖြင့် ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း သတင်းရရှိသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

arkhar

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ မိုင်းတုံ၊ မိုင်းပြင်းနှင့် မိုင်းဖြတ်မြို့နယ်တွင် အများစု နေထိုင်ကြသည်။

We have 65 guests and no members online

Latest Updates