Articles

အင်းလေးဒေသဟိုတယ်ဇုန် မြေနေရာချထားခြင်း

တောင်ကြီး  ဧပြီ  ၁၄

    အင်းလေးဒေသဟိုတယ်ဇုန် မြေနေရာချထားခြင်းအတွက် လျှောက်ထားသူများအား (၁၁.၄.၂ဝ၁၃)ရက်နေ့တွင် တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ မဲနှိုက်ဆောက်ရွက်ခဲ့ရာ မဲနှိုက်မည့် ပုဂ္ဂိုလ်များ၏ ဆန္ဒအရ ဧရိယာဧကများကို ပြင်ဆင်၍ မဲနှိုက်ရန် အမည်စာရင်းတင်သွင်းခဲ့ပါသည်။
    ဟိုတယ်ဇုန်မြေနေရာချထားရေးကော်မတီ အနေဖြင့် ခွဲဝေပေးနိုင်သော မြေကွက်ဧရိယာမှာ (A)ဇုန် (၁)ဧကကွက် (၈)ကွက်၊ (A)ဇုန် (၃)ဧကကွက် (၃၁)ကွက်၊ (B)ဇုန် (၄)ဧက အထက်အကွက် (၂၂)ကွက်၊ (C)ဇုန် (၄)ဧက အထက်အကွက် (၂၆)ကွက် ဖြစ်ပါသည်။
    အထက်ပါ ဟိုတယ်ဇုန်မြေနေရာ လျှောက်ထားမှုအတွက် မဲနှိုက်ကြရာတွင် မဲပေါက်သူများစာရင်း၊ ငွေပေးသွင်းပြီးသူများစာရင်းနှင့် အကွက်အမှတ်များအား အောက်ဖော်ပြပါအတိုင်းဖြစ်ပါသည် -

 

1

 

2

 

3

 

4

 

5

 

6

 

7

 

8

၁၃၇၄ခု တောင်ကြီးမဟာသင်္ကြန် ဖွင့်ပွဲကျင်းပ

တောင်ကြီး  ဧပြီ  ၁၃

 

01

 

02

 

03

 

04

 

08

 

07

 

05

 

06

 

09

 

   ၁၃၇၄ ခု တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲအခမ်းအနားကို ဧပြီ(၁၃)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ မဟာသင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ်၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီးဒေါ်ဖြူဖြူညွန့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တေးသံရှင်များ၊ ယိမ်းအကအဖွဲ့များနှင့် တိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့သည်။


  ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်နှင့် ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းတို့က ဗဟိုမဏ္ဍပ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။


   ထို့နောက် တေးသံရှင်များက တေးသံသာများဖြင့် သီဆိုတင်ဆက်ကြပြီး၊ ယိမ်းအကအဖွဲ့များက ညီညာစွာကပြဧည့်ခံဖျော်ဖြေခဲ့ကြ၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးတို့မှ ဧည့်သည်တော်များနှင့် ယိမ်းအကအဖွဲ့များအား အတာရေပက်ဖျန်းပေးကြသည်။


   ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဗဟိုမဏ္ဍပ်အား ဂုဏ်ပြုဆုငွေ ကျပ်(၅)သိန်းကို ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူ တစ်ဦးမှ လက်ခံရယူခဲ့သည်။

 

  ၎င်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ရွှေနေကြာမဏ္ဍပ်၊ ရိုးရာသင်္ကြန်ပွဲတော်မဏ္ဍပ်၊ တိုင်းရင်းသားငြိမ်းချမ်းရေးမဏ္ဍပ်၊ ချယ်ရီသင်္ကြန်မဏ္ဍပ်၊ အိပ်မက် သင်္ကြန်မဏ္ဍပ်တို့အား လိုက်လံကြည့်ရှုအားပေးခဲ့ပြီး မဏ္ဍပ်အသီးသီးတွင် ဂုဏ်ပြုဆုငွေများပေးအပ်ခဲ့ကြသည်။

ပြည်နယ်ဝန်ကြီး ဦးတူးမောင် အား မြို့ရေထွက်၊ ရေကန်များ ကွင်းဆင်းစစ်ဆေး

တောင်ကြီး ဧပြီ ဝ၉

 

001

 

002

03

 

003

 

04

 

06

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင်သည် ဧပြီ(၉)ရက်နေ့က မြို့ရေပေးရေးအတွက် အသုံးပြုလျက်ရှိသော ရေထွက်၊ ရေကန်များ သွားရောက်ကွင်းဆင်းစစ်ဆေး ခဲ့သည်။


    ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးတူးမောင် သည် မြို့ရေပေးရေးအတွက် အသုံးပြုလျက်ရှိသော ရေထွက်၊ ရေကန်များ၏ ရေစုဆောင်းထားရှိမှု အခြေအနေနှင့် ရေထွက်နှုန်းများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ ရှမ်းပြည်နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယအင်ဂျင်နီယာမှူးကြီး ဦးစိုးသိန်းနှင့် တောင်ကြီးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးသီဟန်လင်းတို့က လိုက်လံရှင်းလင်းတင်ပြခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားတက်ရောက်

တောင်ကြီး  ဧပြီ  ဝ၈

 

01

 

02

 

    ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် ဧပြီ(၈)ရက်နေ့ နံနက်(၉)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသော အင်းလေးဒေသ ဟိုတယ်ဇုန်မြေနေရာချထားခြင်း အခမ်းအနားသို့ တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားခဲ့သည်။

  ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင်က အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးစီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး၊ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီ ဥက္ကဋ္ဌ၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က မြေနေရာချထားရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြခဲ့သည်။

  ဆက်လက်ပြီး အခမ်းအနားတက်ရောက်လာသူများမှ သိရှိလိုသည်များကို မေးမြန်းကြရာ အင်းလေးဒေသဟိုတယ်ဇုန်ဖော်ထုတ်ရေးဦးစီးကော်မတီမှ  တာဝန်ရှိသူများနှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကဏ္ဍာအလိုက် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြသည်။

 

03

 

04

 

05

 

   ၎င်းနောက် ပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင် က ဥပဒေဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရှင်းလင်းပြောကြားပြီး၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဦးခွန်သိန်းမောင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

  အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ဟိုတယ်လုပ်ငန်းရှင်များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် လာရောက်လေ့လာသူများ တက်ရောက်ခဲ့ကြသည်။

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)ဒေသများတွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်၊ မိုင်းယန်း၊ မိုင်းတုံ၊ မိုင်းပြင်း၊ တာချီလိတ်၊ လားရှိုး၊ တန့်ယန်း၊ မိုင်းရယ်၊ သိန္နီ၊ မက်မန်းနှင့် မိုင်းခတ်မြို့နယ်များတွင် အများဆုံးနေထိုင်ကြပါသည်။

 

We have 52 guests and no members online

Latest Updates