Articles

ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရး ရက္သတၱပတ္မ်ားလႈပ္ရွားမႈ ဗဟိုအဆင့္ဖြင့္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၅

187

၂၀၁၉ခုႏွစ္ ကမၻာ့မိခင္ႏို႔တိုက္ေကၽြးေရး ရက္သတၱပတ္ႏွင့္ အာဟာရဖြံ႕ၿဖိဳးေရးရက္သတၱပတ္မ်ားလႈပ္ရွားမႈ ဗဟိုအဆင့္ ဖြင့္ပြဲကို ၾသဂုတ္(၄)ရက္ နံနက္(၉)နာရီက ေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ က်င္းပသည္။

ဆက္လက္၍ က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက အမွာစကား ေျပာၾကားၿပီး၊ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာနမွ ေကာက္ယူခဲ့သည့္ ျမန္မာႏိုင္ငံ အဏုအာဟာရႏွင့္အစာစားသုံးမႈအေျခအေနေလ့လာေရး စစ္တမ္း(၂၀၁၇−၂၀၁၈)အရ ရွမ္းျပည္နယ္ရွိ အသက္(၅)ႏွစ္ေအာက္ကေလးမ်ား၏ သုံးပုံတစ္ပုံနီးပါးသည္ ေသြးအားနည္းေရာဂါ(၂၇%)ႏွင့္ ကာလတာရွည္ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ပုၫွက္ျခင္း(၃၀%)တို႔ကို ခံစားေနၾကသည္ကို သိရပါေၾကာင္း၊ ရွမ္းျပည္နယ္မွာရွိသည့္ ကေလးမ်ား၏ အာဟာရအေျခအေန တိုးတက္လာေအာင္ ဝိုင္းဝန္းအားထုတ္ေဆာင္႐ြက္သြားၾကရမည္ျဖစ္ၿပီး၊ ဗဟိုအဆင့္မွဦးေဆာင္၍ အာဟာရဖြံ႕ၿဖိဳးေရးလူထုလႈပ္ရွားမႈမ်ားေဆာင္႐ြက္ၾကရာတြင္ ျပည္နယ္အစိုးရအေနျဖင့္ မိမိတို႔တတ္အားသေ႐ြ႕ ပံ့ပိုးေဆာင္႐ြက္ သြားမွာျဖစ္ၿပီး၊ ျပည္နယ္မွလႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေနျဖင့္လည္း မိမိတို႔ေဒသအတြက္ ဝန္ႀကီးဌာနမ်ားႏွင့္ ပူးေပါင္းကာ လႈပ္ရွားမႈမ်ားပံ့ပိုးေဆာင္႐ြက္သြားၾကရန္ႏွင့္ ျပည္နယ္အတြင္း အာဟာရျပည့္ဝက်န္းမာၿပီး၊ ဉာဏ္ရည္ထက္ျမက္ေသာ ႏိုင္ငံ သားေကာင္းေလးမ်ား ေပၚထြန္းလာေစမွာျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ေတာင္ႀကီးၿမိဳ႕ အမွတ္(၅)အေျခခံပညာအထက္တန္းေက်ာင္း ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားမွ အာဟာရဖြံ႕ၿဖိဳးေရးသီခ်င္းျဖင့္ ေတးသ႐ုပ္ေဖာ္ေဖ်ာ္ေျဖ၍ ကမၻာ့က်န္းမာေရးအဖြဲ႕ဌာေနကိုယ္စားလွယ္ Dr. Stephen Paul Jost မွႏႈတ္ခြန္းဆက္စကားေျပာၾကားၿပီး ကမၻာ့ကုလသမၼဂကေလးမ်ားရံပုံေငြအဖြဲ႕ Ms. June Kunuki မွႏႈတ္ခြန္းဆက္စကား ေျပာၾကားကာ ျပည္ေထာင္စုဝန္ႀကီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က (၅)ႏွစ္ေအာက္ကေလး မ်ားအား ဗီတာမင္ေအႏွင့္ သံခ်ေဆးမ်ားတိုက္ေကၽြးျခင္း၊ အပ်ိဳေဖာ္ဝင္အ႐ြယ္ေက်ာင္းသူမ်ားအား သံဓာတ္ေဆးျပားမ်ား တိုက္ေကၽြးျခင္း၊ ကိုယ္ဝန္ေဆာင္မိခင္မ်ားအား အဏုအာဟာရေဆးမ်ားတိုက္ေကၽြးျခင္း၊ အိုင္အိုဒင္းဆားႏွင့္ အားျဖည့္ဆန္မ်ား ျဖန္႔ေဝေပးျခင္းေဆာင္႐ြက္ကာ ခန္းမအတြင္းႏွင့္ အျပင္ဘက္တြင္ ခင္းက်င္းျပသထားေသာ ျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့်ဖွင့်ပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၅

၂၀၁၉ခုနှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များလှုပ်ရှားမှု ဗဟိုအဆင့် ဖွင့်ပွဲကို သြဂုတ်(၄)ရက် နံနက်(၉)နာရီက တောင်ကြီးမြို့ မြို့တော်ခန်းမတွင် ကျင်းပသည်။

ဆက်လက်၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အမှာစကား ပြောကြားပြီး၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ကောက်ယူခဲ့သည့် မြန်မာနိုင်ငံ အဏုအာဟာရနှင့်အစာစားသုံးမှုအခြေအနေလေ့လာရေး စစ်တမ်း(၂၀၁၇−၂၀၁၈)အရ ရှမ်းပြည်နယ်ရှိ အသက်(၅)နှစ်အောက်ကလေးများ၏ သုံးပုံတစ်ပုံနီးပါးသည် သွေးအားနည်းရောဂါ(၂၇%)နှင့် ကာလတာရှည် အာဟာရချို့တဲ့မှုကြောင့် ပုညှက်ခြင်း(၃၀%)တို့ကို ခံစားနေကြသည်ကို သိရပါကြောင်း၊ ရှမ်းပြည်နယ်မှာရှိသည့် ကလေးများ၏ အာဟာရအခြေအနေ တိုးတက်လာအောင် ဝိုင်းဝန်းအားထုတ်ဆောင်ရွက်သွားကြရမည်ဖြစ်ပြီး၊ ဗဟိုအဆင့်မှဦးဆောင်၍ အာဟာရဖွံ့ဖြိုးရေးလူထုလှုပ်ရှားမှုများဆောင်ရွက်ကြရာတွင် ပြည်နယ်အစိုးရအနေဖြင့် မိမိတို့တတ်အားသရွေ့ ပံ့ပိုးဆောင်ရွက် သွားမှာဖြစ်ပြီး၊ ပြည်နယ်မှလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း မိမိတို့ဒေသအတွက် ဝန်ကြီးဌာနများနှင့် ပူးပေါင်းကာ လှုပ်ရှားမှုများပံ့ပိုးဆောင်ရွက်သွားကြရန်နှင့် ပြည်နယ်အတွင်း အာဟာရပြည့်ဝကျန်းမာပြီး၊ ဉာဏ်ရည်ထက်မြက်သော နိုင်ငံ သားကောင်းလေးများ ပေါ်ထွန်းလာစေမှာဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တောင်ကြီးမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူလေးများမှ အာဟာရဖွံ့ဖြိုးရေးသီချင်းဖြင့် တေးသရုပ်ဖော်ဖျော်ဖြေ၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost မှနှုတ်ခွန်းဆက်စကားပြောကြားပြီး ကမ္ဘာ့ကုလသမ္မဂကလေးများရံပုံငွေအဖွဲ့ Ms. June Kunuki မှနှုတ်ခွန်းဆက်စကား ပြောကြားကာ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က (၅)နှစ်အောက်ကလေး များအား ဗီတာမင်အေနှင့် သံချဆေးများတိုက်ကျွေးခြင်း၊ အပျိုဖော်ဝင်အရွယ်ကျောင်းသူများအား သံဓာတ်ဆေးပြားများ တိုက်ကျွေးခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား အဏုအာဟာရဆေးများတိုက်ကျွေးခြင်း၊ အိုင်အိုဒင်းဆားနှင့် အားဖြည့်ဆန်များ ဖြန့်ဝေပေးခြင်းဆောင်ရွက်ကာ ခန်းမအတွင်းနှင့် အပြင်ဘက်တွင် ခင်းကျင်းပြသထားသော ပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕က ႀကီးမႉး၍ဝါဆိုသကၤန္း ဆက္ကပ္လႉဒါန္းပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၅

186

ေတာင္ႀကီးၿမိဳ႕ အတုလမာရဇိန္ ဆုေတာင္းျပည့္ျမတ္စြာဘုရား ၿမိဳ႕လယ္ဓမၼာ႐ုံတြင္ ၾသဂုတ္(၃)ရက္ နံနက္(၁၀)နာရီက ရွမ္းျပည္နယ္အစိုးရအဖြဲ႕ကႀကီးမႉး၍ ဝါဆိုသကၤန္းဆက္ကပ္လႉဒါန္းပြဲက်င္းပသည္။

အခမ္းအနားတြင္ ဆရာေတာ္၊ သံဃာေတာ္မ်ား၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္အမႉးျပဳေသာ ဧည့္ပရိတ္သတ္တို႔က နေမာတႆ သုံးႀကိမ္႐ြတ္ဆိုဘုရားကန္ေတာ့၍ဖြင့္လွစ္ၿပီး၊ ႏိုင္ငံေတာ္ၾသဝါဒါစရိယ အဂၢမဟာပ႑ိတ မဟာကမၼဌာနာစရိယ ဘဒၵႏၲအဂၢဓမၼာ ဘိဝံသအရွင္သူျမတ္ထံမွ ငါးပါးသီလခံယူေဆာက္တည္ၾက၍ ဆရာေတာ္၊ သံဃာေတာ္မ်ား ႐ြတ္ပြားခ်ီးျမႇင့္ေတာ္မူေသာ ေမတၱာ သုတ္ပရိတ္တရားေတာ္မ်ား နာယူၾကည္ၫိုၾကသည္။

ဆက္လက္၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ ဝန္ႀကီးမ်ား၊ ပအိုဝ္းကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသဦးစီးဥကၠ႒ႏွင့္ တာဝန္ရွိသူတို႔က ဆရာေတာ္၊ သံဃာေတာ္မ်ားအား ဝါဆိုသကၤန္း ႏွင့္လႉဖြယ္ပစၥည္းမ်ား ဆက္ကပ္လႉဒါန္းေပးၾကၿပီး၊ ရွမ္းျပည္နယ္သံဃနာယကအဖြဲ႕ဥကၠ႒ အဂၢမဟာပ႑ိတ၊ ေတာင္ႀကီးၿမိဳ႕ မူလမင္းကြန္းေက်ာင္းတိုက္ ပဓာနနာယကဆရာေတာ္ဘဒၵႏၲပညာသိရီထံမွ အႏုေမာဒနာတရားနာယူ၍ ေရစက္သြန္းခ်အမၽွ ေပးေဝကာ ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ဇနီး၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ေဒသဦးစီးအဖြဲ႕ဥကၠ႒ႏွင့္တာဝန္ရွိသူတို႔က ဆရာေတာ္၊ သံဃာေတာ္ ႀကီးမ်ားအား ေန႔ဆြမ္းဆက္ကပ္လႉဒါန္းေပး၍ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ ၿမိဳ႕ေပၚေက်ာင္း(၉၉)ေက်ာင္းႏွင့္ သံဃာ(၉၉)ပါး၊ သကၤန္းဒြိစုံ(၁၁၆၉)စုံ လႉဒါန္းေပးခဲ့ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၅

တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့်မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံတွင် သြဂုတ်(၃)ရက် နံနက်(၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပသည်။

အခမ်းအနားတွင် ဆရာတော်၊ သံဃာတော်များ၊ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့််ပရိတ်သတ်တို့က နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး၊ နိုင်ငံတော်သြဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မဌာနာစရိယ ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသအရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြ၍ ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တာ သုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်။

ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ် ဝန်ကြီးများ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်း နှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ ရှမ်းပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ တောင်ကြီးမြို့ မူလမင်းကွန်းကျောင်းတိုက် ပဓာနနာယကဆရာတော်ဘဒ္ဒန္တပညာသိရီထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှ ပေးဝေကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများ၊ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူတို့က ဆရာတော်၊ သံဃာတော် ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေး၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ မြို့ပေါ်ကျောင်း(၉၉)ကျောင်းနှင့် သံဃာ(၉၉)ပါး၊ သင်္ကန်းဒွိစုံ(၁၁၆၉)စုံ လှူဒါန်းပေးခဲ့ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဂ်ဴဒိုၿပိဳင္ပြဲႏွင့္ တိုက္ကြမ္ဒိုအားကစားၿပိဳင္ပြဲ ဂုဏ္ျပဳဆုေငြ ခ်ီးျမႇင့္ေပးအပ္ပြဲက်င္းပ

ေတာင္ႀကီး ၾသဂုတ္   −   ၅

185

၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဂ်ဴဒိုၿပိဳင္ပြဲႏွင့္ တိုက္ကြမ္ဒိုအားကစားၿပိဳင္ပြဲမ်ားတြင္ ေအာင္ျမင္မႈရရွိခဲ့ေသာ အုပ္ခ်ဴပ္သူ၊ နည္းျပ၊ အားကစားမ်ားကို ဂုဏ္ျပဳဆုေငြခ်ီးျမႇင့္ေပးအပ္ပြဲကို ဩဂုတ္(၄)ရက္ ည(၇)နာရီက ေတာင္ႀကီးၿမိဳ႕ ေက်ာင္းႀကီးစုရပ္ကြက္ရွိ Treasure Palace Hotel ခန္းမ၌က်င္းပရာ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လူမႈေရးဝန္ႀကီး၊ ရွမ္းျပည္နယ္ အားကစားႏွင့္ကာယပညာေကာ္မတီဥကၠဌ ေဒါက္တာမ်ိဳးထြန္းက အဖြင့္အမွာစကားေျပာၾကားၿပီး၊ ဆုဖလားကို လက္ခံရယူကာ ဂုဏ္ျပဳဆုေငြမ်ား ခ်ီးျမႇင့္ေပးအပ္သည္။

ဆက္လက္၍ ၿပိဳင္ပြဲဝင္အားကစားသမားမ်ားကိုယ္စား အားကစားသမားတစ္ဦးက ၿပိဳင္ပြဲတြင္ ေတြ႕ႀကဳံရသည့္ အခက္အခဲမ်ားႏွင့္ ေက်းဇူးတင္စကားေျပာၾကားသည္။ အဆိုပါဂုဏ္ျပဳပြဲတြင္ ဂ်ဴဒိုအသင္းအတြက္ ခ်ီးျမႇင့္ေငြ(၂၁)သိန္း၊ တိုက္ကြမ္ဒိုအသင္းအတြက္ ခ်ီးျမႇင့္ေငြ(၁၅)သိန္းတို႔ကို ဂုဏ္ျပဳခ်ီးျမႇင့္ေပးအပ္ၿပီး၊ အုပ္ခ်ဳပ္သူ၊ နည္းျပမ်ားႏွင္ ၿပိဳင္ပြဲအားကစား သမားမ်ားႏွင့္ ဂုဏ္ျပဳညစာအတူသုံးေဆာင္ခဲ့ေၾကာင္း သိရသည္။ 

ရွမ္းျပည္နယ္အေနျဖင့္ ၂၀၁၉ခုႏွစ္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ ေသနတ္ပစ္ၿပိဳင္ပြဲတြင္ ရွမ္းျပည္နယ္အသင္းမွ ေ႐ႊ(၅)၊ ေငြ(၁)၊ ေၾကး(၂)ရရွိကာ တံခြန္စိုက္ဖလားတို႔ကို ရွမ္းျပည္နယ္အတြက္ ရရွိေအာင္ဆြတ္ခူးေပးခဲ့ေသာ ေသနတ္ပစ္ၿပိဳင္ပြဲဝင္ အသင္းမ်ားအား ဂုဏ္ျပဳဆုေငြခ်ီးျမႇင့္ျခင္းႏွင့္ ဂုဏ္ျပဳညစာ၊ စားပြဲကိုလည္း က်င္းပေပးခဲ့ေၾကာင္းသိရသည္။

အစရ(ရွမ္း)

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲ ဂုဏ်ပြုဆုငွေ ချီးမြှင့်ပေးအပ်ပွဲကျင်းပ

တောင်ကြီး သြဂုတ်   −   ၅

၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲနှင့် တိုက်ကွမ်ဒိုအားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိခဲ့သော အုပ်ချူပ်သူ၊ နည်းပြ၊ အားကစားများကို ဂုဏ်ပြုဆုငွေချီးမြှင့်ပေးအပ်ပွဲကို ဩဂုတ်(၄)ရက် ည(၇)နာရီက တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက်ရှိ Treasure Palace Hotel ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး၊ ရှမ်းပြည်နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဌ ဒေါက်တာမျိုးထွန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ဆုဖလားကို လက်ခံရယူကာ ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ဆက်လက်၍ ပြိုင်ပွဲဝင်အားကစားသမားများကိုယ်စား အားကစားသမားတစ်ဦးက ပြိုင်ပွဲတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့် ကျေးဇူးတင်စကားပြောကြားသည်။ အဆိုပါဂုဏ်ပြုပွဲတွင် ဂျူဒိုအသင်းအတွက် ချီးမြှင့်ငွေ(၂၁)သိန်း၊ တိုက်ကွမ်ဒိုအသင်းအတွက် ချီးမြှင့်ငွေ(၁၅)သိန်းတို့ကို ဂုဏ်ပြုချီးမြှင့်ပေးအပ်ပြီး၊ အုပ်ချုပ်သူ၊ နည်းပြများနှင် ပြိုင်ပွဲအားကစား သမားများနှင့် ဂုဏ်ပြုညစာအတူသုံးဆောင်ခဲ့ကြောင်း သိရသည်။ 

ရှမ်းပြည်နယ်အနေဖြင့် ၂၀၁၉ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် သေနတ်ပစ်ပြိုင်ပွဲတွင် ရှမ်းပြည်နယ်အသင်းမှ ရွှေ(၅)၊ ငွေ(၁)၊ ကြေး(၂)ရရှိကာ တံခွန်စိုက်ဖလားတို့ကို ရှမ်းပြည်နယ်အတွက် ရရှိအောင်ဆွတ်ခူးပေးခဲ့သော သေနတ်ပစ်ပြိုင်ပွဲဝင် အသင်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုညစာ၊ စားပွဲကိုလည်း ကျင်းပပေးခဲ့ကြောင်းသိရသည်။

အစရ(ရှမ်း)

 

ေတာင္ႀကီးၿမိဳ႕ ေရွာင္လမ္းေဖာက္လုပ္မည့္ေနရာသို႔ ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး ၾသဂုတ္   −    ၂

184

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႕အတြင္းေရးမႉး၊ သက္ဆိုင္ရာျပည္နယ္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားႏွင့္အတူ ၾသဂုတ္(၁)ရက္ ညေန(၄)နာရီက ေတာင္ႀကီးၿမိဳ႕ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းလမ္းမွ ေတာင္ႀကီးတကၠသိုလ္ေက်ာင္းေရွ႕လမ္းႏွင့္ အေနာက္ၿမိဳ႕ပတ္လမ္းထိ ACလမ္း(၄၈−၆၀)ေပ၊ လမ္းတိုးခ်ဲ႕ ျပဳျပင္ေနမႈႏွင့္ ေရစီးေရလာေကာင္းမြန္ေရးအတြက္ ေရႏုတ္ေျမာင္းျပဳျပင္ေနမႈကို ကြင္းဆင္းၾကည့္႐ႈ၍ လိုအပ္သည္မ်ားကို မွာၾကားခဲ့သည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔သည္ ေတာင္ႀကီးၿမိဳ႕ ေရွာင္လမ္း ေဖာက္လုပ္မည့္ လင္ကြင္းရွာမွ ထီရီး(ေမြးျမဴေရးဇုန္) ၂/၀မိုင္ ေျမသားလမ္း၊ ဝႆာန္အားမာန္ကုမၸဏီမွလည္းေကာင္း၊ လင္ကြင္း−လင္ငယ္လမ္းဆုံမွ လင္ကြင္း႐ြာ ၂/၀မိုင္ ေျမသားလမ္း၊ လင္ကြင္း႐ြာမွ ထီရီး(ေမြးျမဴေရးဇုန္) ၀/၆မိုင္ ေျမသားလမ္း တို႔ကို DHK Co,Ltd တို႔မွ တာဝန္ယူေဆာင္႐ြက္ၿပီး၊ ၫိုမီး႐ြာအဝင္လမ္းဆုံမွ (၄)မိုင္ေကြ႕ထိ ၄/၆မိုင္ ေျမသားလမ္း၊ လင္ကြင္း− လင္ငယ္လမ္းဆုံမွ ၫိုမီး႐ြာအဝင္လမ္းဆုံ ၂/၀မိုင္ ေျမသားလမ္း၊ ျပည္နယ္လမ္းဦးစီးဌာနမွ ေဆာင္႐ြက္သြားမည္ျဖစ္ၿပီး လမ္းအက်ယ္မွာ ၆၀−၁၀၀ေပအထိႏွင့္ ကုန္က်မႈက်ပ္သန္း(၂၃၈.၉၄)ျဖစ္ေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့ ရှောင်လမ်းဖောက်လုပ်မည့်နေရာသို့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှု

တောင်ကြီး သြဂုတ်   −    ၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ သက်ဆိုင်ရာပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သြဂုတ်(၁)ရက် ညနေ(၄)နာရီက တောင်ကြီးမြို့ ဗိုလ်ချုပ် အောင်ဆန်းလမ်းမှ တောင်ကြီးတက္ကသိုလ်ကျောင်းရှေ့လမ်းနှင့် အနောက်မြို့ပတ်လမ်းထိ ACလမ်း(၄၈−၆၀)ပေ၊ လမ်းတိုးချဲ့ ပြုပြင်နေမှုနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ရေနုတ်မြောင်းပြုပြင်နေမှုကို ကွင်းဆင်းကြည့်ရှု၍ လိုအပ်သည်များကို မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် တောင်ကြီးမြို့ ရှောင်လမ်း ဖောက်လုပ်မည့် လင်ကွင်းရှာမှ ထီရီး(မွေးမြူရေးဇုန်) ၂/၀မိုင် မြေသားလမ်း၊ ဝဿာန်အားမာန်ကုမ္ပဏီမှလည်းကောင်း၊ လင်ကွင်း−လင်ငယ်လမ်းဆုံမှ လင်ကွင်းရွာ ၂/၀မိုင် မြေသားလမ်း၊ လင်ကွင်းရွာမှ ထီရီး(မွေးမြူရေးဇုန်) ၀/၆မိုင် မြေသားလမ်း တို့ကို DHK Co,Ltd တို့မှ တာဝန်ယူဆောင်ရွက်ပြီး၊ ညိုမီးရွာအဝင်လမ်းဆုံမှ (၄)မိုင်ကွေ့ထိ ၄/၆မိုင် မြေသားလမ်း၊ လင်ကွင်း− လင်ငယ်လမ်းဆုံမှ ညိုမီးရွာအဝင်လမ်းဆုံ ၂/၀မိုင် မြေသားလမ်း၊ ပြည်နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်သွားမည်ဖြစ်ပြီး လမ်းအကျယ်မှာ ၆၀−၁၀၀ပေအထိနှင့် ကုန်ကျမှုကျပ်သန်း(၂၃၈.၉၄)ဖြစ်ကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

waaရှမ်းပြည်နယ်(မြောက်ပိုင်း) ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ ပန်ဆန်းနှင့် မက်မန်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 82 guests and no members online