သတင်းထုတ်ပြန်ချက်

ကွန်ဟိန်းမြို့ ဓာတ်အားပို့လွှတ်ဖြန့်ဖြူးပြီးစီး

တောင်ကြီး     သြဂုတ် - ၂

   လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အား မရရှိ သေးသည့် ဒေသများသို့ လျှပ်စစ်ဓာတ်အားပို့လွှတ်ဖြန့်ဖြူးနိုင်ရေး ကြိုးပမ်းဆောင်ရွက် လျက်ရှိရာ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၆၆ကေဗွီ ခိုလန်-ကွန်ဟိန်း ဓာတ်အားလိုင်းနှင့် ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်းဓာတ်အားခွဲရုံတို့အား ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် စတင်တည်ဆောက်ပါသည်။

   (၂၆-၇-၂၀၁၄)ရက်နေ့တွင် ၆၆ကေဗွီ ခိုလန် - ကွန်ဟိန်းဓာတ်အားလိုင်းမှ ၆၆/၁၁ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်း ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်ခဲ့ပြီး ဓာတ်အားကောင်းစွာရရှိသဖြင့် (၂၇-၇-၂၀၁၄)ရက်နေ့တွင် ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ၀.၄ ကေဗွီ ဓာတ်အားလိုင်းမှ တစ်ဆင့် ဓာတ်အား ကောင်းမွန် တည်ငြိမ်စွာ ဖြန့်ဖြူးပေးနိုင် ပါသည်။

   သို့ဖြစ်ပါ၍ ၆၆/၁၁ ကေဗွီ၊ ၅အမ်ဗွီအေ ကွန်ဟိန်းဓာတ်အားခွဲရုံမှ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နှင့် အနီးပတ်ဝန်းကျင်ဒေသများသို့ ဓာတ်အားကောင်းမွန်စွာ ဖြန့်ဖြူးထားပါကြောင်း သိရှိရသည်။

 

                                                                                                                                                                  လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

myaung-ziရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းခတ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်(ခိုလမ်)မြို့နယ်များတွင် အများဆုံး နေထိုင်ကြပါသည်။

We have 36 guests and no members online