Articles

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲက်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၆

223

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ဖလား ၿမိဳ႕နယ္အလိုက္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲကို စက္တင္ဘာ(၁၆)ရက္ ညေန(၃)နာရီက ေတာင္ႀကီးၿမိဳ႕ ျပည္နယ္အားကစားကြင္း၌က်င္းပသည္။

ၿပိဳင္ပြဲဝင္အသင္းမ်ားမွ အားကစားသမားမ်ားက ကြင္းအတြင္းေနရာယူ၍ စစ္ေရးျပမႉးမွဦးေဆာင္ကာ ျပည္နယ္ ဝန္ႀကီးခ်ဳပ္အား အေလးျပဳၾကၿပီး၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အဖြင့္အမွာစကားေျပာၾကားရာတြင္ အသက္ (၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲမွတစ္ဆင့္ ရွမ္းျပည္နယ္အတြက္ ထူးခၽြန္ထက္ျမက္သည့္ လက္ေ႐ြးစင္အားကစားသမားမ်ား ကိုေ႐ြးခ်ယ္ၿပီး ေနျပည္ေတာ္တြင္ ၂၀၁၉ခုႏွစ္ ေအာက္တိုဘာလ(၁)ရက္ေန႔မွ (၃)ရက္ေန႔ထိ က်င္းပမည့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲသို႔ ရွမ္းျပည္နယ္ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကမည္ျဖစ္ေၾကာင္း၊ မိမိ တို႔ႏိုင္ငံေတာ္တြင္ ျမန္မာ့အားကစားႏိုင္ငံတကာအဆင့္မီ တက္လွမ္းႏိုင္ရန္ရည္႐ြယ္ၿပီး စီမံကိန္းမ်ားခ်မွတ္အေကာင္အထည္ ေဖာ္ေဆာင္႐ြက္လ်က္ရွိရာ မ်ိဳးဆက္သစ္လူငယ္ အားကစားသမားမ်ား စုေဆာင္းရရွိေရးသည္ အဓိကအေရးအႀကီးဆုံးျဖစ္ပါ ေၾကာင္းႏွင့္ အသက္(၁၈)ႏွစ္ေအာက္ ေျပးခုန္ပစ္ၿပိဳင္ပြဲမွ ရွမ္းျပည္နယ္အတြက္ ထူးခၽြန္ထက္ျမက္သည့္ အားကစားသမား ေကာင္းမ်ားေပၚထြက္လာမည္ဟု ယုံၾကည္ပါေၾကာင္း၊ ၿမိဳ႕နယ္ကိုယ္စားျပဳ ဝင္ေရာက္ယွဥ္ၿပိဳင္ၾကသည့္ အားကစားသမားမ်ား အေနျဖင့္ ၿမိဳ႕နယ္၊ ခ႐ိုင္၊ ျပည္နယ္၊ ႏိုင္ငံဂုဏ္၊ အမ်ိဳးသားေရးဂုဏ္မ်ား ျမႇင့္တင္ႏိုင္ေအာင္ “ေလွခြက္ႀကီးက်န္၊ အလံမလွဲ” စြမ္းစြမ္းတမံ ၿပိဳင္ပြဲဝင္သြားၾကရန္ မွာၾကားလိုေၾကာင္း ေျပာၾကားသြားသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတို႔က ၿပိဳင္ပြဲဝင္ အားကစားသမားမ်ားအား လိုက္လံႏႈတ္ဆက္ၾကၿပီး၊ ၿပိဳင္ပြဲမ်ားစတင္ ယွဥ္ၿပိဳင္ေနသည့္ အမ်ိဳးသား၊ အမ်ိဳးသမီးမီတာ(၁၀၀×၄) လက္ဆင့္ကမ္းၿပိဳင္ပြဲ၊ အမ်ိဳးသား၊ အမ်ိဳးသမီးမီတာ(၄၀၀)ၿပိဳင္ပြဲ၊ ယွဥ္ၿပိဳင္ေနမႈကို ၾကည့္႐ႈအားေပးၾက၍ ဆုေပးပြဲခ်ီးျမႇင့္ရာ အမ်ိဳးသားမီတာ(၁၀၀×၄) လက္ဆင့္ကမ္းၿပိဳင္ပြဲတြင္ ပထမဆုရရွိေသာ မဘိမ္းၿမိဳ႕နယ္အသင္း၊ ဒုတိယဆုရရွိေသာ နမ့္ခမ္း ၿမိဳ႕နယ္အသင္း၊ တတိယဆုရရွိေသာ ေညာင္ေ႐ႊၿမိဳ႕နယ္အသင္းတို႔ကို တစ္ဦးခ်င္းဆုတံဆိပ္အား ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာ လင္းထြဋ္ကေပးအပ္ကာ ေငြသားဆုမ်ားကို ျပည္နယ္လူမႈေရးဝန္ႀကီးေဒါက္တာမ်ိဳးထြန္းႏွင့္ မဘိမ္းၿမိဳ႕နယ္၊ ေညာင္ေ႐ႊၿမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္မ်ားတို႔မွ အသီးသီးဆုမ်ားေပးအပ္ခ်ီးျမႇင့္ၾကေၾကာင္း သိရွှိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

၀၉−၂၅၀၁၃၂၉၄၃

unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၆

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်အလိုက် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲကို စက်တင်ဘာ(၁၆)ရက် ညနေ(၃)နာရီက တောင်ကြီးမြို့ ပြည်နယ်အားကစားကွင်း၌ကျင်းပသည်။

ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက ကွင်းအတွင်းနေရာယူ၍ စစ်ရေးပြမှူးမှဦးဆောင်ကာ ပြည်နယ် ဝန်ကြီးချုပ်အား အလေးပြုကြပြီး၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အဖွင့်အမှာစကားပြောကြားရာတွင် အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှတစ်ဆင့် ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် လက်ရွေးစင်အားကစားသမားများ ကိုရွေးချယ်ပြီး နေပြည်တော်တွင် ၂၀၁၉ခုနှစ် အောက်တိုဘာလ(၁)ရက်နေ့မှ (၃)ရက်နေ့ထိ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲသို့ ရှမ်းပြည်နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ မိမိ တို့နိုင်ငံတော်တွင် မြန်မာ့အားကစားနိုင်ငံတကာအဆင့်မီ တက်လှမ်းနိုင်ရန်ရည်ရွယ်ပြီး စီမံကိန်းများချမှတ်အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိရာ မျိုးဆက်သစ်လူငယ် အားကစားသမားများ စုဆောင်းရရှိရေးသည် အဓိကအရေးအကြီးဆုံးဖြစ်ပါ ကြောင်းနှင့် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲမှ ရှမ်းပြည်နယ်အတွက် ထူးချွန်ထက်မြက်သည့် အားကစားသမား ကောင်းများပေါ်ထွက်လာမည်ဟု ယုံကြည်ပါကြောင်း၊ မြို့နယ်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ကြသည့် အားကစားသမားများ အနေဖြင့် မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ နိုင်ငံဂုဏ်၊ အမျိုးသားရေးဂုဏ်များ မြှင့်တင်နိုင်အောင် “လှေခွက်ကြီးကျန်၊ အလံမလှဲ” စွမ်းစွမ်းတမံ ပြိုင်ပွဲဝင်သွားကြရန် မှာကြားလိုကြောင်း ပြောကြားသွားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့က ပြိုင်ပွဲဝင် အားကစားသမားများအား လိုက်လံနှုတ်ဆက်ကြပြီး၊ ပြိုင်ပွဲများစတင် ယှဉ်ပြိုင်နေသည့် အမျိုးသား၊ အမျိုးသမီးမီတာ(၁၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ အမျိုးသား၊ အမျိုးသမီးမီတာ(၄၀၀)ပြိုင်ပွဲ၊ ယှဉ်ပြိုင်နေမှုကို ကြည့်ရှုအားပေးကြ၍ ဆုပေးပွဲချီးမြှင့်ရာ အမျိုးသားမီတာ(၁၀၀×၄) လက်ဆင့်ကမ်းပြိုင်ပွဲတွင် ပထမဆုရရှိသော မဘိမ်းမြို့နယ်အသင်း၊ ဒုတိယဆုရရှိသော နမ့်ခမ်း မြို့နယ်အသင်း၊ တတိယဆုရရှိသော ညောင်ရွှေမြို့နယ်အသင်းတို့ကို တစ်ဦးချင်းဆုတံဆိပ်အား ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာ လင်းထွဋ်ကပေးအပ်ကာ ငွေသားဆုများကို ပြည်နယ်လူမှုရေးဝန်ကြီးဒေါက်တာမျိုးထွန်းနှင့် မဘိမ်းမြို့နယ်၊ ညောင်ရွှေမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များတို့မှ အသီးသီးဆုများပေးအပ်ချီးမြှင့်ကြကြောင်း သိရှှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

၀၉−၂၅၀၁၃၂၉၄၃

 

ေတာင္ႀကီးၿမိဳ႕၌ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၆

222

၂၀၁၉ ခုႏွစ္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ အထိမ္းအမွတ္အခမ္းအနားကို စက္တင္ဘာ(၁၆)ရက္ နံနက္(၉)နာရီခြဲ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမ၌ က်င္းပသည္။

ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က ၂၀၁၉ ခုႏွစ္အတြက္ ကမၻာ့အိုဇုန္းလႊာထိန္းသိမ္းေရးေန႔ေဆာင္ပုဒ္မွာ “32 Years and Healing” ျမန္မာဘာသာျဖင့္ “၃၂ႏွစ္ၾကာေအာင္ျမင္မႈ အိုဇုန္းလႊာကသက္ေသျပဳ” ျဖစ္ပါေၾကာင္း၊ ၁၉၈၅ ခုႏွစ္တြင္ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ ဗီယင္နာကြန္ဗင္းရွင္းကို ခ်မွတ္ႏိုင္ခဲ့ၿပီး၊ ၁၉၈၇ ခုႏွစ္တြင္ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားဆိုင္ ရာမြန္ထရီယယ္ ေနာက္ဆက္တြဲစာခ်ဳပ္ကို ထပ္မံခ်ဳပ္ဆိုႏိုင္ခဲ့၍ စာခ်ဳပ္တြင္ ျမန္မာႏိုင္ငံအပါအဝင္ အဖြဲ႕ဝင္ႏိုင္ငံေပါင္း(၁၉၇) ႏိုင္ငံက လက္မွတ္ေရးထိုးကာ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိပါေၾကာင္း၊ မြန္ထရီယယ္သေဘာတူညီခ်က္မွာပါဝင္ သည့္အဖြဲ႕ဝင္ႏိုင္ငံမ်ားအေနျဖင့္ အိုဇုန္းလႊာပ်က္စီးေစေသာ ဓာတုပစၥည္းမ်ား၏၉၉%ကို ေလၽွာ႔ခ်ႏိုင္ေရးေဆာင္႐ြက္ရာတြင္ အဓိကလိုက္နာရမည့္ ကတိကဝတ္(၃)ခုရွိပါေၾကာင္း၊ အိုဇုန္းလႊာပ်က္စီးေစသည့္ ပစၥည္းမ်ားအသုံးျပဳမႈ ရပ္တန္႔ျခင္းႏွင့္ ဖ်က္သိမ္းျခင္း၊ ထုတ္လုပ္မႈႏွင့္သုံးစြဲေနမႈမ်ား ထိန္းခ်ဳပ္ ေရးနည္းလမ္းမ်ားကို အေကာင္အထည္ေဖာ္ေဆာင္႐ြက္ျခင္း၊ ထုတ္လုပ္ အသုံးျပဳမႈႏွင့္ပတ္သက္သည့္ အခ်က္အလက္မ်ားကို ႏွစ္စဥ္အစီရင္ခံရန္တို႔ျဖစ္ပါေၾကာင္း၊ ျပည္သူလူထုအေနျဖင့္ အိုဇုန္းလႊာ ပ်က္စီးေစသည့္ ျဒပ္ပစၥည္းမ်ားကို သုံးစြဲမည့္အစား အိုဇုန္းလႊာကိုမထိခိုက္ေစေသာ ပစၥည္းမ်ားကို အစားထိုးသုံးစြဲျခင္းႏွင့္ ေလၽွာ႔ခ်သုံးစြဲျခင္းအားျဖင့္ ကမၻာ့အပူခ်ိန္ကိုေလ်ာ့က်ေစရန္ ပူးေပါင္းပါဝင္ေဆာင္႐ြက္သြားၾကရန္ လိုအပ္ပါေၾကာင္း ေျပာၾကား သြားသည္။

ဆက္လက္၍ ရွမ္းျပည္နယ္ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ ဉာဏ္စမ္းအေျဖလႊာမ်ား ျပန္လည္လက္ခံ သိမ္းဆည္းၿပီး၊ အိုဇုန္းလႊာကာကြယ္ေရးဆိုင္ရာ အသိပညာေပးဗီဒီယိုျပသကာ အိုဇုန္းလႊာထိန္းသိမ္းေရးႏွင့္ သက္ဆိုင္ေသာ ပတ္ဝန္းက်င္ဆိုင္ရာဉာဏ္စမ္းပေဟဠိအေျဖမ်ားျပသ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္ႏွင့္ဇနီး ေဒၚနန္းေ႐ႊျမင့္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္တာဝန္ရွိသူတို႔က ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တောင်ကြီးမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၆

၂၀၁၉ ခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို စက်တင်ဘာ(၁၆)ရက် နံနက်(၉)နာရီခွဲ ကတောင်ကြီးမြို့ မြို့တော်ခန်းမ၌ ကျင်းပသည်။

ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဆောင်ပုဒ်မှာ “32 Years and Healing” မြန်မာဘာသာဖြင့် “၃၂နှစ်ကြာအောင်မြင်မှု အိုဇုန်းလွှာကသက်သေပြု” ဖြစ်ပါကြောင်း၊ ၁၉၈၅ ခုနှစ်တွင် အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်းကို ချမှတ်နိုင်ခဲ့ပြီး၊ ၁၉၈၇ ခုနှစ်တွင် ပျက်စီးစေသည့် ဒြပ်ပစ္စည်းများဆိုင် ရာမွန်ထရီယယ် နောက်ဆက်တွဲစာချုပ်ကို ထပ်မံချုပ်ဆိုနိုင်ခဲ့၍ စာချုပ်တွင် မြန်မာနိုင်ငံအပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း(၁၉၇) နိုင်ငံက လက်မှတ်ရေးထိုးကာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မွန်ထရီယယ်သဘောတူညီချက်မှာပါဝင် သည့်အဖွဲ့ဝင်နိုင်ငံများအနေဖြင့် အိုဇုန်းလွှာပျက်စီးစေသော ဓာတုပစ္စည်းများ၏၉၉%ကို လျှော့ချနိုင်ရေးဆောင်ရွက်ရာတွင် အဓိကလိုက်နာရမည့် ကတိကဝတ်(၃)ခုရှိပါကြောင်း၊ အိုဇုန်းလွှာပျက်စီးစေသည့် ပစ္စည်းများအသုံးပြုမှု ရပ်တန့်ခြင်းနှင့် ဖျက်သိမ်းခြင်း၊ ထုတ်လုပ်မှုနှင့်သုံးစွဲနေမှုများ ထိန်းချုပ် ရေးနည်းလမ်းများကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း၊ ထုတ်လုပ် အသုံးပြုမှုနှင့်ပတ်သက်သည့် အချက်အလက်များကို နှစ်စဉ်အစီရင်ခံရန်တို့ဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေဖြင့် အိုဇုန်းလွှာ ပျက်စီးစေသည့် ဒြပ်ပစ္စည်းများကို သုံးစွဲမည့်အစား အိုဇုန်းလွှာကိုမထိခိုက်စေသော ပစ္စည်းများကို အစားထိုးသုံးစွဲခြင်းနှင့် လျှော့ချသုံးစွဲခြင်းအားဖြင့် ကမ္ဘာ့အပူချိန်ကိုလျော့ကျစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း ပြောကြား သွားသည်။

ဆက်လက်၍ ရှမ်းပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဉာဏ်စမ်းအဖြေလွှာများ ပြန်လည်လက်ခံ သိမ်းဆည်းပြီး၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသကာ အိုဇုန်းလွှာထိန်းသိမ်းရေးနှင့် သက်ဆိုင်သော ပတ်ဝန်းကျင်ဆိုင်ရာဉာဏ်စမ်းပဟေဠိအဖြေများပြသ၍ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်နှင့်ဇနီး ဒေါ်နန်းရွှေမြင့်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့က ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှုကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာအား ျပန္လည္ျပင္ဆင္ေနမႈကို ကြင္းဆင္းၾကည့္႐ႈ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

220

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕မရပ္ကြက္၊ နယ္ေျမ(၃) အေနာက္ၿမိဳ႕ပတ္ လမ္းရွိ ကုန္းသာပရိယတၱိ စာသင္တိုက္ ေက်ာင္းေျမအတြင္းမွ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းခဲ့ရာ ေက်ာင္းေအာက္ေျခအနိမ့္ ပိုင္းရွိေတာင္၊ ေျမာက္ အလ်ား(၁၅၀) ေပခန္႔ ေျမသားမ်ား တျဖည္းျဖည္းၿပိဳဆင္းခဲ့ရာ ၎ေနရာသို႔ ေျမမ်ားျပန္လည္ဆည္ယူ ျပဳျပင္ေနမႈ ႏွင့္ သစ္ေတာရပ္ကြက္၊ အိမ္အမွတ္(၁၇၈)၊ ဟိန္းထက္ႏိုင္ေဘာ္ဒါေဆာင္ ေနာက္ေက်ာရွိ ေျမသား မ်ား ၿပိဳက်ေနမႈတို႔ကို ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ား စက္တင္ဘာ ၁၂ ရက္ ညေန ၄ နာရီက ကြင္းဆင္းၾကည့္႐ႈ စစ္ေဆးၾကေၾကာင္းသိရသည္။

အဆိုပါ မိုးသည္းထန္႐ြာသြန္းမႈေၾကာင့္ ေျမသားမ်ားနိမ့္က်ၿပိဳဆင္းသည့္ေနရာ၌ ေျမသားမ်ား ဆည္ယူရာတြင္ ဘက္ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္လမ္းပန္း ဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြးမွ ဦးေဆာင္၍ ေဆာက္လုပ္ေရးႏွင့္ လမ္းဦးစီးဌာန၊ စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ ဆည္ေျမာင္းဝန္ႀကီးဌာနတို႔မွ ဝန္ထမ္းမ်ားပူးေပါင္း၍ အႏၲရာယ္ကင္းရွင္းေရးႏွင့္ လုပ္ငန္းမ်ားေအာင္ျမင္စြာအျမန္ဆုံးၿပီးစီးႏိုင္ရန္ ေဆာင္႐ြက္ေနၾကေၾကာင္းသိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာအား ပြန်လည်ပြင်ဆင်နေမှုကို ကွင်းဆင်းကြည့်ရှု

တောင်ကြီး စက်တင်ဘာ   −   ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ မြို့မရပ်ကွက်၊ နယ်မြေ(၃) အနောက်မြို့ပတ် လမ်းရှိ ကုန်းသာပရိယတ္တိ စာသင်တိုက် ကျောင်းမြေအတွင်းမှ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းခဲ့ရာ ကျောင်းအောက်ခြေအနိမ့် ပိုင်းရှိတောင်၊ မြောက် အလျား(၁၅၀) ပေခန့် မြေသားများ တဖြည်းဖြည်းပြိုဆင်းခဲ့ရာ ၎င်းနေရာသို့ မြေများပြန်လည်ဆည်ယူ ပြုပြင်နေမှု နှင့် သစ်တောရပ်ကွက်၊ အိမ်အမှတ်(၁၇၈)၊ ဟိန်းထက်နိုင်ဘော်ဒါဆောင် နောက်ကျောရှိ မြေသား များ ပြိုကျနေမှုတို့ကို ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများ စက်တင်ဘာ ၁၂ ရက် ညနေ ၄ နာရီက ကွင်းဆင်းကြည့်ရှု စစ်ဆေးကြကြောင်းသိရသည်။

အဆိုပါ မိုးသည်းထန်ရွာသွန်းမှုကြောင့် မြေသားများနိမ့်ကျပြိုဆင်းသည့်နေရာ၌ မြေသားများ ဆည်ယူရာတွင် ဘက်ဟိုး (၄)စီး၊ ဘူဒိုဇာ(၂)စီး ဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေးမှ ဦးဆောင်၍ ဆောက်လုပ်ရေးနှင့် လမ်းဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ ဝန်ထမ်းများပူးပေါင်း၍ အန္တရာယ်ကင်းရှင်းရေးနှင့် လုပ်ငန်းများအောင်မြင်စွာအမြန်ဆုံးပြီးစီးနိုင်ရန် ဆောင်ရွက်နေကြကြောင်းသိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေတာင္ႀကီးၿမိဳ႕၌က်င္းပ

ေတာင္ႀကီး စက္တင္ဘာ   −   ၁၃

219

ျမန္မာႏိုင္ငံအေနျဖင့္ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒကို ၂၀၀၅ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ ျပဌာန္းခဲ့ၿပီး ဥပေဒျပဌာန္းခဲ့သည့္ စက္တင္ဘာလ(၁၃)ရက္ကို ျမန္မာႏိုင္ငံ၏ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔အျဖစ္ ၂၀၁၃ ခုႏွစ္ ကသတ္မွတ္က်င္းပလာခဲ့ရာ ယခုဆိုလၽွင္ သတၱမအႀကိမ္ေျမာက္ရွိခဲ့ၿပီျဖစ္၍ ယေန႔စက္တင္ဘာလ(၁၃)ရက္ေန႔ နံနက္(၉)နာရီ ကေတာင္ႀကီးၿမိဳ႕ ၿမိဳ႕ေတာ္ခန္းမတြင္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံ လူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ က်င္းပေၾကာင္းသိရ သည္။

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ေဒါက္တာလင္းထြဋ္က လူကုန္ကူးမႈျပႆနာသည္ လူသားအခ်င္းခ်င္း စာနာမႈကင္းမဲ့စြာျဖင့္ ေခါင္းပုံျဖတ္အျမတ္ထုတ္သည့္ လူ႕အခြင့္အေရးခ်ိဳးေဖာက္မႈတစ္ခုျဖစ္ပါေၾကာင္း၊ လူကုန္ကူးမႈမ်ားသည္ ပုံသ႑ာန္၊ နည္းလမ္း မ်ိဳးစုံႏွင့္ ကမၻာ့ေနရာအႏွံ႔အျပားတြင္ ျဖစ္ပြားလ်က္ရွိၿပီး တစ္ကမၻာလုံးအတိုင္းအတာအေနျဖင့္ လူကုန္ကူးမႈ၏ ဒဏ္ခံေနရသည္ ကိုေတြ႕ရွိရပါေၾကာင္း၊ ႏိုင္ငံအလိုက္ ဆင္းရဲ၊ ခ်မ္းသာ ကြာဟမႈအေပၚမူတည္၍ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈ ေနာက္က်သည့္ ႏိုင္ငံမ်ားသည္ လူကုန္ကူးမႈ၏ဆိုးက်ိဳးမ်ားကို ပိုခံစားေနရသည္ကို ေတြ႕ရွိရပါေၾကာင္း၊ အသက္အ႐ြယ္အလိုက္ လူကုန္ကူးခံရ သူအမ်ိဳးအစားကို ၾကည့္မည္ဆိုပါက အမ်ိဳးသား၂၉%၊ အမ်ိဳးသမီး၄၈%၊ ကေလးသူငယ္အမ်ိဳးသား၄%၊ အမ်ိဳးသမီး၁၉% ပါဝင္ ေၾကာင္းေဖာ္ျပထားသည္ကို ေတြ႕ရွိရပါေၾကာင္း၊ လူကုန္ကူးမႈအမ်ိဳးအစားမ်ားတြင္ လိင္ပိုင္းဆိုင္ရာ ေခါင္းပုံျဖတ္မႈ၆၀%၊ လုပ္အားေခါင္းပုံျဖတ္မႈ၃၈%၊ အျခားလူကုန္ကူးမႈ၂% ပါဝင္ေၾကာင္းႏွင့္ ျမန္မာႏိုင္ငံတြင္ျဖစ္ပြားခဲ့သည့္ လူကုန္ကူးမႈအမ်ိဳးအစား မ်ားမွာအဓမၼထိမ္းျမားလက္ထပ္ျခင္း၊ အဓမၼျပည့္တန္ဆာျပဳျခင္း၊ အဓမၼခိုင္းေစျခင္း၊ ကေလးသူငယ္လူကုန္ကူးျခင္း၊ ေႂကြးၿမီႏွင့္ ေႏွာင္ဖြဲ႕ခိုင္းေစျခင္းဆိုသည့္ ပုံစံ(၅)မ်ိဳးျဖစ္ပြားခဲ့သည္ကိုေလ့လာေတြ႕ရွိရပါေၾကာင္း၊ ၂၀၁၈ခုႏွစ္အတြင္း လူကုန္ကူးမႈျဖစ္ပြား ခဲ့သည့္ အဓမၼထိမ္းျမားလက္ထပ္မႈ၇၅.၂၄%၊ အဓမၼျပည့္တန္ဆာျပဳမႈ၁၃.၅၉%၊ အဓမၼအလုပ္ခိုင္းေစမႈ၈.၇၄%၊ အငွားကိုယ္ဝန္ ေဆာင္မႈ၁.၉၄%၊ အဓမၼေမြးစားမႈ၀.၄၉% ျဖစ္ပြားခဲ့ေၾကာင္းႏွင့္ ႏိုင္ငံအလိုက္ဦးတည္ျဖစ္ပြားမႈအေနျဖင့္ တ႐ုတ္ႏိုင္ငံ၇၉.၆၁%၊ ထိုင္းႏိုင္ငံ၁.၄၆%၊ ျပည္တြင္း၁၈.၉၃% ျဖစ္ပြားခဲ့ေၾကာင္း၊ ျမန္မာႏိုင္ငံ၏လူကုန္ကူးမႈမ်ား ေဖာ္ထုတ္အေရးယူမႈအေနျဖင့္ ဆဌမ အႀကိမ္လူကုန္ကူးမႈ တိုက္ဖ်က္ေရးေန႔ ၿပီးဆုံးသည့္အခ်ိန္ကစ၍ ယေန႔အခ်ိန္ထိ လူကုန္ကူးမႈ(၂၁၀)မႈ၊ လူကုန္ကူးသူ က်ား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုေပါင္း(၂၉၀)ဦး စိစစ္သတ္မွတ္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံက်ား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုေပါင္း(၄၈၆)ဦး တို႔ကိုထိေရာက္ဟန္႔တားေလာက္သည့္ ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ခဲ့ၿပီး၊ ရွမ္းျပည္နယ္အတြင္းတြင္ လူကုန္ကူးမႈ(၆၄)မႈ၊ လူကုန္ကူးသူ က်ား(၁)ဦး၊ မ(၉၄)ဦး၊ စုစုေပါင္း(၉၅)ဦး ကယ္တင္ႏိုင္ခဲ့ၿပီး လူကုန္ကူးသူတရားခံ က်ား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုေပါင္း(၁၉၆)ဦးတို႔ကို ထိေရာက္ျပစ္ဒဏ္ရရွိေရးေဆာင္႐ြက္ႏိုင္ခဲ့၍ လူကုန္ကူးမႈမ်ားကို စစ္ေဆးေဖာ္ထုတ္ရာတြင္ ျပစ္မႈ က်ဴးလြန္မႈမွရရွိသည့္ ေငြေၾကးပစၥည္းမ်ားကို ေငြေၾကးခဝါခ်မႈ တိုက္ဖ်က္ေရးဥပေဒအရ အေရးယူမႈမ်ား ပိုမိုထိေရာက္ေအာင္ ေဆာင္႐ြက္လ်က္ရွိပါေၾကာင္းႏွင့္ ၂၀၁၉ခုႏွစ္ သတၱမအႀကိမ္ေျမာက္ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရးေန႔ ေဆာင္ပုဒ္ ျဖစ္သည့္ “လူကုန္ကူးမႈအႏၲရာယ္ ဝိုင္းဝန္းပူးေပါင္းဒို႔ကာကြယ္” ဆိုသည့္ေဆာင္ပုဒ္ႏွင့္အညီ အားလုံးပူးေပါင္းပါဝင္ကူညီ ေဆာင္႐ြက္ေပးၾကရန္ ေျပာၾကားသြားသည္။

ဆက္လက္၍ ျမန္မာႏိုင္ငံလူကုန္ကူးမႈတိုက္ဖ်က္ေရး ႀကိဳးပမ္းေဆာင္႐ြက္မႈမ်ားအား (၁၀)မိနစ္စာေနာက္ခံစကားေျပာ ဗီဒီယိုေခြျပသကာ အမွတ္(၁)အေျခခံပညာအထက္တန္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူေလးမ်ားက “ယုံၾကည္ခ်က္သို႔ ေမၽွာလြင့္ရာ” လူကုန္ကူးမႈအသိပညာေပးဇာတ္လမ္း သ႐ုပ္ေဖာ္ျဖင့္တင္ဆက္ကျပ၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္ ႏွင့္ ျပည္နယ္လုံၿခဳံေရးႏွင့္နယ္စပ္ေရးရာဝန္ႀကီးဗိုလ္မႉးႀကီးလွဦးတို႔မွ သ႐ုပ္ေဖာ္တင္ဆက္ကျပသည့္ အဖြဲ႕ေခါင္းေဆာင္မ်ား အားအမွတ္တရလက္ေဆာင္ေပးအပ္ခ်ီးျမႇင့္ၿပီး၊ ခန္းမအတြင္းခင္းက်င္းျပသထားေသာျပခန္းမ်ားအား လွည့္လည္ၾကည့္႐ႈ အားေပးၾကေၾကာင္းသိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

Uni++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ တောင်ကြီးမြို့၌ကျင်းပ

တောင်ကြီး စက်တင်ဘာ   −   ၁၃

မြန်မာနိုင်ငံအနေဖြင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေကို ၂၀၀၅ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် ပြဌာန်းခဲ့ပြီး ဥပဒေပြဌာန်းခဲ့သည့် စက်တင်ဘာလ(၁၃)ရက်ကို မြန်မာနိုင်ငံ၏ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အဖြစ် ၂၀၁၃ ခုနှစ် ကသတ်မှတ်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် သတ္တမအကြိမ်မြောက်ရှိခဲ့ပြီဖြစ်၍ ယနေ့စက်တင်ဘာလ(၁၃)ရက်နေ့ နံနက်(၉)နာရီ ကတောင်ကြီးမြို့ မြို့တော်ခန်းမတွင် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ကျင်းပကြောင်းသိရ သည်။

ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာလင်းထွဋ်က လူကုန်ကူးမှုပြဿနာသည် လူသားအချင်းချင်း စာနာမှုကင်းမဲ့စွာဖြင့် ခေါင်းပုံဖြတ်အမြတ်ထုတ်သည့် လူ့အခွင့်အရေးချိုးဖောက်မှုတစ်ခုဖြစ်ပါကြောင်း၊ လူကုန်ကူးမှုများသည် ပုံသဏ္ဍာန်၊ နည်းလမ်း မျိုးစုံနှင့် ကမ္ဘာ့နေရာအနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးအတိုင်းအတာအနေဖြင့် လူကုန်ကူးမှု၏ ဒဏ်ခံနေရသည် ကိုတွေ့ရှိရပါကြောင်း၊ နိုင်ငံအလိုက် ဆင်းရဲ၊ ချမ်းသာ ကွာဟမှုအပေါ်မူတည်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ကျသည့် နိုင်ငံများသည် လူကုန်ကူးမှု၏ဆိုးကျိုးများကို ပိုခံစားနေရသည်ကို တွေ့ရှိရပါကြောင်း၊ အသက်အရွယ်အလိုက် လူကုန်ကူးခံရ သူအမျိုးအစားကို ကြည့်မည်ဆိုပါက အမျိုးသား၂၉%၊ အမျိုးသမီး၄၈%၊ ကလေးသူငယ်အမျိုးသား၄%၊ အမျိုးသမီး၁၉% ပါဝင် ကြောင်းဖော်ပြထားသည်ကို တွေ့ရှိရပါကြောင်း၊ လူကုန်ကူးမှုအမျိုးအစားများတွင် လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှု၆၀%၊ လုပ်အားခေါင်းပုံဖြတ်မှု၃၈%၊ အခြားလူကုန်ကူးမှု၂% ပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုအမျိုးအစား များမှာအဓမ္မထိမ်းမြားလက်ထပ်ခြင်း၊ အဓမ္မပြည့်တန်ဆာပြုခြင်း၊ အဓမ္မခိုင်းစေခြင်း၊ ကလေးသူငယ်လူကုန်ကူးခြင်း၊ ကြွေးမြီနှင့် နှောင်ဖွဲ့ခိုင်းစေခြင်းဆိုသည့် ပုံစံ(၅)မျိုးဖြစ်ပွားခဲ့သည်ကိုလေ့လာတွေ့ရှိရပါကြောင်း၊ ၂၀၁၈ခုနှစ်အတွင်း လူကုန်ကူးမှုဖြစ်ပွား ခဲ့သည့် အဓမ္မထိမ်းမြားလက်ထပ်မှု၇၅.၂၄%၊ အဓမ္မပြည့်တန်ဆာပြုမှု၁၃.၅၉%၊ အဓမ္မအလုပ်ခိုင်းစေမှု၈.၇၄%၊ အငှားကိုယ်ဝန် ဆောင်မှု၁.၉၄%၊ အဓမ္မမွေးစားမှု၀.၄၉% ဖြစ်ပွားခဲ့ကြောင်းနှင့် နိုင်ငံအလိုက်ဦးတည်ဖြစ်ပွားမှုအနေဖြင့် တရုတ်နိုင်ငံ၇၉.၆၁%၊ ထိုင်းနိုင်ငံ၁.၄၆%၊ ပြည်တွင်း၁၈.၉၃% ဖြစ်ပွားခဲ့ကြောင်း၊ မြန်မာနိုင်ငံ၏လူကုန်ကူးမှုများ ဖော်ထုတ်အရေးယူမှုအနေဖြင့် ဆဌမ အကြိမ်လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ ပြီးဆုံးသည့်အချိန်ကစ၍ ယနေ့အချိန်ထိ လူကုန်ကူးမှု(၂၁၀)မှု၊ လူကုန်ကူးသူ ကျား(၃၂) ဦး၊ မ(၂၅၈)ဦး၊ စုစုပေါင်း(၂၉၀)ဦး စိစစ်သတ်မှတ်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံကျား(၁၅၂)ဦး၊ မ(၃၃၄)ဦး၊ စုစုပေါင်း(၄၈၆)ဦး တို့ကိုထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေးဆောင်ရွက်ခဲ့ပြီး၊ ရှမ်းပြည်နယ်အတွင်းတွင် လူကုန်ကူးမှု(၆၄)မှု၊ လူကုန်ကူးသူ ကျား(၁)ဦး၊ မ(၉၄)ဦး၊ စုစုပေါင်း(၉၅)ဦး ကယ်တင်နိုင်ခဲ့ပြီး လူကုန်ကူးသူတရားခံ ကျား(၅၃)ဦး၊ မ(၁၄၃)ဦး၊ စုစုပေါင်း(၁၉၆)ဦးတို့ကို ထိရောက်ပြစ်ဒဏ်ရရှိရေးဆောင်ရွက်နိုင်ခဲ့၍ လူကုန်ကူးမှုများကို စစ်ဆေးဖော်ထုတ်ရာတွင် ပြစ်မှု ကျူးလွန်မှုမှရရှိသည့် ငွေကြေးပစ္စည်းများကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူမှုများ ပိုမိုထိရောက်အောင် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၂၀၁၉ခုနှစ် သတ္တမအကြိမ်မြောက် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဆောင်ပုဒ် ဖြစ်သည့် “လူကုန်ကူးမှုအန္တရာယ် ဝိုင်းဝန်းပူးပေါင်းဒို့ကာကွယ်” ဆိုသည့်ဆောင်ပုဒ်နှင့်အညီ အားလုံးပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေးကြရန် ပြောကြားသွားသည်။

ဆက်လက်၍ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေး ကြိုးပမ်းဆောင်ရွက်မှုများအား (၁၀)မိနစ်စာနောက်ခံစကားပြော ဗီဒီယိုခွေပြသကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက “ယုံကြည်ချက်သို့ မျှောလွင့်ရာ” လူကုန်ကူးမှုအသိပညာပေးဇာတ်လမ်း သရုပ်ဖော်ဖြင့်တင်ဆက်ကပြ၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် နှင့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးလှဦးတို့မှ သရုပ်ဖော်တင်ဆက်ကပြသည့် အဖွဲ့ခေါင်းဆောင်များ အားအမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ပြီး၊ ခန်းမအတွင်းခင်းကျင်းပြသထားသောပြခန်းများအား လှည့်လည်ကြည့်ရှု အားပေးကြကြောင်းသိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

 

09-250132943

 

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

tine-liရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံ၊  မိုင်းယောင်းနှင့် မိုင်းလားမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 51 guests and no members online

Latest Updates