Articles

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှု ဝန်ကြီး ဦးစိုင်းထွန်းရင် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံ

တောင်ကြီး  မတ်လ  ၂၁

  21-1

  ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေးနှင့် လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး ဦးစိုင်းထွန်းရင်သည် ညောင်ရွှေမြို့နယ် အင်းလေး ဒေသ ကြေးစားမြောက်ရွာ  ၊ ကြေးစားတောင်ရွာ၊ ကြေးစားအောက်ရွာ၊ မင်းချောင်းလယ်ရွာ၊ မင်းချောင်းနောက်ရွာနှင့် ပွဲစားကုန်းကျေးရွာတို့မှ ဒေသခံ အင်းတိုင်းရင်းသားများနှင့် တွေ့ဆုံပွဲကို မတ်လ(၂၁)ရက် နေ့လည်(၂)နာရီခွဲက ကြေးစားကုန်း ဘုရားကျိန်းကျောင်း၌ ကျင်းပ ပြုလုပ်ခဲ့သည်။


   တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးမှ အင်းလေးဒေသသည် ခရီးသွားဧည့်သည်များ စိတ်ဝင်တစား လာရောက်လည်ပတ်လေ့လာသည့် နေရာတစ်ခုဖြစ်သည့်အားလျော်စွာ ပြောင်းလဲလာသည့်ခေတ်စနစ်နှင့်အညီ စီးပွားရေးလုပ်ငန်းများကို ပြုပြင်ပြောင်းလဲ လုပ်ဆောင်သွားကြရန် လိုအပ်ကြောင်း ၊ ယနေ့ တွေ့ဆုံပွဲ ပြုလုပ်ရခြင်းသည် အင်းလေးဒေသအတွင်း စီးပွားရေးနှင့်လူနေမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် ဖြစ်ခြင်းကြောင့် ဒေသခံများ၏ တွေ့ကြုံနေရသည့် အခက်အခဲများကို ဆွေးနွေးကြရန် ပြောကြား ခဲ့သည်။
       

   ထို့နောက် ဒေသခံပြည်သူများမှ အခြေခံလိုအပ်ချက်ဖြစ်သည့် ပညာရေး၊ ကျန်းမာရေးကဏ္ဍများတွင် ကူညီဆောင်ရွက်ပေးရန် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ရေး၊ ကျေးရွာလျှပ်စစ်မီး သုံးစွဲနိုင်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးစေလိုကြောင်းဖြင့် တင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးမှ မေးမြန်းချက်များ အပေါ်ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြား ပေးခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP ) မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံ

တောင်ကြီး  မတ်  ၁၉

 c02

 

c03

 

c01

 

   ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် သည် မတ်(၁၉)ရက် နေ့လည်(၂)နာရီက ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP ) မှ Mr Christian Hainzl (Transition Project Manager, UNDP) ဦးဆောင်သော အဖွဲ့အား ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
   ထိုသို့ တွေ့ဆုံရာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP ) တို့ ပူးပေါင်း၍ ဒေသဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ ဆောင်ရွက်နိုင်ရေးအတွက် ရှမ်းပြည်နယ် မြို့တော်၊  တောင်ကြီးမြို့တွင်  UNDP ရုံး  ဖွင့်လှစ်ရန်၊ လားရှိုးတွင် ရုံးခွဲဖွင့်လှစ်ရန်နှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ဆင်းရဲမွဲတေမှုပပျောက်ရေးကိစ္စရပ်များကို ဆွေးနွေးညှိနှိုင်း ခဲ့ကြသည်။
    တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး၊ ဧည့်သည်ကိုယ်စားလှယ်အဖွဲ့တွင်  ကုလသမဂ္ဂဖွံ့ဖြိုးမှု အစီအစဉ် ( UNDP )မှ Mr Christian Hainzl ဦးဆောင်သော အဖွဲ့ဝင်များအား တက်ရောက် ခဲ့ကြပါသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ နှင့် UNDP, UNICEF, UN-Women, WFP, UNFPA, UNOPS တို့မှ ကိုယ်စားလှယ်အဖွဲ့များတွေ့ဆုံ

တောင်ကြီး  မတ်  ၁၆

 

11

 

22

 

33

    ရှမ်းပြည်နယ်အစိုးရအဖွဲ့  ပြည်နယ်ဝန်ကြီးချုပ်  ဦးစဝ်အောင်မြတ်သည် UNDP,UNICEF,UN-Women,WFP,UNFPA,UNOPS  တို့မှ ကိုယ်စားလှယ်အဖွဲ့များအား မတ်(၁၆)ရက် ညနေ(၄)နာရီ က တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့သည်။
    ထိုသို့ တွေ့ဆုံရာတွင် ကိုယ်စားလှယ်အဖွဲ့မှ နိုင်ငံ(၇)နိုင်ငံရှိ အဖွဲ့(၇)ဖွဲ့၊ ကော်မတီဝင်များက UN ၏ အကူအညီဖြင့် လုပ်ကိုင်နေသည့် လုပ်ငန်းများကို လေ့လာရန်နှင့် လိုအပ်နေသေးသည့် လုပ်ငန်းများအား သိရှိနိုင်ရေး၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရာတွင် ရင်ဆိုင်နေရသည့် အခက်အခဲများကို ကူညီဖြေရှင်းပေးရေး၊ UN အဖွဲ့များမှ ပိုမိုပူးပေါင်းဆောင်ရွက်ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များတွင်လည်း ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့သည်။
    ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ယခုလို လာရောက်တွေ့ဆုံခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း၊ UN အဖွဲ့များ၏ ပံ့ပိုးကုညီမှုများကို အသိအမှတ်ပြုကြောင်း၊  ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်မှ ပြုပြင်ပြောင်းလဲနေသော လုပ်ငန်းစဉ်များတွင် UN အဖွဲ့များမှ ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်လည်း ဖိတ်ကြားလိုပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
    အဆိုပါ ဆွေးနွေးပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးစံလွင်၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြပါသည်။ ကိုယ်စားလှယ်အဖွဲ့တွင် Mr. Remongar Dennis (Deputy Permanent Representative,UNDP/UNFPA/UNOPS) ဦးဆောင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ညနေ(၆)နာရီတွင် ရပ်နားခဲ့သည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် ညောင်ရွှေမြို့နယ်ဒေခံပြည်သူများနှင့် တွေ့ဆုံပွဲ

  တောင်ကြီး  မတ် ၁၆

 02
 
04
 
 
03
 
 
01
 
05
 
 
06
 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်
ညောင်ရွှေမြို့နယ်ဒေခံပြည်သူများနှင့် တွေ့ဆုံပွဲ

 
  ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်သည် ညောင်ရွှေမြို့နယ် ဒေခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို မတ်(၁၆)ရက်နံနက်(၈)နာရီက ညောင်ရွှေမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနိုင်က ဒေသဆိုင်ရာအချက်အလက်များကို ရှင်းလင်းတင်ပြပြီး တောင်ကြီးခရိုင်အုပ်ချုပ်ရေးမှူး ဦးကောင်းဇံဦးက ဖြည့်စွက်ရှင်းလင်း တင်ပြခဲ့သည်။
  ဆက်လက်ပြီး အင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးဝင်းမြင့်က နန်းပန်ကျေးရွာအုပ်စုအား မြို့နယ်ခွဲအဆင့်တိုးမြှင့်ပေးနိုင်ရေးနှင့် အင်းလေးဇုန်ဝင်ခွင့်ကောက်ခံရေးကိစ္စကိုလည်းကောင်း၊ အင်းလေးဒေသဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးတင်အောင်ကျော်က ညောင်ရွှေမြို့နယ်ပြည်သူ့ဆေးရုံအား ကုတင်(၅ဝ)ဆန့် ဆေးရုံအဆင့်တိုးမြင့် ပေးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များကိုလည်းကောင်း၊ ဦးအောင်မြင့်က အင်းလေးကန်အတွင်း ဗေဒါများ ဆယ်ယူသန့်ရှင်းရေး ပြုလုပ်ရေးနှင့် ရေထွက်များ ထိန်းသိမ်းရေးကိစ္စရပ်များကိုလည်းကောင်း၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထွန်းအောင်က ရေလမ်းကြောင်းများ တိုးချဲ့နိုင်ရေးနှင့် အင်းလေးကန်ပတ်လမ်း ပြုပြင်နိုင်ရေး ကိစ္စရပ်များကိုလည်းကောင်း၊  ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ဝင်း က  နန်းပန်ဈေးလှေဆိပ် အဆင့်တိုးမြှင့်ဆောက်လုပ်ရေးကိစ္စကိုလည်းကောင်း အသီးသီးဆွေးနွေး တင်ပြခဲ့ကြသည်။
 ထို့နောက် ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးရဲနိုင်အောင်၊ ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ်ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီး ဦးခွန်သိန်းမောင်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီး ဦးခင်မောင်ဌေးတို့က အသီးသီးရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြပြီး၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်က ဖြည့်စွက်ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့သည်။ 
 ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့၀င်များသည် ပြန်လည်ပြုပြင်တည်ဆောက်မည့် ညောင်ရွှေမြို့၊ မြို့တော်ခန်းမ၊ ယဉ်ကျေးမှုဗုဒ္ဓပြတိုက်နှင့် လူရည်ချွန်စခန်းသွင်း လေ့ကျင့်မည့် အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအတွင်း ကြိုတင်ပြင်ဆင်ထားရှိမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြခဲ့ကြပါသည်။
 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် နေထိုင်ကြပါသည်။ ကျိုင်းတုံ၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 76 guests and no members online

Latest Updates