Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ဂျာမနီနိုင်ငံမှ Miss Inina Sheffmam, Head of Programm ဦးဆောင်သောအဖွဲ့အား လက်ခံတွေ့ဆုံ

တောင်ကြီး   စက်တင်ဘာ  ၁၇

 

20130917

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး နှင့် ဂျာမနီနိုင်ငံမှ Miss Inina Sheffmam, Head of Programm အဖွဲ့သည် စက်တင်ဘာ(၁၇)ရက်၊ နံနက်(၉)နာရီခွဲက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ လာရောက်တွေ့ဆုံသည်။

 

   ထိုသို့ လက်ခံတွေ့ဆုံရာတွင် Miss Inina Sheffmam, Head of Programm အဖွဲ့မှ ရှမ်းပြည်နယ်တွင် သရက်နှင့် လ္ဘက်ကို အဓိက စိုက်ပျိုးနိုင်ရန်၊ သင်တန်းများပေးနိုင်ရန်နှင့် မိမိတို့၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ကော်မတီတွင် ပါဝင်ထည့်သွင်းပေးပါက ပိုမိုထိရောက်မှုရှိကြောင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပအိုဝ်းနှင့် ဓနုဒေသတွင် စိုက်ပျိုးရေးလုပ်ငန်း အဓိက လုပ်ကိုင်လိုကြောင်း ရှင်းလင်းတင်ပြပြီး ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ 

ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနား ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၃

 

 1

 

   ရှမ်းပြည်နယ်၊ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အခမ်းအနားကို စက်တင်ဘာ(၁၃)ရက်၊ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ တိုင်းရင်းသားရေးရာဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူများ၊ အခြေခံပညာ ကျောင်းသား/ကျောင်းသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ ဥက္ကဌ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဦးက မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၏ ရည်ရွယ်ချက်၊ မူဝါဒနှင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။

 

   ၎င်းနောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးတွင် ကြိုးပမ်းအားထုတ်ခဲ့မှု ဗွီဒီယိုခွေမှတ်တမ်းအား (၁၀)မိနစ်ခန့် တင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခန်းမအတွင်း ခင်းကျင်းပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေး ဆောင်ရွက်ချက် မှတ်တမ်းများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်းပြသခဲ့သည်။

 

ကျိုင်းတုံ၌ သမ္မတရုံးဝန်ကြီးများနှင့် တွေ့ဆုံပွဲပြုလုပ်

တောင်ကြီး    စက်တင်ဘာ   ၁၂

 

2

 

   ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ မြို့တော်ခန်းမ၌ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီးများ ဖြစ်သည့် ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့နှင့် တွေ့ဆုံပွဲကို စက်တင်ဘာ လ (၁၁)ရက်နံနက်(၈)နာရီတွင် ပြုလုပ်ခဲ့သည်။ အခမ်းအနားသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့မိမြို့ဖများ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများ၊ အသင်းအဖွဲ့များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်များ တက်ရောက်ကြသည်။

 

   ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာ နိုင်ငံတော်သမ္မတကြီး၏ တာဝန်ပေးချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များ လိုအပ်ချက်များကို ညှိနှိုင်းရန်နှင့် ဌာနဆိုင်ရာများ ပြည်သူဝန်ဆောင်မှုပေးရမည့် အချက်များ လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။

 

   ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်း ကပြောကြားရာတွင် မကြာမီက ဖွဲ့စည်းခဲ့သော မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုကော်မတီများ၊ စည်ပင်သာယာရေးကော်မတီများအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ သြဂုတ်လ(၉)ရက်နေ့ သမ္မတကြီးမိန့်ခွန်းတွင် ပါသော ကျန်လ(၃၀)၌ ဦးစားပေးလုပ်ဆောင်ရမည့် လုပ်ငန်းများ သိရှိနိုင်ရန်နှင့် မြို့နယ်အဆင့်လိုအပ်ချက်များ၊ အခြေအနေများကို သိရှိနိုင်ရန်အတွက် မေးမြန်းဆွေးနွေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

   ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြားကာ တက်ရောက်လာသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သတင်းရသည်။

 

ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး (စတုတ္ထနေ့) ဆက်လက် ကျင်းပ

တောင်ကြီး   စက်တင်ဘာ  ၁၂

 

1

 

   ပထမအကြိမ်၊ ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို စက်တင်ဘာလ(၁၂)ရက်၊ မွန်းလွဲ(၁၀:၀၀)နာရီအချိန်တွင် ရှမ်းပြည်နယ်လွှတ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်လွှတ်တော် ဥက္ကဌ ဦးစိုင်းလုံးဆိုင်၊ ဒုတိယဥက္ကဌနှင့် ပြည်နယ်ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် (၁၂၈)ဦး တက်ရောက်ကြသည်။

 

   ပထမဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းသည့် မေးခွန်း (၂၂)ခုအား ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌနှင့် သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပြန်လည်ဖြေကြားကြပါသည်။

 

   ဆက်လက်၍ ယမန်နေ့က တင်သွင်းခဲ့သော ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်ဘဏ္ဍာရန်ပုံငွေတွင် ပါဝင်သော ဌာန/အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းအား ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာပါသည်။

 

   ထို့နောက် ယမန်နေ့က တင်ပြခဲ့သော ကော်မရှင်နှင့် ကော်မတီ(၃)ရပ်တို့၏ တာဝန်၊ လုပ်ကိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းလျာထားချက်များနှင့် စပ်လျဉ်း၍ ပြည်နယ်လွှတ်တော် ဥက္ကဌမှ ရှင်းလင်းတင်ပြပြီး လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်မှ သဘောတူညီသည့်အတွက် ကော်မရှင်နှင့် ကော်မတီ(၃)ရပ်ကို ဖွဲ့စည်းရာတွင် အတည်ပြုကြောင်း လွှတ်တော်မှ ကြေညာပါသည်။

 

   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပညာရေး၊ ကျန်းမာရေး၊ အားကစားဆိုင်ရာ လူမှုရေးကဏ္ဍများ ဆောင်ရွက်ထားရှိမှု အခြေအနေအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက လွှတ်တော်သို့ ရှင်းလင်း တင်ပြပါသည်။

 

   ထို့နောက် ပထမအကြိမ် ရှမ်းပြည်နယ်လွှတ်တော် သတ္တမ ပုံမှန်အစည်းအဝေး(စတုတ္ထနေ့)ကို မွန်းလွဲ (၁၄:၄၅)နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း သိရှိရသည်။

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 75 guests and no members online

Latest Updates