သတင်းထုတ်ပြန်ချက်

http://friendsmyanmar.ning.com တွင်ဖော်ပြထားသည့် '' မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူချိန်ကိုက်ဗုံး ဖြစ်နေသည့် ကလောပလာဇာ'' ဆိုသောဖော်ပြချက်အပေါ်ရှင်းလင်းချက်

http://friendsmyanmar.ning.com  တွင်ဖော်ပြထားသည့် '' မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူချိန်ကိုက်ဗုံး ဖြစ်နေသည့် ကလောပလာဇာ'' ဆိုသောဖော်ပြချက်အပေါ်ရှင်းလင်းချက်

 

တောင်ကြီး မတ် ၂၆

 

၁။    ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်အောင် သည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ အတွင်းရေးမှူးဖြစ်သကဲ့သို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးလည်းဖြစ်ပါသည်။
၂။    '' မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူ ချိန်ကိုက်ဗုံးဖြစ်နေသည့် ကလောပလာဇာ'' ဟူသောဖော်ပြချက်သည် အခြေအမြစ်မရှိသော ဖော်ပြချက်များဖြစ်သကဲ့သို့တစ်ဖက်တွင်လည်း ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို မမှန်မကန်သတင်းလွှင့် ဖော်ပြလျက် ပြည်သူလူထု အထင်အမြင်လွှဲမှားအောင်၊ အထူးသဖြင့် လတ်တလောဖြစ်ပေါ်နေသော နိုင်ငံအတွင်း မတည်မငြိမ်မှုများနည်းတူ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင်လည်း မတည်မငြိမ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်ပြီး မမှန်မကန်လုပ်ကြံဖန်တီး သည်ဟုသုံးသပ်ပါသည်။
၃။    သို့ဖြစ်ပါ၍ ၂၄-၃-၂၀၁၃ ရက်နေ့က http://friendsmyanmar.ning.com တွင်ဖော်ပြထား သော '' မိတ္ထီလာမှာ ဗုဒ္ဗဘာသာနဲ့ မွတ်ဆလင် ဖြစ်သကဲ့သို့ တောင်ကြီးမြို့တွင်လည်း အလားတူ ချိန်ကိုက်ဗုံးဖြစ်နေသည့် ကလောပလာဇာ'' ဟူသောဖော်ပြချက်သည် ရှမ်းပြည်နယ်အတွင်း မတည်မငြိမ် ဖြစ်ပေါ်စေရေးအတွက် ရည်ရွယ်၍ဖော်ပြခြင်းသာဖြစ်ပါကြောင်း ပြည်သူလူထုသိရှိ နိုင်ရန် ပြန်လည်ရှင်းလင်း ဖော်ပြအပ်ပါသည်။

 

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

palayရှမ်းပြည်နယ်(တောင်ပိုင်း) ရပ်စောက်နှင့် ကလောမြို့နယ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်ဆန်၊ နမ့်ခမ်း၊ မန်တုံ၊ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

We have 80 guests and no members online

Latest Updates