Articles

တီက်စ္ေက်ာက္မီးေသြးသုံး ေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ ထိခိုက္မႈဆန္းစစ္ျခင္း အစီရင္ခံစာ အား အမ်ားျပည္သူဖတ္႐ႈ သုံးသပ္အႀကံျပဳႏိုင္ရန္ ေၾကျငာျခင္း။

ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္၊ တီက်စ္ေက်း႐ြာအုပ္စု၊ ျပင္သာေက်း႐ြာအနီးတြင္ တည္ရွိေသာ တီက်စ္ေက်ာက္မီးေသြးသုံးဓါတ္အားေပးစက္႐ုံႏွင့္ ပတ္သက္၍ ပတ္ဝန္းက်င္ထိခိုက္မႈဆန္းစစ္ျခင္းအစီရင္ခံစာအား အမ်ားျပည္သူ ဖတ္႐ႈေလ့လာ သုံးသပ္အႀကံျပဳႏိုင္ရန္အတြက္ အစီရင္ခံစာႏွင့္အတူ အမ်ားျပည္သူ၏ သုံးသပ္အႀကံျပဳခ်က္မ်ား ေရးသြင္းရန္ပုံစံကို ေအာက္ေဖာ္ျပပါေနရာမ်ားတြင္ ထားရွိၿပီးျဖစ္ပါသည္။

၁။ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ပင္ေလာင္းၿမိဳ႕နယ္

၂။ ၿမိဳ႕အုပ္ခ်ဳပ္ေရးမႉး႐ုံး၊ ေနာင္တရားၿမိဳ႕

၃။ တီက်စ္/ ဘန္းျပင္/ ဘုရားျဖဴ/ ျမင္းတြင္း ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး႐ုံးမ်ား

၄။ ျပည္သူ႕ဆက္ဆံေရး႐ုံး၊ တီက်စ္ေက်ာက္မီးေသြးသုံးေရေႏြးေငြ႕ဓါတ္အားေပးစက္႐ုံ

၅။ E Guard Enviromental Services ႐ုံး၊ အမွတ္(၁၁)၊ ေလဆိပ္ရိပ္သာလမ္း၊ (၁၀)မိုင္ကုန္း၊ အင္းစိတ္ၿမိဳ႕နယ္၊ ရန္ကုန္ၿမိဳ႕။

၆။ http://www.eguardservices.com/disclosure တြင္လည္း download ရယူႏိုင္ပါသည္။

 

မွတ္ခ်က္ ။ အႀကံျပဳခ်က္ပုံစံမ်ားအား အထက္ေဖာ္ျပပါေနရာမ်ားတြင္ ရယူႏိုင္ၿပီး ယခုေၾကျငာၿပီး   (၁၄)ရက္အတြင္း ေနာက္ဆုံးထား၍ သုံးသပ္အႀကံျပဳခ်က္မ်ားကို  အထက္ပါေနရာမ်ားသို႔ ေပးပို႔ႏိုင္ပါသည္။

ဆက္သြယ္ရန္ စက္႐ုံမႉး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ္စာ This email address is being protected from spambots. You need JavaScript enabled to view it.

Unicode++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

တီကျစ်ကျောက်မီးသွေးသုံး ရေနွေးငွေ့ဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှုဆန်းစစ်ခြင်း အစီရင်ခံစာ အား အများပြည်သူဖတ်ရှု သုံးသပ်အကြံပြုနိုင်ရန် ကြေငြာခြင်း။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ တီကျစ်ကျေးရွာအုပ်စု၊ ပြင်သာကျေးရွာအနီးတွင် တည်ရှိသော တီကျစ်ကျောက်မီးသွေးသုံးဓါတ်အားပေးစက်ရုံနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းအစီရင်ခံစာအား အများပြည်သူ ဖတ်ရှုလေ့လာ သုံးသပ်အကြံပြုနိုင်ရန်အတွက် အစီရင်ခံစာနှင့်အတူ အများပြည်သူ၏ သုံးသပ်အကြံပြုချက်များ ရေးသွင်းရန်ပုံစံကို အောက်ဖော်ပြပါနေရာများတွင် ထားရှိပြီးဖြစ်ပါသည်။

၁။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ပင်လောင်းမြို့နယ်

၂။ မြို့အုပ်ချုပ်ရေးမှူးရုံး၊ နောင်တရားမြို့

၃။ တီကျစ်/ ဘန်းပြင်/ ဘုရားဖြူ/ မြင်းတွင်း ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးများ

၄။ ပြည်သူ့ဆက်ဆံရေးရုံး၊ တီကျစ်ကျောက်မီးသွေးသုံးရေနွေးငွေ့ဓါတ်အားပေးစက်ရုံ

၅။ E Guard Enviromental Services ရုံး၊ အမှတ်(၁၁)၊ လေဆိပ်ရိပ်သာလမ်း၊ (၁၀)မိုင်ကုန်း၊ အင်းစိတ်မြို့နယ်၊ ရန်ကုန်မြို့။

၆။ http://www.eguardservices.com/disclosure တွင်လည်း download ရယူနိုင်ပါသည်။

 

မှတ်ချက် ။ အကြံပြုချက်ပုံစံများအား အထက်ဖော်ပြပါနေရာများတွင် ရယူနိုင်ပြီး ယခုကြေငြာပြီး   (၁၄)ရက်အတွင်း နောက်ဆုံးထား၍ သုံးသပ်အကြံပြုချက်များကို  အထက်ပါနေရာများသို့ ပေးပို့နိုင်ပါသည်။

ဆက်သွယ်ရန် စက်ရုံမှူး ၀၉−၄၀၁၅၈၃၂၂၁

E-mail လိပ်စာ This email address is being protected from spambots. You need JavaScript enabled to view it.

 

 

 

ရွမ္းျပည္နယ္ဝန္ႀကီးခ်ဳပ္ ကြန္ဟိန္းၿမိဳ႕ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံ

ကြန္ဟိန္း ဇူလိုင္   −   ၁၂

165

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါလ်က္ ဇူလိုင္(၁၁)ရက္ နံနက္ပိုင္းက လၽွပ္စစ္ဓာတ္အားျဖန္႔ျဖဴးေရးလုပ္ငန္း ၃၃/၁၁ ေကဗြီ ၅ အမ္ဗြီေအ ကြန္ဟိန္း(ကာလိ) ဓာတ္အားခြဲ႐ုံ တည္ေဆာက္ေရးစီမံကိန္းသို႔ ဝင္ေရာက္ၾကည့္႐ႈ စစ္ေဆးခဲ့ေၾကာင္းသိရသည္။

ဆက္လက္၍ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ျပည္နယ္လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ ျပည္နယ္ အစိုးရအဖြဲ႕အတြင္းေရးမႉး၊ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ တာဝန္ရွိသူမ်ားသည္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာ ဘုန္းေတာ္ႀကီးေက်ာင္း၌ ေဒသခံျပည္သူမ်ားအတြက္ လိုအပ္ခ်က္မ်ားကို ျဖည့္ဆည္းေဆာင္႐ြက္ေပးရန္အတြက္ ေ႐ြ႕လ်ား ဝန္ေဆာင္မႈလုပ္ငန္းေဆာင္႐ြက္ေနမႈသို႔ ေရာက္ရွိလာၿပီးေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ကြန္ဟိန္း ၿမိဳ႕နယ္၊ ဝမ္ပန္ၿမိဳ႕ရွိ ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္မ်ား၊ ရင္ဖြင့္စကားသံမ်ား ၾကားနာရန္အတြက္ ေဒသခံျပည္သူမ်ားႏွင့္ လာေရာက္ေတြ႕ဆုံရျခင္းျဖစ္ေၾကာင္း ေျပာၾကားသည္။

ထို႔ေနာက္ ကြန္ဟိန္းၿမိဳ႕နယ္ ဝမ္ပန္ေက်း႐ြာရွိ ေဒသခံျပည္သူမ်ား၊ ရပ္မိရပ္ဖမ်ားမွ ေဒသ၏လိုအပ္ခ်က္ျဖစ္ေသာ အမႈိက္သယ္ယာဥ္၊ မီးသၿဂႋဳလ္စက္၊ လၽွပ္စစ္မီးပုံမွန္လင္းေရး၊ ၿမိဳ႕ေျမရပ္ကြက္အသစ္တိုးခ်ဲ႕ေရး၊ ပညာေရးအတြက္လိုအပ္လ်က္ ရွိေသာ ဆရာ၊ ဆရာမမ်ားရရွိႏိုင္ရန္ တင္ျပေဆြးေႏြးၾကရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ဝန္ႀကီးမ်ားႏွင့္ အစိုးရအဖြဲ႕ အတြင္းေရးမႉး၊ သက္ဆိုင္ရာဌာနမ်ားမွ က႑အလိုက္အသီးသီး ျပန္လည္ေျဖၾကားၾကၿပီး ေဒသခံျပည္သူမ်ား၏ လိုအပ္ခ်က္ မ်ားကို လာမည့္ဘ႑ာေရးႏွစ္အလိုက္ ျဖည့္ဆည္းေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသြားၾကသည္။

ယင္းေနာက္ ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ေဆာင္႐ြက္ၿပီးစီးေသာ ေမြးဖြားမႈပုံစံစာရင္း၊ လယ္ယာေျမပုံစံ(၇)၊ လၽွပ္စစ္အိမ္သုံး မီတာ၊ ႏိုင္ငံသားစိစစ္ေရးကတ္ျပား၊ ဘီးခြန္မ်ားတို႔ကို ေဒသခံျပည္သူမ်ားအား ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဥကၠ႒၊ ျပည္နယ္ဝန္ႀကီးမ်ား၊ အစိုးရအဖြဲ႕အတြင္းေရးမႉးႏွင့္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္တို႔မွ အသီးသီးေပးအပ္ခဲ့ၾကၿပီး ေ႐ြ႕လ်ားဝန္ေဆာင္မႈ၌ ဌာနအသီးသီးမွ လာေရာက္လုပ္ငန္းေဆာင္႐ြက္ေနမႈတို႔ကို လွည့္လည္ၾကည့္႐ႈအားေပးခဲ့ၾကေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ရှမ်းပြည်နယ်ဝန်ကြီးချုပ် ကွန်ဟိန်းမြို့ ရွေ့လျားဝန်ဆောင်မှု၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ကွန်ဟိန်း ဇူလိုင်   −   ၁၂

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ဇူလိုင်(၁၁)ရက် နံနက်ပိုင်းက လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကွန်ဟိန်း(ကာလိ) ဓာတ်အားခွဲရုံ တည်ဆောက်ရေးစီမံကိန်းသို့ ဝင်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများသည် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဒေသခံပြည်သူများအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးရန်အတွက် ရွေ့လျား ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်နေမှုသို့ ရောက်ရှိလာပြီးဒေသခံပြည်သူများနှင့်တွေ့ဆုံရာ ပြည်နယ်ဝန်ကြီးချုပ်က ကွန်ဟိန်း မြို့နယ်၊ ဝမ်ပန်မြို့ရှိ ဒေသခံပြည်သူများ၏ လိုအပ်ချက်များ၊ ရင်ဖွင့်စကားသံများ ကြားနာရန်အတွက် ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ကွန်ဟိန်းမြို့နယ် ဝမ်ပန်ကျေးရွာရှိ ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖများမှ ဒေသ၏လိုအပ်ချက်ဖြစ်သော အမှိုက်သယ်ယာဉ်၊ မီးသင်္ဂြိုလ်စက်၊ လျှပ်စစ်မီးပုံမှန်လင်းရေး၊ မြို့မြေရပ်ကွက်အသစ်တိုးချဲ့ရေး၊ ပညာရေးအတွက်လိုအပ်လျက် ရှိသော ဆရာ၊ ဆရာမများရရှိနိုင်ရန် တင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် အစိုးရအဖွဲ့ အတွင်းရေးမှူး၊ သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက်အသီးသီး ပြန်လည်ဖြေကြားကြပြီး ဒေသခံပြည်သူများ၏ လိုအပ်ချက် များကို လာမည့်ဘဏ္ဍာရေးနှစ်အလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသွားကြသည်။

ယင်းနောက် ရွေ့လျားဝန်ဆောင်မှု၌ ဆောင်ရွက်ပြီးစီးသော မွေးဖွားမှုပုံစံစာရင်း၊ လယ်ယာမြေပုံစံ(၇)၊ လျှပ်စစ်အိမ်သုံး မီတာ၊ နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဘီးခွန်များတို့ကို ဒေသခံပြည်သူများအား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများ၊ အစိုးရအဖွဲ့အတွင်းရေးမှူးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့မှ အသီးသီးပေးအပ်ခဲ့ကြပြီး ရွေ့လျားဝန်ဆောင်မှု၌ ဌာနအသီးသီးမှ လာရောက်လုပ်ငန်းဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

 

မိထၳီလာ- ေတာင္ႀကီး- က်ိဳင္းတုံ- တာခ်ီလိတ္လမ္းေပၚရွိ သံလြင္ျမစ္ကူးတံတား(တာေကာ္)ပႏၷက္ေတာ္တင္

 ကြန္ဟိန္း ဇူလိုင္-၁၁

164

ရွမ္းျပည္နယ္(ေတာင္ပိုင္း) လြိဳင္လင္ခ႐ိုင္၊ ကြန္ဟိန္းၿမိဳ႕နယ္၊ မိထၳီလာ-ေတာင္ႀကီး- က်ိဳင္းတုံ-တာခ်ီလိတ္လမ္းေပၚရွိ သံလြင္ျမစ္ကူးတံတား(တာေကာ္)ပႏၷက္ေတာ္တင္ျခင္းကို ဇူလိုင္(၁၁)ရက္နံနက္(၉)နာရီခြဲက အဆိုပါတံတားတည္ေဆာက္မည့္ေနရာ၌က်င္းပေၾကာင္းသိရသည္။ 

ရွမ္းျပည္နယ္အစိုးရအဖြဲ႕ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္က အသစ္တည္ေဆာက္မည့္ သံလြင္ တံတား (တာေကာ္)သည္ ရွမ္းျပည္နယ္(ေတာင္ပိုင္း)ႏွင့္(အေရွ႕ပိုင္း)ဆက္သြယ္ထားသည့္ မိထၳီလာ- ေတာင္ႀကီး- က်ိဳင္းတုံ- တာခ်ီလိတ္လမ္းမိုင္တိုင္အမွတ္(၂၈၃/၂ႏွင့္၂၈၃/၄)အတြင္း တည္ရွိသည့္ သံလြင္ျမစ္ကူး(တာေကာ္) တံတားအသစ္ ျပန္လည္တည္ေဆာက္ေရးစီမံကိန္းစတင္ႏိုင္ရန္အတြက္ ပႏၷက္ေတာ္တင္တြင္းေတာ္ဝန္း မဂၤလာအခမ္းအနားျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံႏွင့္အိမ္နီးခ်င္းႏိုင္ငံျဖစ္သည့္ တ႐ုတ္ျပည္သူ႕သမၼတႏိုင္ငံ၊ ထိုင္းႏိုင္ငံ လာအိုႏိုင္ငံမ်ားကို ဆက္သြယ္သြားႏိုင္သည့္ အာရွလမ္းမႀကီးႏွင့္ဆက္စပ္လၽွက္ရွိေၾကာင္း၊ ေဒသတြင္းမွ ထြက္ကုန္မ်ားသာမက ျမန္မာႏိုင္ငံ၏ေဒသအသီးသီးမွထြက္ကုန္မ်ားကိုပါ အိမ္နီခ်င္းႏိုင္ငံမ်ားသို႔ေပးပို႔ တင္သြင္းႏိုင္ျခင္းတို႔ေၾကာင့္ ႏိုင္ငံစီးပြားေရးအတြက္အဓိကအခ်က္အခ်ာၾကၿပီး ကုန္စည္မ်ားလ်င္ျမန္ေခ်ာေမြ႕စြာ ပို႔ေဆာင္ႏိုင္ေရးႏွင့္သယ္ယူပို႔ေဆာင္ကုန္က်စရိတ္မ်ား ေလ်ာ့က်ႏိုင္ေရးအတြက္ တန္(၄၀)အထက္ယာဥ္ႀကီးမ်ားမွာ အဆိုပါလမ္းေပၚတြင္ ျဖတ္သန္းသြားလာလၽွက္ရွိၿပီး လမ္းမႀကီးေပၚရွိတံတားမ်ားအား တန္(၆၀)ခံႏိုင္ဝန္ရွိေသာ တံတားမ်ားအျဖစ္သို႔အဆင့္ျမႇင့္တင္တည္ေဆာက္ျခင္းျဖစ္ေၾကာင္း ေျပာၾကားသြားသည္။ 

ဆက္လက္၍ ေဆာက္လုပ္ေရးဝန္ႀကီးဌာန၊ ျပည္ေထာင္စုဒုတိယဝန္ႀကီး ဦးေက်ာ္လင္းမွ လက္ရွိအသုံးျပဳ ေနေသာ သံလြင္ျမစ္ကူးတံတား(တာေကာ္)အေဟာင္း၏ ႀကံ႕ခိုင္မႈအေျခအေနႏွင့္အသစ္တည္ေဆာက္မည့္တံတား၏ ဆိုင္ရာအခ်က္အလက္မ်ားရွင္းလင္းေျပာၾကားသည္။ 

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕၊ ျပည္နယ္ဝန္ႀကီးခ်ဳပ္ ေဒါက္တာလင္းထြဋ္၊ ရွမ္းျပည္နယ္လႊတ္ေတာ္ ဥကၠ႒ ဦးစိုင္းလုံးဆိုင္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္သန္းလႈိင္၊ ဒုတိယဝန္ႀကီး ဦးေက်ာ္လင္း၊ ျပည္နယ္လမ္းပန္းဆက္သြယ္ေရးဝန္ႀကီး ဦးခြန္ရဲေထြး၊ တံတားဦးစီးဌာနမွ ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးေနေအာင္ရဲျမင့္၊ မိုင္းပ်ဥ္းမဲဆႏၷနယ္ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းထြန္းစိန္ႏွင့္ ကြန္ဟိန္းမဲဆႏၷနယ္ ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္ေဒၚ နန္းခင္ေစာတို႔က မဂၤလာအခ်ိန္တြင္ပႏၷက္ေတာ္မ်ား ႐ိုက္သြင္းေပးျခင္း၊ အေမႊးနံ႔သာေရမ်ားပက္ျဖန္းျခင္းမဂၤလာတို႔အားေဆာက္႐ြက္ခဲ့ၿပီး အမွတ္တရဓါတ္ပုံ႐ိုက္ကူးၾကေၾကာင္းသိရွိရသည္။ 

အဆိုပါသံလြင္ျမစ္ကူးတံတား(တာေကာ္)၏ တံတားသက္တမ္းမွာ(၄၅)ႏွစ္ခန္႔ၾကာျမႇင့္လာသည္ႏွင့္အမၽွ ယိုယြင္းပ်က္စီးမႈမ်ားရွိလာျခင္းေၾကာင့္ တံတားခံႏိုင္ဝန္အား(၂၄)တန္ထိေလၽွာ႔ခ်ခြင့္ျပဳထားသျဖင့္ ယာဥ္ႀကီးမ်ား အဆင္ေျပေခ်ာေမြ႕စြာျဖတ္သန္းသြားလာႏိုင္ရန္အတြက္ သံလြင္ျမစ္ကူးတံတား(တာေကာ္)အား တံတားခံႏိုင္ဝန္ တန္(၆၀)အထက္ရွိေသာ တံတားအသစ္တစ္စင္းျပန္လည္တည္ေဆာက္ေပးရန္ လိုအပ္လၽွက္ရွိေသာေၾကာင့္ ယခုတည္ေဆာက္မည့္တံအူေၾကာင္းသည္ တံတားေဟာင္းကြန္ဟိန္းဘက္ကမ္းတြင္ (၃၀)မီတာႏွင့္ မိုင္းပ်ဥ္း ဘက္ကမ္းတြင္(၂၀)မီတာအကြာတို႔တြင္ တံတားေပအရွည္(၃၅၁)မီတာျဖင့္တည္ေဆာက္မည္ျဖစ္ေၾကာင္းသိရသည္။ 

ေမာင္ေမာင္သန္း(ေတာင္ႀကီး) 09 250132943

(unicode)++++

မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင်

ကွန်ဟိန်း ဇူလိုင်-၁၁

ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင်၊ ကွန်ဟိန်းမြို့နယ်၊ မိထ္ထီလာ-တောင်ကြီး- ကျိုင်းတုံ-တာချီလိတ်လမ်းပေါ်ရှိ သံလွင်မြစ်ကူးတံတား(တာကော်)ပန္နက်တော်တင်ခြင်းကို ဇူလိုင်(၁၁)ရက်နံနက်(၉)နာရီခွဲက အဆိုပါတံတားတည်ဆောက်မည့်နေရာ၌ကျင်းပကြောင်းသိရသည်။ 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်က အသစ်တည်ဆောက်မည့် သံလွင် တံတား (တာကော်)သည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်(အရှေ့ပိုင်း)ဆက်သွယ်ထားသည့် မိထ္ထီလာ- တောင်ကြီး- ကျိုင်းတုံ- တာချီလိတ်လမ်းမိုင်တိုင်အမှတ်(၂၈၃/၂နှင့်၂၈၃/၄)အတွင်း တည်ရှိသည့် သံလွင်မြစ်ကူး(တာကော်) တံတားအသစ် ပြန်လည်တည်ဆောက်ရေးစီမံကိန်းစတင်နိုင်ရန်အတွက် ပန္နက်တော်တင်တွင်းတော်ဝန်း မင်္ဂလာအခမ်းအနားဖြစ်ကြောင်း၊ မြန်မာနိုင်ငံနှင့်အိမ်နီးချင်းနိုင်ငံဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ လာအိုနိုင်ငံများကို ဆက်သွယ်သွားနိုင်သည့် အာရှလမ်းမကြီးနှင့်ဆက်စပ်လျှက်ရှိကြောင်း၊ ဒေသတွင်းမှ ထွက်ကုန်များသာမက မြန်မာနိုင်ငံ၏ဒေသအသီးသီးမှထွက်ကုန်များကိုပါ အိမ်နီချင်းနိုင်ငံများသို့ပေးပို့ တင်သွင်းနိုင်ခြင်းတို့ကြောင့် နိုင်ငံစီးပွားရေးအတွက်အဓိကအချက်အချာကြပြီး ကုန်စည်များလျင်မြန်ချောမွေ့စွာ ပို့ဆောင်နိုင်ရေးနှင့်သယ်ယူပို့ဆောင်ကုန်ကျစရိတ်များ လျော့ကျနိုင်ရေးအတွက် တန်(၄၀)အထက်ယာဉ်ကြီးများမှာ အဆိုပါလမ်းပေါ်တွင် ဖြတ်သန်းသွားလာလျှက်ရှိပြီး လမ်းမကြီးပေါ်ရှိတံတားများအား တန်(၆၀)ခံနိုင်ဝန်ရှိသော တံတားများအဖြစ်သို့အဆင့်မြှင့်တင်တည်ဆောက်ခြင်းဖြစ်ကြောင်း ပြောကြားသွားသည်။ 

ဆက်လက်၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဒုတိယဝန်ကြီး ဦးကျော်လင်းမှ လက်ရှိအသုံးပြု နေသော သံလွင်မြစ်ကူးတံတား(တာကော်)အဟောင်း၏ ကြံ့ခိုင်မှုအခြေအနေနှင့်အသစ်တည်ဆောက်မည့်တံတား၏ ဆိုင်ရာအချက်အလက်များရှင်းလင်းပြောကြားသည်။ 

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ်၊ ရှမ်းပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဦးစိုင်းလုံးဆိုင်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သန်းလှိုင်၊ ဒုတိယဝန်ကြီး ဦးကျော်လင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးခွန်ရဲထွေး၊ တံတားဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးနေအောင်ရဲမြင့်၊ မိုင်းပျဉ်းမဲဆန္နနယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်နှင့် ကွန်ဟိန်းမဲဆန္နနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ် နန်းခင်စောတို့က မင်္ဂလာအချိန်တွင်ပန္နက်တော်များ ရိုက်သွင်းပေးခြင်း၊ အမွှေးနံ့သာရေများပက်ဖြန်းခြင်းမင်္ဂလာတို့အားဆောက်ရွက်ခဲ့ပြီး အမှတ်တရဓါတ်ပုံရိုက်ကူးကြကြောင်းသိရှိရသည်။ 

အဆိုပါသံလွင်မြစ်ကူးတံတား(တာကော်)၏ တံတားသက်တမ်းမှာ(၄၅)နှစ်ခန့်ကြာမြှင့်လာသည်နှင့်အမျှ ယိုယွင်းပျက်စီးမှုများရှိလာခြင်းကြောင့် တံတားခံနိုင်ဝန်အား(၂၄)တန်ထိလျှော့ချခွင့်ပြုထားသဖြင့် ယာဉ်ကြီးများ အဆင်ပြေချောမွေ့စွာဖြတ်သန်းသွားလာနိုင်ရန်အတွက် သံလွင်မြစ်ကူးတံတား(တာကော်)အား တံတားခံနိုင်ဝန် တန်(၆၀)အထက်ရှိသော တံတားအသစ်တစ်စင်းပြန်လည်တည်ဆောက်ပေးရန် လိုအပ်လျှက်ရှိသောကြောင့် ယခုတည်ဆောက်မည့်တံအူကြောင်းသည် တံတားဟောင်းကွန်ဟိန်းဘက်ကမ်းတွင် (၃၀)မီတာနှင့် မိုင်းပျဉ်း ဘက်ကမ်းတွင်(၂၀)မီတာအကွာတို့တွင် တံတားပေအရှည်(၃၅၁)မီတာဖြင့်တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။ 

မောင်မောင်သန်း(တောင်ကြီး) 09 250132943

 

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) (တတိယေန႔)က်င္းပ

ေတာင္ႀကီး ဇူလိုင္   -   ၁၀

163

ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) (တတိယေန႔)ကို ၂၀၁၉ခုႏွစ္ ဇူလိုင္လ (၁၀) ရက္ နံနက္(၁၀)နာရီအခ်ိန္က ရွမ္းျပည္နယ္လႊတ္ေတာ္ အစည္းအေဝးခန္းမ၌က်င္းပရာ ျပည္နယ္ဝန္ႀကီးခ်ဳပ္၊ ျပည္နယ္ လႊတ္ေတာ္ဥကၠ႒၊ ျပည္နယ္တရားလႊတ္ေတာ္ တရားသူႀကီးခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ဒုတိယဥကၠ႒၊ ျပည္နယ္ ဥပေဒခ်ဳပ္၊ ျပည္နယ္စာရင္းစစ္ခ်ဳပ္၊ ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၊ တပ္မေတာ္သား ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ႏွင့္ေလ့လာသူမ်ား တက္ေရာက္ၾကသည္။

အစည္းအေဝးတြင္ ျပည္နယ္လႊတ္ေတာ္႐ုံး ၫႊန္ၾကားေရးမႉးဦးလွမ်ိဳးက အခမ္းအနားမႉးအျဖစ္ေဆာင္႐ြက္သည္။

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က အစည္းအေဝးတြင္တက္ေရာက္ခြင့္ရွိသူ လႊတ္ေတာ္ကိုယ္စားလွယ္ (၁၄၀)ဦး ရွိသည့္အနက္ ခြင့္ပန္ၾကားသူ(၂၀)ဦးရွိၿပီး အစည္းအေဝးသို႔ (၁၂၀)ဦးတက္ေရာက္သျဖင့္ (၈၅.၇၁)% ရွိေသာေၾကာင့္ အစည္းအေဝး အထေျမာက္ေၾကာင္းႏွင့္ (တတိယေန႔)အစည္းအေဝး စတင္က်င္းပေၾကာင္းေၾကညာပါသည္။

ဆက္လက္၍ အစည္းအေဝးမတက္ေရာက္ႏိုင္ေသာ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ (၂၀)ဦးတို႔အတြက္ ျပည္နယ္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား စိစစ္ေရးေကာ္မတီဥကၠ႒၊ နမ့္စန္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၁) ျပည္နယ္လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးလင္းေအာင္ေဆြက ခြင့္ပန္ၾကားၿပီး ျပည္နယ္လႊတ္ေတာ္မွ သေဘာတူေၾကာင္းႏွင့္ အစည္းအေဝး အထေျမာက္ေၾကာင္းကို လႊတ္ေတာ္မွအတည္ျပဳေၾကာင္း ေၾကညာပါသည္။

ထို႔ေနာက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွတင္သြင္းခဲ့ေသာ ၂၀၁၉-၂၀၂၀ခု၊ ဘ႑ာေရးႏွစ္ ရွမ္းျပည္နယ္၏ ရသုံးခန္႔မွန္းေျခ ေငြစာရင္းမ်ားတြင္ ျပည္ေထာင္စုမွ ထပ္မံေထာက္ပံ့ေငြျဖင့္ ေဆာင္႐ြက္မည့္ လုပ္ငန္းစာရင္းမ်ားႏွင့္ စပ္လ်ဥ္း၍ မိုင္းပ်ဥ္း ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္(၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးစိုင္းလွဝင္းက ေဆြးေႏြးသုံးသပ္ အႀကံျပဳျခင္း၊ ရွမ္းျပည္နယ္ လႊတ္ေတာ္ေဒသႏၲရစီမံကိန္းႏွင့္ ဘ႑ာေငြအရအသုံးဆိုင္ရာ စိစစ္ေရးေကာ္မတီ ဥကၠ႒၊ တာခ်ီလိတ္ၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ (၂) ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးခင္ေမာင္တင့္က  သုံးသပ္အႀကံခ်က္အစီရင္ခံစာ ဖတ္ၾကားတင္ျပျခင္း၊ ျပည္နယ္စီမံကိန္း ႏွင့္ဘ႑ာေရးဝန္ႀကီး ဦးစိုးၫြန္႔လြင္မွ ျပန္လည္ေဆြးေႏြးရွင္းလင္းၿပီးေနာက္ အတည္ျပဳေပးႏိုင္ပါရန္ လႊတ္ေတာ္သို႔တင္ျပၿပီး လႊတ္ေတာ္၏ အဆုံးအျဖတ္ရယူခဲ့ရာ လႊတ္ေတာ္ကသေဘာတူသျဖင့္ အတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္ဥကၠ႒ကေၾကညာ သည္။ 

၎ေနာက္ ျပည္နယ္လႊတ္ေတာ္ဥကၠ႒က ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး(၁/၂၀၁၉) ေဆာင္႐ြက္ခ်က္မ်ားအပါအဝင္ လႊတ္ေတာ္လုပ္ငန္းဆိုင္ရာမ်ားအား ရွင္းလင္းတင္ျပခဲ့ပါသည္။

ယင္းေနာက္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉) (တတိယေန႔)အစီအစဥ္ ၿပီးစီး ေၾကာင္းႏွင့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္ အထူးအစည္းအေဝး (၁/၂၀၁၉)အစည္းအေဝးကို (၁၁:၀၀)နာရီတြင္ ၿပီးေျမာက္ေၾကာင္း သိရွိရသည္။

ေမာင္ေမာင္သန္း(ေတာင္ႀကီး)

09-250132943

unicode+++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (တတိယနေ့)ကျင်းပ

တောင်ကြီး ဇူလိုင်   -   ၁၀

ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (တတိယနေ့)ကို ၂၀၁၉ခုနှစ် ဇူလိုင်လ (၁၀) ရက် နံနက်(၁၀)နာရီအချိန်က ရှမ်းပြည်နယ်လွှတ်တော် အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ တပ်မတော်သား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ နှင့်လေ့လာသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်နယ်လွှတ်တော်ရုံး ညွှန်ကြားရေးမှူးဦးလှမျိုးက အခမ်းအနားမှူးအဖြစ်ဆောင်ရွက်သည်။

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးတွင်တက်ရောက်ခွင့်ရှိသူ လွှတ်တော်ကိုယ်စားလှယ် (၁၄၀)ဦး ရှိသည့်အနက် ခွင့်ပန်ကြားသူ(၂၀)ဦးရှိပြီး အစည်းအဝေးသို့ (၁၂၀)ဦးတက်ရောက်သဖြင့် (၈၅.၇၁)% ရှိသောကြောင့် အစည်းအဝေး အထမြောက်ကြောင်းနှင့် (တတိယနေ့)အစည်းအဝေး စတင်ကျင်းပကြောင်းကြေညာပါသည်။

ဆက်လက်၍ အစည်းအဝေးမတက်ရောက်နိုင်သော ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၂၀)ဦးတို့အတွက် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များ စိစစ်ရေးကော်မတီဥက္ကဋ္ဌ၊ နမ့်စန်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးလင်းအောင်ဆွေက ခွင့်ပန်ကြားပြီး ပြည်နယ်လွှတ်တော်မှ သဘောတူကြောင်းနှင့် အစည်းအဝေး အထမြောက်ကြောင်းကို လွှတ်တော်မှအတည်ပြုကြောင်း ကြေညာပါသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှတင်သွင်းခဲ့သော ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်၏ ရသုံးခန့်မှန်းခြေ ငွေစာရင်းများတွင် ပြည်ထောင်စုမှ ထပ်မံထောက်ပံ့ငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းစာရင်းများနှင့် စပ်လျဉ်း၍ မိုင်းပျဉ်း မြို့နယ် မဲဆန္ဒနယ်အမှတ်(၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလှဝင်းက ဆွေးနွေးသုံးသပ် အကြံပြုခြင်း၊ ရှမ်းပြည်နယ် လွှတ်တော်ဒေသန္တရစီမံကိန်းနှင့် ဘဏ္ဍာငွေအရအသုံးဆိုင်ရာ စိစစ်ရေးကော်မတီ ဥက္ကဋ္ဌ၊ တာချီလိတ်မြို့နယ် မဲဆန္ဒနယ်အမှတ် (၂) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က  သုံးသပ်အကြံချက်အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ ပြည်နယ်စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွန့်လွင်မှ ပြန်လည်ဆွေးနွေးရှင်းလင်းပြီးနောက် အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ရယူခဲ့ရာ လွှတ်တော်ကသဘောတူသဖြင့် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌကကြေညာ သည်။ 

၎င်းနောက် ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး(၁/၂၀၁၉) ဆောင်ရွက်ချက်များအပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉) (တတိယနေ့)အစီအစဉ် ပြီးစီး ကြောင်းနှင့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော် အထူးအစည်းအဝေး (၁/၂၀၁၉)အစည်းအဝေးကို (၁၁:၀၀)နာရီတွင် ပြီးမြောက်ကြောင်း သိရှိရသည်။

မောင်မောင်သန်း(တောင်ကြီး)

09-250132943

Subcategories

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 60 guests and no members online