သတင်းထုတ်ပြန်ချက်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့်မြေငှားဂရန်ထုတ်ပေးရေးလုပ်ငန်းနှင့် သက်ဆိုင်သည့် လိုအပ်သည့်ပုံစံများ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များ

၁။ လိုအပ်သည့်ပုံစံများ

  (က) မူရင်းလျှောက်လွှာ(တံဆိပ်ခေါင်းကပ်ပြီး)

(၁) လျှောက်ထားသူ၏ အမည်၊ နေရပ်၊ အလုပ်အကိုင်၊

( ၂) လျှောက်ထားသည့် မြေတည်ရှိရာ ရပ်ကွက်၊ လမ်း၊

( ၃) မြေကွက်၏နယ်နိမိတ်နှင့် လားရာ၊

(၄) ဆောက်လုပ်မည့်အဆောက်အဦအရွယ်အစား၊ အမျိုးအစား၊

(၅) အငှားဂရန် ရလိုကြောင်း ဖော်ပြချက်။

( ခ) မြေစာရင်းဦးစီးဌာနမှလက်မှတ်ရေးထိုးပြီး တံဆိပ်ခေါင်းကပ်ထားသည့် မြေစာရင်းပုံစံ (၁၀၅)  (မူရင်း) (၂) စောင် ၊ မြေစာရင်းပုံစံ (၁၀၆) (၁) စောင်၊

( ဂ) ပိုင်ဆိုင်မှု အထောက်အထားစာရွက်စာတမ်းများ (ဥပမာ - မြေပေးမိန့်၊ စာချုပ်စာတမ်း မှတ်ပုံတင်ထားသည့်အရောင်းအဝယ်စာချုပ်----------စသည်) 

(ဃ) ဆောက်လုပ်ပြီး (သို့မဟုတ်) ဆောက်လုပ်မည့် အဆောက်အဦပုံစံ(သို့)  အဆောက်အဦ ဓါတ်ပုံ (ရှေ့မြင်/ဘေးမြင်)  (၂)စုံ

( င) သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်

( စ) လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူ/အိမ်ထောင်စုဇယားမိတ္တူ

ဂရန်အမည်ပြောင်း/ ခွဲစိတ်ခြင်းဖြစ်ပါက ရောင်းသူ/ဝယ်သူ/ပေးကမ်းသူ/လက်ခံသူတို့၏ မှတ်ပုံတင်/ အိမ်ထောင်စုဇယားမိတ္တူ

 

 ၂။ လုပ်ငန်းစဉ် (အထက်မြန်မာပြည်မြေနှင့်အခွန်နည်းဥပဒေ-၆၈၊ အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများ နည်းဥပဒေအပိုဒ် -၂ ၊ ၃ တို့အရ)

(က) အထက်အပိုဒ်ခွဲ (က)ပါအချက်အလက်ပြည့်စုံစွာဖြင့် ခရိုင်အုပ်ချုပ်ရေးမှူးထံ လျှောက်ထားရန်၊

( ခ) လျှောက်ထားမှုအား လက်ခံရရှိပါက ခရိုင်အုပ်ချုပ်ရေးမှူးက အမှုတွဲဖွင့်လှစ်ခြင်း၊

( ဂ) အမှုတွဲဖွင့်လှစ်ပြီး လိုအပ်သည်များ ဆက်လက်ဆောင်ရွက်နိုင်ရန် လက်ထောက် ကော်လိတ္တော်အရာရှိ (မြို့နယ်အုပ်ချုပ်ရေးမှူးထံ အမှုတွဲလွှဲပြောင်းပေးပို့ခြင်း)

(ဃ) လက်ထောက်ကော်လိတ္တော်အရာရှိ (မြို့နယ်အုပ်ချုပ်ရေးမှူး)မှ လျှောက်ထားမြေနှင့် ပတ်သက်သည့် အောက်ပါအချက်အလက်များအား စိစစ်တင်ပြရန် မြို့နယ်မြေစာရင်းဦးစီး ဌာနသို့ အမှုတွဲလွှဲပြောင်းပေးပို့ခြင်း-

(၁) မြေရာဇဝင်ကိုဖော်ပြရန်၊

(၂) လျှောက်ထားသောမြေသည် အစိုးရမှ ချထားပေးပိုင်ခွင့်ရှိသောမြေ ဟုတ်/မဟုတ်နှင့် အခြားမြေပေါ်သို့ ကျူးကျော်မှု ရှိ/မရှိ၊

(၃) လျှောက်ထားမြေကို အခြားမည်သူက မြေပုံကူးယူ၍ ဂရန်လျှောက်ထားခြင်း ရှိ/မရှိ၊ ရှိပါက ဂရန်အမှုတွဲအမှတ်နှင့်ဖော်ပြရန်၊

(၄) လျှောက်ထားသောမြေကို မည်သူအား ဂရန်ထုတ်ပေးခဲ့ခြင်း ရှိ/မရှိနှင့် ရှိပါက ဂရန်သက်တမ်းနှင့် ကုန်ဆုံးမည့်နေ့ရက် အမှုတွဲနံပါတ်ကိုဖော်ပြရန်၊

(၅) လျှောက်ထားသောမြေပေါ်တွင် အဆောက်အဦ ရှိ/မရှိ၊ ရှိပါက မည်သို့အသုံးပြု ထားကြောင်း၊

(၆) လျှောက်ထားမြေကို မြို့မြေငှားခွန်စည်းကြပ်လျှင် ကျသင့်မည့်အခွန်ကို တွက်ချက် ဖော်ပြပေးရန် (ရှမ်းပြည်နယ်အစိုးရအဖွဲ့)မှ အတည်ပြုသတ်မှတ်ထားသည့် နှုန်းထား အတိုင်း (၁)ဧကရောင်းစျေးပေါ်မူတည်တွက်ချက်ပေးရန်)

( င) မြို့နယ်မြေစာရင်းဦးစီးဌာနသို့ အမှုတွဲပေးပို့ထားစဉ်အတွင်း လျှောက်ထားမြေနှင့်စပ်လျဉ်း၍ ကန့်ကွက်လိုသူများရှိပါက အထောက်အထား အကျိုးအကြောင်းဖော်ပြလျှက် ကန့်ကွက် နိုင်ကြောင်း၊ အနည်းဆုံး (၁၅)ရက်ထက်မနည်းကြော်ငြာခြင်း၊

( စ) ကန့်ကွက်လွှာ ခေါ်ယူသည့်ရက်ကုန်ဆုံးပြီးနောက် ကန့်ကွက်သူ (ရှိလျှင်)၊  လျှောက်ထားသူ/ ပတ်ဝန်းကျင်တွင်နေထိုင်သူ/ အခြားစစ်ဆေးရန်လိုအပ်သူများကိုစစ်ဆေးခြင်း၊ 

(ဆ) မြို့နယ်အုပ်ချုပ်ရေးမှူးမှ လျှောက်ထားမြေပေါ်သို့ မြေစာရင်းဦးစီးဌာနမှ မြေတိုင်းစာရေး နှင့်အတူ ကွင်းဆင်း၍ လျှောက်ထားသူနှင့် စစ်ဆေးရန်လိုအပ်သူများကို စစ်ဆေးပြီးနောက် ကွင်းဆင်းစစ်ဆေးချက်အစီရင်ခံစာ၊ သဘောထားမှတ်ချက်နှင့်အတူ ခရိုင်အုပ်ချုပ်ရေးမှူး ထံ အမှုတွဲ ဆက်လက်တင်ပြခြင်း၊

( ဇ) ခရိုင်အုပ်ချုပ်ရေးမှူးမှ အမှုတွဲလက်ခံရရှိပါက လျှောက်ထားမြေပေါ်သို့ ကိုယ်တိုင်ကွင်းဆင်း စစ်ဆေးပြီး ဂရန် (သို့) မြေငှားလိုင်စင်ထုတ်ပေးရေး ဆုံးဖြတ်ချက်ချမှတ်ခြင်း၊

( စျ) မြေတစ်ကွက်တည်းအား လျှောက်ထားသူတစ်ဦးထက်ပိုသည့်ကိစ္စ (သို့) ခိုင်လုံသောအထောက် အထားများဖြင့် ကန့်ကွက်သည့် ကိစ္စများတွင်မည်သူအား ခွင့်ပြုမည်ဖြစ်ကြောင်း(သို့) ခွင့်မပြုကြောင်း ဆုံးဖြတ်ချက်ချမှတ်ခြင်း၊  အရှပ်အရှင်းဖြစ်ပေါ်နိုင်သည့် ကိစ္စများတွင် သဘောထားမှတ်ချက်ဖြင့် အဆင့်ဆင့်တင်ပြခြင်း၊

၃။ အခွင့်အာဏာ

(က) မြေငှားဂရန်လျှောက်ထားသည့်ဧရိယာ (၁)ဧကအောက်ဖြစ်ပါက သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေး မှူးမှ ခွင့်ပြုခြင်း၊

( ခ) တစ်ဧကမှ (၅)ဧကအထိ လျှောက်ထားလာပါက ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ရယူ၍ ခွင့်ပြုခြင်း၊

(ဂ) (၅)ဧကအထက်ကျော်လွန်ပါက သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သဘောထားမှတ်ချက်ရယူ၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်၏ ခွင့်ပြုချက် ရယူဆောင်ရွက်ခြင်း၊

၄။ အယူခံဝင်ရောက်ခြင်း

မြေငှားဂရန်ထုတ်ပေးခြင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးမှူး၏ ဆုံဖြတ်ချက်အပေါ် ကျေနပ်မှု မရှိပါက ခရိုင်အုပ်ချုပ်ရေးမှူးမှ ဆုံဖြတ်ချက်ချမှတ်သည့်ရက်မှစ၍ အထက်မြန်မာပြည်တွင် ရက်ပေါင်း (၆၀)အတွင်း၊ အောက်မြန်မာပြည်တွင် ရက်ပေါင်း (၉၀)အတွင်း တိုင်းဒေသကြီး/ ပြည်နယ် အုပ်ချုပ်ရေးမှူးထံသို့လည်းကောင်း၊ တိုင်း ဒေသကြီး/ ပြည်နယ်အုပ်ချုပ်ရေးမှူး၏ဆုံးဖြတ်ချက်ကို ကျေနပ်မှုမရှိပါက ဆုံးဖြတ်ချက်ချမှတ်ပြီးချိန်မှ ရက်ပေါင်း (၉၀) အတွင်း အထွေထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံသို့လည်းကောင်း အယူခံဝင်ရောက်နိုင်ပါသည်။

ရှမ်းပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန

တောင်ကြီးမြို့

 

မူလသို့

အစိုးရအဖွဲ့

သတင်းများ

ဆက်သွယ်ရန်

တိုင်းရင်းသား လူမျိုးများ

ပင်လောင်းမြို့နယ်၊ ဟိုပုံးမြို့နယ်(စကားဒေသ)၊ ဆီဆိုင်မြို့နယ်(နမ့်ခုတ်၊ ဘန်းယဉ်)၊  လွိုင်လင်မြို့နယ် (မိုင်းပွန်၊ ပင်လုံ)၊ မိုင်းရှူး၊ မိုင်းနောင်၊ မိုင်းပန်၊ လင်းခေး၊ လဲချား၊ မိုးနဲ၊ ကျေးသီး၊ လားရှိုး၊ ပန်ယန်း၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ခမ်း၊ မူဆယ်၊ သီပေါ၊ ကျောက်မဲ၊ သိန္နီ၊ မိုင်းရယ်၊ တန့်ယန်း၊ မိုးမိတ်၊ မဘိမ်း၊ နောင်ချို၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းဆတ်နှင့် မိုင်းပြင်းမြို့နယ်များတွင် အများဆုံး နေထိုင်ကြသည်။

 

We have 32 guests and no members online