Articles

" First Weekly News Journal ၏ ဖော်ပြချက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အလေးအနက်ကန့်ကွက် "

မေ  ၂၁

 

3

 

2

 

   (၁၇.၅.၂၀၁၃)ရက်နေ့ထုတ် First Weekly News Journal က "ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုက်ရိုက်လမ်းညွှန်နေပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းတည့်မတ်နိုင်သည့် အခြေအနေလုံးဝမရှိဟု ပြည်ထောင်စုရေးရာ၊ တိုင်းရင်းသားရေးရာ အလုပ်ရုံဆွေးနွေးပွဲတွင် တက်ရောက်လာသူများက သုံးသပ်ခဲ့ကြ "ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့သည်။


   အဆိုပါသတင်းတွင် တောင်ကြီးမြို့၊ Classic ခန်းမမှာ နှစ်ရက်ကြာကျင်းပတဲ့ ပြည်ထောင်စုတိုင်းရင်းသား ရေးရာအလုပ်ရုံဆွေးနွေးပွဲ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မည်သည့်လုပ်ပိုင်ခွင့်မှမရှိပဲ ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌကလည်း ပြည်နယ်ဝန်ကြီးချုပ်နဲ့ အမြဲတမ်းညှိနှိုင်းဆောင်ရွက်နေရတဲ့အတွက် ပြည်နယ် ဝန်ကြီးချုပ်ရဲ့ သြဇာမကင်းသကဲ့သို့ ယူဆစရာဖြစ်ကြောင်းဟုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ကို ပြည်ထောင်စုအစိုးရအဖွဲ့မှ တိုက်ရိုက်လမ်းညွှန်နေပြီး ပြည်နယ်လွှတ်တော်အနေဖြင့် ပြည်နယ်အစိုးရအဖွဲ့ကို ထိန်းကျောင်းတည့်မတ်နိုင်တဲ့ အခြေအနေလုံးဝမရှိဖြစ်နေကြောင်းဟုလည်းကောင်း၊ အင်းလေးဟိုတယ်ဇုံစီမံကိန်း တည်ဆောက်ရာတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ညွှန်ကြားချက်ဖြင့် ပြည်နယ်ဝန်ကြီးချုပ်က ရှမ်းပြည်နယ်အတွင်းရှိ  ပြည်သူများကိုလုံးဝ တာဝန်ခံခြင်းမရှိပဲ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းဟုလည်းကောင်း အခြေအမြစ်မရှိ ရေးသားဖော်ပြခဲ့သည်။

 

  ယင်းသို့ ရေးသားဖော်ပြချက်များသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ အကြားတွင်လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ တို့အကြားတွင်လည်းကောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့ကြားတွင်လည်းကောင်း၊ နားလည်မှုလွဲမှားအောင်၊ စာဖတ်ပရိတ်သတ်များ အထင်အမြင်လွဲမှားအောင် ထိုးနှက်လုပ်ကြံဖန်တီးရေးသားခြင်း သာ ဖြစ်သည်။ အမှန်တကယ်မှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပြည်နယ်လွှတ်တော်တို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ခုနှစ်)ပါ ပြဌာန်းချက်များနှင့်အညီ အပြန်အလှန်ထိန်းကျောင်းမှု(Check and Balance)ဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြသည်။


   သို့ဖြစ်၍ သတင်းသမားများ၏ လိုက်နာရမည့် ကျင့်ဝတ်(Code of Ethics)အား ချိုးဖောက်လျက် ယင်းသို့ လွှဲမှားစွာ ရေးသားဖော်ပြချက်များအပေါ် First Weekly News Journal အား သတိပေးကြောင်းနှင့် နောင်တွင် ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

4

 

5

 

6

 

1

 

ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး

တောင်ကြီး   မေ   ၂၁

 

1

 

2

 

     ရေနံထွက်ပစ္စည်းများ တင်သွင်း သိုလှောင် သယ်ယူဖြန့်ဖြူးရောင်းချရေးလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တောင်ကြီးမြို့  ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မေ (၂၁) ရက် မွန်းလွှဲ (၁) နာရီတွင် ကျင်းပသည်။


    အစီအစဉ်အရ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးအောင်ကျော်ညွှန့်က အဖွင့်အမှာစကား ပြောကြားပြီးနောက် မြန်မာရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ဌာနခွဲ မန်နေဂျာ ဦးစိုးတင့် ကဆွေးနွေးပြီး တက်ရောက်လာသော လုပ်ငန်းရှင်များက ဆွေးနွေးတင်ပြခဲ့ကြပါသည်။


      ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ကျော်ညွှန့်က တင်ပြဆွေးနွေးချက်များကို ထပ်မံဖြည့်စွက်၍ နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။


    နိုင်ငံတော်မှ ကျင့်သုံးလျက်ရှိသော စျေးကွက်စီးပွားရေးစနစ်နှင့် အညီ ပြောင်းလဲကျင့်သုံးလာသည့် ပုဂ္ဂလိကကဏ္ဍမှ ရေနံထွက်ပစ္စည်းများ ပြည်တွင်းသို့ တင်သွင်းခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း၊ ဖြန့်ဖြူးရောင်းချခြင်း လုပ်ငန်းများနှင့် ပတ်သတ်၍ အထောက်အကူဖြစ်စေရန် စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေးအသင်း(ရှမ်း/တောင်)အား ပုဂ္ဂလိကလုပ်ငန်းရှင်များ(၉)ဦးဖြင့် ဖွဲ့စည်းတာ၀န်ပေးအပ်လိုက်သည်။


   အခမ်းအနားကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ၊ ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး၊ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ပြည်နယ်ဦးစီးဌာနမှူး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူး၊ ပြည်နယ်မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး၊ မြန်မာ့ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း ဌာနခွဲမန်နေဂျာ၊ သိုလှောင်ဖြန့်ဖြူးရေးဌာနခွဲ(က)အဆင့် ရွှေညောင်မြို့နှင့် စက်သုံးဆီဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များ တက်ရောက်သည်။

 

စတုတ္ထအဆင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ဖြစ်သည့် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများအား ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ

တောင်ကြီး   မေ   ၁၇

 

7

 

    ၂၀၁၃ ခုနှစ်၊ ဧပြီလ(၃၀)ရက်တွင် နိုင်ငံတော်သမ္မတ၏ နိုင်ငံ့စွမ်းဆောင်ရည်ဆု ချီးမြှင့်ပွဲအခမ်းအနား၌ “ ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာမှာ လုပ်ငန်း ကဏ္ဍအသီးသီး ဖွံ့ဖြိုးတိုးတက်ရေး တာဝန်ယူထားသော ဝန်ကြီးဌာနအသီးသီးနဲ့ ဒေသဖွံ့ဖြိုး ရေးတာဝန်ယူထားသော တိုင်းဒေသကြီး/ပြည်နယ်အစိုးရအသီးသီးက စီမံပံ့ပိုးရမယ့် လုပ်ငန်းများရှိသလို၊ အစိုးရဌာနများနှင့် ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်ရမယ့် လုပ်ငန်းများစွာ ပါဝင်တဲ့အတွက် အစိုးရဌာနများက ကမကထပြုပြီး ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲတိုးတက် ဖွံ့ဖြိုးရေးဆိုင်ရာ အစိုးရ၊ ပုဂ္ဂလိကညှိနှိုင်းဆွေးနွေးမှုများကို အမြန်ဆောင်ရွက်ကြရန်နဲ့ အားပေးမြှင့်တင်ဆောင်ရွက်မယ့် အစီအမံများ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက် သွားကြရန်” နိုင်ငံတော်သမ္မတက တိုက်တွန်းမိန့်ကြားခဲ့ပြီးဖြစ်ပါသည်။


    ရှမ်းပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပုဂ္ဂလိကကဏ္ဍ ပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ တစ်ရပ်ကို ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်က ဦးဆောင်ဆွေးနွေးပြီး၊ ပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်လှိုင်က အသေးစိတ်ရှင်းလင်း ဆွေးနွေးသည်။


    ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်ရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဦးစီးအဖွဲ့ အတွင်းရေးမှူးများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူးများ၊ တောင်ကြီးခရိုင်အတွင်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးများနှင့် အတူ သက်ဆိုင်ရာ စီမံကိန်းဦးစီးမှူးများလည်း တက်ရောက်ကြသည်။


    ဆွေးနွေးပွဲမှာ အောက်ပါအချက်များကို လမ်းညွှန်ခဲ့ပါသည်-


    (က)    ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်  လုပ်ငန်းကဏ္ဍ နယ်ပယ်အလိုက် အသင်းအဖွဲ့များ ပိုမိုအားကောင်းခိုင်မာအောင် ဖွဲ့စည်းဆောင်ရွက်သွားရန်၊


    ( ခ)    အသင်းအဖွဲ့၊ အစုအဖွဲ့ မရှိသေးသော  လုပ်ငန်းကဏ္ဍများ၊  ဒေသများ၌   အသင်းအဖွဲ့(သို့မဟုတ်) အစုအဖွဲ့များ၊ သမဝါယမကုန်ထုတ်လုပ်ငန်းများ တိုးချဲ့ဖွဲ့စည်း အားပေးမြှင့်တင်သွားရန်၊


   ( ဂ)    ပုဂ္ဂလိကဏ္ဍရှိ အသင်းအဖွဲ့များအတွင်း လုပ်ငန်းအလိုက် လုပ်ငန်းအဖွဲ့ (Working  Group)များ ဖွဲ့စည်းပေးပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရများကလည်း လုပ်ငန်းကဏ္ဍအလိုက်၊ ဒေသအလိုက် လုပ်ငန်းအဖွဲ့ (Working  Group)များ ဖွဲ့စည်းသွားရန်၊


  (ဃ)    ဝန်ကြီးဌာနအဆင့်၊ ဒေသအဆင့် အလုပ်ရုံဆွေးနွေးပွဲကြီးများ ညှိနှိုင်းအစည်းအဝေးကြီးများ ပြုလုပ်ခဲ့ကြသော်လည်း ဆွေးနွေးညှိနှိုင်းမှုရလာဒ်နှင့် လက်တွေ့ အကောင်အထည်ဖော်မှု၊ စဉ်ဆက်မပြတ်ထိတွေ့ဆောင်ရွက်မှု အားနည်းသည့်အတွက် အဆိုပါ ဆွေးနွေးပွဲများ၊ ညှိနှိုင်းအစည်းအဝေးများကို လိုအပ်သလောက် ကျင်းပ၍ လက်တွေ့ညှိနှိုင်းလုပ်ကိုင် အကောင်အထည်ဖော်မည့် အဆင့် ညှိနှိုင်းအစည်းအဝေး (Working  Level  Meeting)များကို ပိုမိုအလေးထား၍ ပုံမှန် ထိထိရောက်ရောက် ညှိနှိုင်းဆောင်ရွက်ပြီး လက်တွေ့ အောင်မြင်တိုးတက်မှုရှိအောင် ဆောင်ရွက်သွားရန်၊


   ( င)    စိုက်ပျိုးမွေးမြူထုတ်လုပ်မှု ကုန်ကြမ်းမှ ကုန်ချောအထိ  ထုတ်လုပ်နိုင်မှုမှ စျေးကွက်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply  Chain)တစ်လျှောက်လုံးတွင် အစိုးရ၊ ပုဂ္ဂလိကလုပ်ငန်းအဖွဲ့များ၊ (Working Group)များပူးပေါင်းကွင်းဆင်း၍ အားနည်းချက်၊ အားသာချက်များကို လေ့လာသုံးသပ်ပြီး တိုးတက်အောင် အားပေး မြှင့်တင်နိုင်မည့် နည်းလမ်းများ ရှာဖွေစီမံ အကောင်အထည်ဖော်သွားရန်၊


   ( စ)    မြို့နယ်၊ ဒေသအလိုက် လက်ကားစျေးကွက်နှင့် ကုန်စည်ဒိုင် စျေးကွက် ဖွံ့ဖြိုးရေး အဆင့်မှ နိုင်ငံတကာစျေးကွက်သို့  လုပ်ငန်းကဏ္ဍ နယ်ပယ်အလိုက် ယှဉ်ပြိုင်ဝင်ရောက်နိုင်စွမ်းရှိရေး အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့များ (Working Group)များ ဖွဲ့စည်းညှိနှိုင်းစီမံ အားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    (ဆ)    အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လည်ပတ်နိုင်ရန် လျှပ်စစ်ဓါတ်အား လိုအပ်ချက်အား ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် ဒေသအလိုက်၊ ဇုန်အလိုက် လျှပ်စစ်ရရှိရေး အားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    ( ဇ)    ငွေကြေးလိုအပ်ချက်အတွက် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများအား အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်းလုပ်ငန်းအဖွဲ့များဖြင့် ညှိနှိုင်းပြီး အသေးစားငွေချေးလုပ်ငန်းများ အားပေးမြှင့်တင်သွားရန်၊


    ( စျ)    လမ်းပန်းဆက်သွယ်ရေး၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံ ဝန်ဆောင်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း လုပ်ငန်းအဖွဲ့များနှင့် ညှိနှိုင်းပြီး အစီအမံ ရေးဆွဲအားပေးမြှင့်တင် ဆောင်ရွက်သွားရန်၊


    ၎င်းနောက် ပုဂ္ဂလိက ကဏ္ဍပြောင်းလဲဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်အဆင့် ဖွဲ့စည်းထားသော စီမံကိန်းကော်မတီ၊ အထောက်အကူပြုကော်မတီ၊ စည်ပင်သာယာရေးကော်မတီ၊ စီမံခန့်ခွဲမှုကော်မတီနှင့် လူမှုစီးပွား အသင်းအဖွဲ့များနှင့် မြို့နယ်အလိုက် အစည်းအဝေး ကျင်းပ ပြီး ဆောင်ရွက်လိုသည့် (Supply Chain) များကို လွတ်လပ်ပွင့်လင်းစွာ အမြန်ဆွေးနွေးရန်၊ ဆွေးနွေးဆုံးဖြတ်ချက်များအား ပြည်နယ်အစိုးရအဖွဲ့သို့ အမြန်ဆုံး ပြန်လည်တင်ပြသွားရန် ညွှန်ကြားထားရှိကြောင်း သတင်းရရှိသည်။

 

ရှမ်းပြည်နယ်၏ ၂၀၁၃−၂၀၁၄ဘဏ္ဍနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနား

တောင်ကြီး   မေ   ၁၇

 

 

2

 

3

 

4

 

1

 

   ရှမ်းပြည်နယ်၏ ၂၀၁၃−၂၀၁၄ဘဏ္ဍနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန်ပေးအပ်ပွဲ အခမ်းအနားကို မေ (၁၇)ရက် နံနက်(၀၉)နာရီက တောင်ကြီးမြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်က အဖွင့်အမှာစကားပြောကြားပြီးနောက် ရှမ်းပြည်နယ်စီမံကိန်းဦးစီးမှူး ဦးတင်လှိုင်က ၂၀၁၃−၂၀၁၄ဘဏ္ဍနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်အပေါ် အကောင်အထည်ဖော်မှု၊ ၂၀၁၃−၂၀၁၄ဘဏ္ဍနှစ်၊ ဒေသန္တရစီမံကိန်း ရည်မှန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

 

   အခမ်းအနားသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့၀င်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသများ အတွင်းရေးမှူးများ၊ ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အုပ်ချုပ်ရေးမှူးများ၊ တောင်ကြီးခရိုင်ရှိ လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်အဆင့်  ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

padaung ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူး၊ ပင်လောင်းနှင့် ဖယ်ခုံမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 70 guests and no members online

Latest Updates